လက်မထပ်ရသေးပဲ ချစ်သူကောင်လေးကို ဘဝတစ်ခုလုံးပုံအပ်ခဲ့ရာမှ ကိုယ်ဝန်ရှိချိန်တွင် တာဝန်မယူပဲ ထားသွားခြင်းကို ခံလိုက်ရပေမယ့် သမီးလေးကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးနေသည့် မိခင်တစ်ဦး

မိန်းကလေးတိုင်းရဲ့ဘဝသည် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှသာလျှင် တစ်ပါးသူအတွက် မထိပါးရဲပဲ တန်ဖိုးရှိနေမည်ဖြစ်ပေမယ့် အချို့သော သူများသည် ဘယ်အရာကိုမှ မစဥ်းစားပဲ အချစ်တစ်ခုတည်းကို ကိုးကွယ်ပြီးတော့ ဘဝပျက်ကုန်ကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၁၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အထက်တန်းကျောင်းအောင်ပြီးနောက် တက္ကသိုလ်ဆက်မတက်သေးပဲ ရွာထဲရှိသူငယ်ချင်းနဲ့အတူ မြို့တက်ကာ အထည်စက်ရုံတစ်ခုမှာ အလုပ်ဝင်ခဲ့သည်။

မိန်းကလေးသည် ရွာတွင် မိဘနှစ်ပါးမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရာတွင် မကူချင်ပဲ မြို့ထဲတွင် နေချင်တာကြောင့် အလုပ်သွားလုပ်ခဲ့ရာ စက်ရုံထဲက ကောင်လေးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့သည်။

မိန်းကလေးသည် မိဘကွယ်ရာလည်းဖြစ်သည့်အတွက် ကောင်လေးနဲ့လက်မထပ်ရသေးသော်လည်း အဆောင်တူတူနေခဲ့ရာ ၂လအကြာတွင် ကိုယ်ဝန်ရှိသွား၍ မင်္ဂလာဆောင်ရန် ပြောဆိုခဲ့ပေမယ့် ကောင်လေးမှ လူမဆန်စွာ ဖျတ်ချခိုင်းခဲ့ပြီး အဆက်အသွယ်ဖြတ် ထားသွားခဲ့သည်။

သို့သော်လည်း မိန်းကလေးသည် ကလေးမှာ အပြစ်မရှိသည့်အတွက် ရွာကိုပြန်ကာ မိဘနှစ်ပါးရဲ့ အကူအညီနဲ့ ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး ကံမကောင်းစွာဖြင့် သမီးလေးမှာ နှုတ်ခမ်းတွင်အသားပိုပါလာခဲ့၍ စိတ်မကောင်းဖြစ်ခဲ့ရသည်။

မိန်းကလေးသည် သမီးရဲ့ နှုတ်ခမ်းပေါ်ရှိ အသားပိုလေးအား ခွဲစိတ်ပြုပြင်ပေးဖို့အတွက် နေ့တိုင်းအလုပ်ကြိုးစားကာ ဖခင်မရှိပဲမွေးလာသည့် သမီးလေးကို ပိုချစ်ကာ အကောင်းဆုံး ပြုစုပျိုးထောင်ပေးသွားရန် ဆုံးဖြတ်ခဲ့သည်။

Hlaing (Love Feeling)

Zawgyi

လက္မထပ္ရေသးပဲ ခ်စ္သူေကာင္ေလးကို ဘဝတစ္ခုလုံးပုံအပ္ခဲ့ရာမွ ကိုယ္ဝန္ရွိခ်ိန္တြင္ တာဝန္မယူပဲ ထားသြားျခင္းကို ခံလိုက္ရေပမယ့္ သမီးေလးကို အေကာင္းဆုံး ျပဳစုပ်ိဳးေထာင္ေပးေနသည့္ မိခင္တစ္ဦး

မိန္းကေလးတိုင္းရဲ႕ဘဝသည္ ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္မွသာလွ်င္ တစ္ပါးသူအတြက္ မထိပါးရဲပဲ တန္ဖိုးရွိေနမည္ျဖစ္ေပမယ့္ အခ်ိဳ႕ေသာ သူမ်ားသည္ ဘယ္အရာကိုမွ မစဥ္းစားပဲ အခ်စ္တစ္ခုတည္းကို ကိုးကြယ္ၿပီးေတာ့ ဘဝပ်က္ကုန္ၾကရသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ ေက်းလက္ေဒသတြင္ ေနထိုင္ေသာ အသက္၁၈ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ အထက္တန္းေက်ာင္းေအာင္ၿပီးေနာက္ တကၠသိုလ္ဆက္မတက္ေသးပဲ ႐ြာထဲရွိသူငယ္ခ်င္းနဲ႔အတူ ၿမိဳ႕တက္ကာ အထည္စက္႐ုံတစ္ခုမွာ အလုပ္ဝင္ခဲ့သည္။

မိန္းကေလးသည္ ႐ြာတြင္ မိဘႏွစ္ပါးမွ စိုက္ပ်ိဳးေရး လုပ္ငန္းလုပ္ကိုင္ရာတြင္ မကူခ်င္ပဲ ၿမိဳ႕ထဲတြင္ ေနခ်င္တာေၾကာင့္ အလုပ္သြားလုပ္ခဲ့ရာ စက္႐ုံထဲက ေကာင္ေလးတစ္ဦးနဲ႔ ခ်စ္ႀကိဳက္ခဲ့သည္။

မိန္းကေလးသည္ မိဘကြယ္ရာလည္းျဖစ္သည့္အတြက္ ေကာင္ေလးနဲ႔လက္မထပ္ရေသးေသာ္လည္း အေဆာင္တူတူေနခဲ့ရာ ၂လအၾကာတြင္ ကိုယ္ဝန္ရွိသြား၍ မဂၤလာေဆာင္ရန္ ေျပာဆိုခဲ့ေပမယ့္ ေကာင္ေလးမွ လူမဆန္စြာ ဖ်တ္ခ်ခိုင္းခဲ့ၿပီး အဆက္အသြယ္ျဖတ္ ထားသြားခဲ့သည္။

သို႔ေသာ္လည္း မိန္းကေလးသည္ ကေလးမွာ အျပစ္မရွိသည့္အတြက္ ႐ြာကိုျပန္ကာ မိဘႏွစ္ပါးရဲ႕ အကူအညီနဲ႔ ကေလးကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့ၿပီး ကံမေကာင္းစြာျဖင့္ သမီးေလးမွာ ႏႈတ္ခမ္းတြင္အသားပိုပါလာခဲ့၍ စိတ္မေကာင္းျဖစ္ခဲ့ရသည္။

မိန္းကေလးသည္ သမီးရဲ႕ ႏႈတ္ခမ္းေပၚရွိ အသားပိုေလးအား ခြဲစိတ္ျပဳျပင္ေပးဖို႔အတြက္ ေန႔တိုင္းအလုပ္ႀကိဳးစားကာ ဖခင္မရွိပဲေမြးလာသည့္ သမီးေလးကို ပိုခ်စ္ကာ အေကာင္းဆုံး ျပဳစုပ်ိဳးေထာင္ေပးသြားရန္ ဆုံးျဖတ္ခဲ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories