နောက်တစ်ခါမကြုံချင်လောက်အောင် ဆိုးရွားလွန်းတဲ့ အဖြစ်ဆိုးနဲ့ တည့်တည့်တိုးခဲ့ကြသူများ (ဓာတ်ပုံ ၂၇ ပုံ)

မင်္ဂလာပါ။ တီထွင်ဖန်တီးသူတစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ သောမတ်အက်ဒီစင်ရဲ့ပြောကြားချက်အရဆို ကျရှံးတာမဟုတ်ပါဘူး.မအောင်မြင်နိုင်တဲ့ နည်းလမ်းပေါင်း တစ်သောင်းကို ရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ တစ်ခါတစ်လေ ကျရှုံးမှုတွေကြောင့် နာကျင်ရနိုင်ပေမယ့် သောမက်အက်ဒီဆင်လိုသာ တွေးခေါ်မယ်ဆိုရင်တော့ ကျရှုံးမှုလေးတွေက အသေးစားလေးတွေပါပဲ။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေဟာ ကျရှုံးမှု အသေးစားလေးတွေပဲဆိုပေမယ့် လူတိုင်းနီးပါး ကိုယ်ချင်းစာနိုင်မယ့် နာကျင်မှုတွေပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်က နာကျင်ပေါင်းစုံကိုမြင်တွေ့နိုင်မယ့် ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)

ကိုယ်ပထမဆုံးချက်ပြီး အောင်မြင်သွားတဲ့ အစားအသောက်ကို မှတ်တမ်းတင်နေတာလေ…

အခုတော့ မှောက်ကျသွားရလားလို့

(၂)

အရသာအရှိဆုံးနေရာမှ ကွက်ပြီး ပျက်စီးသွားရတယ်လို့နော်။

(၃)

ကိုယ်တိုင်ဖန်တီးထားတဲ့ ဂန္တဝင်မြောက်လက်ရာလေး

လွတ်ကျ ပျက်စီးသွားတဲ့ အခါ ခံစားရနိုင်မယ့် နာကျင်မှု..

(၄)

စတိတ်ခ် ကောင်းကောင်းလေး စားချင်တယ်ဆိုပြီး

ကိုယ်တိုင် လက်တည့်မစမ်းဖို့အတွက် အကြံပြုချင်ပါတယ်။

အခုလိုဖြစ်သွားမှာစိုးလို့ပါ။

(၅)

အာဝုအတွက်တော့ တစ်ခါတည်းနဲ့

သင်ခန်းစာရသွားနိုင်မယ့် တိုက်ခိုက်မှုပါပဲ။

(၆)

မောမောပန်းပန်းနဲ့ အိမ်ပြန်ရောက်လာပြီးနောက်ပိုင်း သော့တံက ကျိုးပြီး

သော့ခလောက်ထဲ ကျန်ရစ်ခဲ့တဲ့ကိစ္စလောက်မျိုးလောက် စိတ်ပင်ပန်းစရာ မရှိတော့ဘူးထင်ပါတယ်။

(၇)

ဒီအခန်းထဲမှာ လူသတ်မှုတွေ ဘာတွေဖြစ်သွားတာ မဟုတ်ရပါဘူး။

ပါစတာအနှစ်ဘူးပြုတ်ကျပြီး အခုလို ညစ်ပတ်သွားတာပဲဖြစ်ပါတယ်။

(၈)

ပေါင်ချိန်စက်က အစိတ်စိတ်အမွှာမွှာတောင် ကွဲကြေသွားရတယ်ဆိုတော့

သူတို့ ပေါင်ချိန်လိုက်တာက ဆင်ကိုများလား

(၉)

ဟင်းမချက်တတ်တဲ့ သူတစ်ယောက်ကို မီးဖိုချောင်ထဲ ခိုင်းလိုက်မိရင်

နောက်ဆက်တွဲဘယ်လိုတွေ ဖြစ်နိုင်လဲ ဓာတ်ပုံကိုသာ ကြည့်လိုက်ပါတော့နော်။

(၁၀)

ပထမဦးဆုံး ကိုယ်တိုင်ဖျော်ရည်ဖျော်ဖူးတာဖြစ်ပြီး

နောက်ဆုံးအကြိမ်လို့လည်းပြောလို့ရပါတယ်။

(၁၁)

မီးအပူတွေနဲ့ကော်ပစ္စည်းတွေကို ဘယ်တော့မှ

သတိလက်လွတ်မထားပါနဲ့နော်။

(၁၂)

ချောကလက် ကိတ်ဒီဇိုင်း ဖော်ရာမှာ

အတော်ဆုံးလို့ပဲ ပြောရမလား

(၁၃)

မီးဖိုချောင်တစ်ခုပဲ ကွက်ပြီး မုန်တိုင်းဝင်သွားလို့ပါနော်..

အထင်မလွဲကြပါနဲ့။

(၁၄)

ဒီဓာတ်ပုံမှာ ဘာတွေဖြစ်သွားတယ်ဆိုတာကို ခန့်မန်းနိုင်မှာပါ။

(၁၅)

ဒါတွေအပေါ် တက်နင်းမိရင် ခြေထောက်တွေနာလိုက်မယ့်ဖြစ်ခြင်း

ပိုဆိုးတာက သိမ်းရမယ့်လူတော့ အလုပ်တွေရှုပ်နေမှာ။

(၁၆)

ညစာက ကျက်ပြီ..ဒါပေမယ့် မှောက်သွားလို့

အပြင်စာပဲ ဝယ်စားလိုက်ကြရအောင်နော်။

(၁၇)

သေချာတာကတော့ ကောင်မလေးနှစ်ယောက်က အိမ်မပိုင်လို့ ခိုးထွက်တာပဲ…

အိမ်မပိုင်တဲ့သူတွေ ကောင်းကောင်းနားလည်နိုင်မယ့် ဓာတ်ပုံ

(၁၈)

လူတွေအများကြီးဝိုင်းကြည့်နေတဲ့အချိန်မှာမှ ဖြစ်ရလားဟယ်။

(၁၉)

လှေကားကနေ ပြုတ်ကျတာတောင် ရိုးရိုးမဟုတ်ဘူး….

ဇောက်ထိုးကိုကျတော့တာပဲ။

(၂၀)

ကော်ဖီခွက်လည်း မှောက်သွားသလို တော်တော်လေးလည်း

အီစိမ့်သွားမှာ သေချာတယ်။

(၂၁)

ချက်ကောင်းကိုမှ လာထိရလားလို့…

(၂၂)

အလကား ဖြစ်သွားရတဲ့ ဝိုင်ကိုပဲ နှမြောရမလား….

ခေါင်းထိသွားတဲ့ သူ့ကိုပဲ သနားရမလား…

(၂၃)

အရှေ့ကစုံတွဲကိုပဲ ကြည့်မနေနဲ့နော်…

လှေကားကိုသာ ကြည့်လိုက်ပါတော့။

(၂၄)

အရေးတကြီးသွားစရာရှိလို့ …

ကားလိုအပ်နေပါတယ်ဆိုမှ…

(၂၅)

အမျိုးသမီးတိုင်း ကိုယ်ချင်းစာနိုင်တဲ့

နာကျင်မှုမျိုး

(၂၆)

တိုက်ဆိုင်တတ်လေခြင်းနော်..

ရဲကားကိုမှ အနောက်ကနေ အရှိန်နဲ့ ဆောင့်ရတယ်လို့..

(၂၇)

အချိန်တွေကိုသာ နောက်ပြန်ဆုတ်ခွင့်ရမယ်ဆိုရင်…

ပိုက်ဆံတွေမပြဲသွားအောင် စာအိတ်ကို ဂရုတစိုက်ဖောက်မှာပါ။

ပရိသတ်တွေရော အခုလိုမျိုးဟာသဆန်ဆန် တလွဲတွေ ကိုယ်တိုင်လုပ်မိဖူးလား။ ကိုယ့်ရဲ့ အဖြစ်အပျက်လေးတွေကိုလည်းမျှဝေပေးခဲ့ကြပါအုံး

Ref:Brightside

  • Leave a Comment

Categories