ကွယ်လွန်သွားသော ချစ်သူကောင်လေးရဲ့မွေးနေ့တွင် မမေ့နိုင်သေးပဲ အုတ်ဂူဆီသို့ သွားရောက်ကာ ကိတ်ခွဲပေးခဲ့သော မိန်းကလေး

လောကကြီးတွင် သေခြင်းတရားကို မည်သူကမျှ ရှောင်လွှဲ၍ မရနိုင်သောအခါ ချစ်ရသူများသည် မခွဲချင်ပေမယ့်လည်း မတတ်နိုင်ပဲ ဝမ်းနည်းပူဆွေးကာ ကျန်ရစ်ခဲ့ရသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် ဆုံးပါးသွားသော ချစ်သူကောင်လေးရဲ့ အုတ်ဂူဆီသို့ ၅၀ကီလိုမီတာအကွာအဝေးကိုဖြတ်ပြီး သွားရောက်ကာ မွေးနေ့ကိတ်လေးခွဲပေးခဲ့သည့် အဖြစ်အပျက်လေးသည် လူမှုကွန်ယက်ထိပါ ပျံ့နှံ့လာခဲ့သည်။

ချစ်သူကောင်လေးမှာ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးပါးသွားရာ ကျန်ရစ်သူမိန်းကလေးမှာ ဖြေမဆည်နိုင်အောင် ဝမ်းနည်းငိုကြွေးခဲ့ရပြီး တစ်ရက်ကလေးမှ မေ့ဖျောက်လို့မရနိုင်ပဲ ရည်းစားအသစ်လည်း ထပ်မထားခဲ့ပေ။

ထို့အပြင် မိန်းကလေးသည် ချစ်သူကောင်လေးရဲ့မွေးနေ့တွင် သတိရခြင်းများစွာနဲ့အတူ သစ်သီးအချို့နှင့် ကိတ်မုန့်လေးဝယ်ယူကာ အုတ်ဂူဆီသို့ သွားရောက်ခဲ့ပြီး ဖယောင်းတိုင်လေးထွန်းကာ ကွယ်လွန်သွားသောချစ်သူကောင်လေးမှ မမြင်နိုင် မကြားနိုင်တော့ပေမယ့်လည်း အမှတ်တရ ပျော်ရွှင်စရာနေ့လေးအဖြစ် ဖန်တီးပေးခဲ့သည်။

video

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

  • Leave a Comment

Categories