အနားယူတော့မယ့် အိမ်အကူအမျိုးသမီးအတွက် ဇာတိမြေမှာ ကိုယ်ပိုင်ဇိမ်ခံအိမ်ကြီးတစ်လုံးကို ဝယ်ပေးခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးနည်းပြတစ်ဦး

အိမ်ရှင်မ သို့မဟုတ် အိမ်အကူအတွက်ဘဲဖြစ်ဖြစ် နေ့စဉ် အိမ်မှုကိစ္စတွေကိုကိုင်တွယ်ရတဲ့အလုပ်က မလွယ်ကူလှပါဘူး။ Thomas Tuchel အမည်ရှိ ကမ္ဘာကျော် ဘောလုံးနည်းပြမန်နေဂျာတစ်ဦးဟာ ဇာတိမြေမှာ အငြိမ်းစားပြန်ယူတော့မည့် ၎င်းရဲ့ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးတစ်ဦးရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ Tuchel ဟာ ကြင်နာတတ်တဲ့အလုပ်ရှင်များထဲမှ တစ်ဦးဖြစ်ပြီး ၎င်းသတင်းက 2021 ခုနှစ်မှာ ပေါက်ကြားခဲ့ပေမယ့် သူ့ရဲ့ဖိလစ်ပိုင်အိမ်အကူ အပေါ်ထားတဲ့ Tuchel ရဲ့သိသာထင်ရှားတဲ့ကြင်နာမှုအမူအရာများက Chelsea အတွက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးပြီးနောက်မှာ တစ်ဖန် အာရုံစူးစိုက်မှုပိုမိုရရှိလာခဲ့ပါတယ်။

အိမ်အကူအမျိုးသမီးက Tuchel ရဲ့အကူအညီနှင့်အကြီးကျယ်ဆုံးလက်ဆောင်က သူမရဲ့ဘဝကို ဘယ်လိုပြောင်းလဲသွားခဲ့တာကိုလည်း ပြန်ပြောပြခဲ့ပါတယ်။ Tuchel ဟာ ပြင်သစ်ဘောလုံးကလပ် Paris Saint-Germain ရဲ့မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ပြင်သစ်နိုင်ငံမြောက်ဘက် Hauts-de-Seine မြို့ရှိ ၎င်းမိသားစုရဲ့နေအိမ်ကို ကြည့်ရှုစောင့်ရှောက်ရန် အဆိုပါအိမ်အကူအား ငှါးရမ်းခဲ့တာပါ။ ထို့ပြင် သူမကလည်း သားဖြစ်သူရဲ့ ခွဲစိတ်မှုစရိတ်ကြီးမြင့်မှုကြောင့် ၎င်းတို့အိမ်မှာ အချိန်ပိုအလုပ်တွေလုပ်ရင်း Tuchel က သူမရဲ့အခက်အခဲများကို ကြားသိတာနဲ့ ချက်ချင်း လက်မှတ်ထိုးပေးပြီး ဆေးရုံစရိတ်အတွက် ချက်ချင်းပေးချေပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အောင်မြင်တဲ့ခွဲစိတ်မှုအပြီးမှာ Tuchel က သူမရဲ့အနာဂတ်အတွက် မျှော်လင့်ချက်များဆွေးနွေးရန် သူမနဲ့ အချိန်အတန်ကြာ စကားစမြည်ထိုင်ပြောခဲ့ပြီး နောက်ပိုင်းမှာ သူမအား ဖိလစ်ပိုင်ရှိသူမမိသားစုနှင့်အတူ အနားယူရန် ကြီးကျယ်ခမ်းနားတဲ့အိမ်ပိုင်တစ်လုံးဝယ်ယူပေးဖို့ ၎င်းတို့ လျင်မြန်စွာ ဆောင်ရွက်ပေးနေတာကို သူမ သိခဲ့ရပြီး Tuchel ဟာ Chelsea F.C မှာ ၎င်းရဲ့လက်ရှိတာဝန်ကိုမထမ်းဆောင်မီ အချိန်မှာ သူမအား ထိုကိုယ်ပိုင်ဇိမ်ခံအိမ်ကြီးရဲ့သော့များကို ပေးအပ်ခဲ့ပြီး Chelsea အသင်းမှ Tuchel ကိုခန့်အပ်တဲ့အခါ Tuchel တို့မိသားစုနှင့် အဆိုပါအိမ်ထိန်းကြီးတို့ကလည်း 2021 ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။

2021 ခုနှစ် အင်္ဂလန်ဘောလုံးအသင်း၌ ခန့်အပ်ခံရပြီးကတည်းက Tuchel ဟာ အောင်ပွဲ (3) ကြိမ်အထိ ဦးဆောင်နိုင်ခဲ့ပြီး သိပ်မကြာသေးခင်ကလည်း အဆိုပါဘောလုံးအသင်းကို တစ်ဖန် UEFA Super Cup ဖလားနဲ့ ပြန်လည်ဂုဏ်ပြုလာစေခဲ့ပါတယ်။ ဘောလုံးမန်နေဂျာတစ်ဦးအနေနဲ့ သူ့ရဲ့လစာမြင့်မားတဲ့အသက်မွေးဝမ်းကျောင်းက ထိုကဲ့သို့သောရက်ရောမှုလုပ်ရပ်ကို လုပ်နိုင်မှာပေါ့လို့တွေးမိနိုင်ပေမဲ့ သူ့ရဲ့လုပ်ရပ်ဟာ ကျွန်တော်တို့အားလုံးမှာ ငွေကြေး၊ လက်ဆောင် (သို့) ရိုးရှင်းတဲ့နည်းလမ်းနဲ့ အခြားသူရဲ့တစ်သက်တာကိုအဆင်ပြေစေတဲ့ ထူးခြားတဲ့ကိုယ်ပိုင်စွမ်းရည်ရှိနေတာကိုသိစေသလို ကျွန်တော်တို့အား လူအချင်းချင်းအားကူညီတတ်ရန်နည်းလမ်းများကို အမြဲရှာဖွေသင့်တယ်ဆိုတဲ့ အရေးကြီးတဲ့သတိပေးချက်တစ်ခုလိုပါဘဲ။

Mia (KB Chimmy one)

Reference : mustsharenews

  • Leave a Comment

Categories