ယနေ့ခေတ်တွင် အစစအရာရာ တိုးတက်လာသည်နှင့်အမျှ ခွဲစိတ်ပြုပြင်ခြင်းဖြင့် ကိုယ့်ရဲ့လက်ရှိဘဝကို အခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲနိုင်လာပြီဖြစ်သည်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ဆွံ့အ နားမကြားသော မိခင်ဖြစ်သူနှင့်အတူ ကြီးပြင်းလာခဲ့ရပြီး ဖခင်က ဘယ်သူလဲဆိုတာကိုပင် မသိခဲ့ရပဲ ပတ်ဝန်းကျင်ရဲ့ အနှိမ်ခံ ကဲ့ရဲ့ခံမှုကြားမှာ နေထိုင်လာခဲ့ရသည်။
မိန်းကလေးသည် ဆင်းရဲချို့တဲ့ရုံတင်မကပဲ ရုပ်ရည်ကလည်း ကြည့်ကောင်းသည့်ထဲမပါပဲ ဆိုးသွမ်းနေတာကြောင့် အလုပ်တွေလိုက်ရှာခဲ့ပေမယ့် မရခဲ့ပဲ ရုပ်ဆိုးမဆိုပြီး အလှောင်ရယ်သာ ခံခဲ့ရသည်။
မိန်းကလေးခမျာ စိတ်ဓာတ်တွေကျရင်း သူမနဂိုရုပ်ပုံကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့ပြီး အခမဲ့ ခွဲစိတ်ပြုပြင်ပေးသော အစီအစဥ်တစ်ခုတွင် ပါဝင်ခဲ့ပြီးနောက် ၄လအကြာတွင် အိမ်သို့ပြန်ခဲ့သည်။
ထိုအချိန်တွင် မိန်းကလေးသည် အရင်လို ရုပ်ဆိုးကြီးမဟုတ်တော့ပဲ အရမ်းချောမောလှပနေတာကြောင့် မိခင်ဖြစ်သူမှ တွေ့သောအခါ မမှတ်မိပဲ အိမ်ကနေမောင်းထုတ်ခဲ့၍ ဝမ်းနည်းကြေကွဲစွာ အိမ်ပြင်ထွက်ငိုခဲ့စဥ် ဆွံ့အ နားမကြားမိခင်ဖြစ်သူမှာ သမီးလေးရဲ့အဖြစ်ကို နားလည်သွားပြီး ပွေ့ဖက်ခဲ့သည်။
video
Hlaing (Love Feeling)
Zawgyi
ရုပ်ရည်ကိုကြည့်ပြီး ဘယ်နေရာကမှ အလုပ်မခန့်တာကြောင့် သူမရဲ့နဂိုပုံစံကို ပြောင်းလဲပစ်ရန် ခွဲစိတ်ခဲ့ရာ အိမ်ပြန်ရောက်ချိန်တွင် မိခင်ဖြစ်သူမှ မမှတ်မိပဲ မောင်းထုတ်ခဲ့သည့်အဖြစ်
Hlaing (Love Feeling)