ဖခင်ဖြစ်သူ၏နာရေးကိုကျင်းပပေးနိုင်ရန် ပိုက်ဆံမရှိသဖြင့် လိုင်းပေါ်တွင်တိုက်ရိုက်ထုတ်လွင့်ပြီး မျက်ရည်များနှင်အတူသီချင်းဆိုဖျော်ဖြေပြီးပိုက်ဆံရှာခဲ့ရသည့် ၁၂နှစ်အရွယ်ကလေး

လူသားတစ်ဦးရယ်လို့ဖြစ်တည်လာခဲ့ပြီဆိုတာနဲ့ အသက်ရှင်သန်နိုင်ရန်အတွက် ရုန်းကန်လှုပ်ရှားကြိုးစားကြရတော့မှာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာခဲ့လျှင်အလုပ်ကြိုးစားရမှာမှန်သော်လည်း အချို့ကတော့အသက်မပြည့်သေးသော်လည်းအရွယ်မတိုင်ခင်မှာပင်ဘဝ၏ဆိုးရွားလှသောဒဏ်တွေကို ခံစားနေရပြီဖြစ်ပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှအသက်၁၂နှစ်အရွယ်သာရှိသေးသည့်Chanadej Khiewsenဆိုသည့်ကလေးငယ်၏ဖခင်ဖြစ်သူဟာကင်ဆာရောဂါဖြင့်သေဆုံးသွားခဲ့ရပါတယ်။ထိုအခါနာရေးအခမ်းအနားကိုကျင်းပဖို့ရန်ပုံငွေရရှိစေရန် ကလေးငယ်ဟာ လိုင်းပေါ်သို့တိုက်ရိုက်ထုတ်လွင့်ကာသီချင်းဆိုဖျော်ဖြေပြီးဝင်ငွေရရှိအောင်ကြိုးစားခဲ့ရပါတယ်။

ကလေးငယ်၏မျက်ရည်များဖြင့်သီဆိုနေပုံလေးဟာ လူတိုင်း၏ရင်ကိုရိုက်ခတ်စေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories