မင်္ဂလာပါ။ လူတိုင်းမှာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ နေ့ရက်ဆိုးတွေကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ တစ်ချို့သောလူတွေ ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေက တခြားသော လူတွေထက်တောင် ပိုဆိုးသလို ရယ်စရာလည်းကောင်းလှပါတယ်။ ဘာလို့ဆို ဒီထက်ပိုဆိုးတဲ့ ဖြစ်ရပ်တွေတောင်ရှိပါတော့မလားလို့ တွေးမိစေလို့ပါပဲ။ အခုဖော်ပြပေးမယ့်ဓာတ်ပုံတွေထဲမှာဆိုရင် ဘယ်သူမှ မကြုံဖူးလောက်မယ့် ကြံကြံဖန်ဖန် ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရပြီး တခြားသူတွေအတွက် ရယ်စရာဖြစ်နေစေမှာပါပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။
(၁)
မူးနေတဲ့အချိန်မှာ ပေါက်ကရလျှောက်လုပ်တတ်တဲ့ သူငယ်ချင်းကို ဘယ်တော့မှ တစ်ယောက်တည်းလွှတ်မထားသင့်တာ ဒီဓာတ်ပုံက သက်သေပါပဲ။
ခုလဲ လမ်းဘေးက အချက်ပြ တိုင်ပေါ်ကို တက်ထိုင်လိုက်တော့ ဘောင်းဘီက ပြဲသွားပြီး သူပါ မှောက်ကျသွားတယ်လေ….
ကံကောင်းတယ်ပဲဆိုရမလား..မြင်နေရတဲ့အတိုင်း ဘာမှဆိုးဆိုးရွားရွားမဖြစ်သွားပါဘူး။
(၂)
တီဗီကို တပ်ဆင်ထားတဲ့ စင်က အလေးချိန်ကို မခံနိုင်တော့ ပြုတ်ကျပြီပေါ့..
တီဗီကြည့်နေရင်း ရုတ်တရက် ကိုယ့်ရှေ့မှာသာ အဲ့ဒီလို ပြုတ်ကျသွားရင် ရုတ်တရက်ဘာလုပ်ရမယ်မှန်းတောင် သိမှာမဟုတ်ပါဘူး။
(၃)
ဝယ်လာတဲ့ ကတ်ကြေး အသစ်ပါကင်ကို အိမ်က အဟောင်းနဲ့ ဖောက်လိုက်ပေမယ့် အိမ်က အဟောင်းကလည်း တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ လက်ကိုင်ကျိုးသွားခဲ့ပါတယ်။
ကြည့်ရတာ ငါရှိနေတာကို ဘာကြောင့် အသစ်ဝယ်လာတာလဲဆိုပြီး စိတ်ကောက်သွားတာထင်ပါရဲ့
(၄)
နှင်းဆီပွင့်ပုံနဲ့ ကိတ်မုန့်လေးမှာလိုက်ပါတယ်။
ခရမ်တွေက အဖုံးပေါ်ကိုကပ်ပြီး တကယ့်ရိုးရိုးရှင်းရှင်း ကိတ်မုန့်ကြီးပဲရောက်လာတယ်။
(၅)
ဘတ်စကတ်ဘော ကစားရင်း ဘောလုံးက အနောက်ဘက်မှာ ကပ်ပြီးညိနေခဲ့တာပါ။
ဒါနဲ့ ကျောက်ခဲတုံးပစ်ပေါက်ပြီး ဘောလုံးပြန်ယူဖို့ ကြိုးစားလိုက်တာ ကျောက်ခဲတုံးက ဘောလုံးမှာ သွားကပ်နေလေရဲ့…
(၆)
စက်ရုံမှာ အလုပ်လုပ်နေသူတစ်ယောက်ဟာ မတော်တဆ ပိုက်လိုင်းကို ကျိုးအောင်လုပ်ခဲ့မိပြီး ပိုက်လိုင်းကနေတစ်ဆင့် ဂျုံမှုန့်တွေအများကြီး ထွက်ကျလာခဲ့ပါတယ်။
ဂျုံမှုန့်တွေ ဒီလောက်အများကြီးကို သူသန့်ရှင်းရေးပြန်လုပ်ရမယ့် အပြင် ဒီကိစ္စအတွက်လည်း ဖြေရှင်းချက်တွေအဆင့်သင့်ပြင်ထားရတော့မှာပါပဲ။
(၇)
ကျောင်းပထမဆုံးတက်ရမယ့်နေ့ဖြစ်တာကြောင့် ဆံပင်သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါင်းကို ရိတ်နေပေမယ့် စက်က ဘက်ထရီ ကုန်သွားခဲ့ပါတယ်။
အတန်းချိန်ကလည်းနီးနေတော့ ဒီဆံပင်ပုံစံနဲ့ပဲ ကျောင်းသွားရတော့မှာပေါ့။
(၈)
မြက်ခင်းပြင်ထင်ပြီး ဆက်မောင်းသွားလိုက်တာ အပင်တွေနဲ့ စိမ်းစိုနေတဲ့ ရေကန်ကြီးဖြစ်နေတာတဲ့လား..
နောက်ဆို အစိမ်းရောင်မြေပြင်မြင်ရင် ကားကို ရပ်ပြီး သေချာဆင်းစစ်ရတော့မလိုပဲ။
(၉)
တနင်္လာနေ့မနက်ခင်းတိုင်းက ဒီလိုပဲမလား…
သူ့အဖြစ်အပျက်ကျတော့ ကလေးတွေ ဒိုက်ပါကြောင့် အသားလောင်ရင်း လိမ်းတဲ့ ဆေးနဲ့များ မှားပြီး သွားတိုက်မိရတယ်လို့နော်။
(၁၀)
ထိခိုက်ဒဏ်ရာတွေကို ကုသပေးတဲ့ ဆေးခန်းရှေ့ဖြတ်လျှောက်ရင်း
ဆိုင်းဘုတ်ပြုတ်ကျတာ ခိုက်မိသွားလို့ ဆေးခန်းပါတစ်ခါတည်း ဝင်ပြလိုက်ရတယ်လေ။
(၁၁)
မိန်းမရဲ့ ခေါင်းစည်းကြိုးပျောက်နေပါတယ်ဆိုပြီး တစ်မနက်လုံးလိုက်ရှာ လိုက်ရတာ…
လက်စသတ်တော့ ကြောင်လက်ချက်နဲ့ ကော်ဖီခွက်ထဲ ရောက်နေတာကိုး…
ပုန်းတိုင်းဖွက်တိုင်း ကစားတတ်တဲ့ ကြောင်ဆရာကြီးပါပေါ့
(၁၂)
ဖုန်စုပ်စက်က ဓာတ်လှေကားထဲညပ်ပါသွားတယ်ဆိုတော့
ဒါက ဒီနေ့တစ်နေ့ အလုပ်မလုပ်နဲ့တော့လို့များ အချက်ပေးလိုက်တာများလား။
(၁၃)
အိမ်မှာပဲ ကလေးကို ကိုယ်တိုင်စာသင်မယ်ဆိုလို့
ကျောင်းက မကျေနပ်ဘဲ အိမ်ထဲအထိ ကျောင်းကားနဲ့တကွ ဝင်ခေါ်တယ်ထင်ပါရဲ့…
(၁၄)
ဘယ်ကောင်လဲကွ..
ငါနေတဲ့ ဂူထဲ ခွင့်မတောင်းဘဲ ဝင်လာတာ..
(၁၅)
စိတ်ချပါ..စက်ဘီးကို ဘယ်သူမှ မခိုးပါဘူး။
ဘာလို့ဆို စက်ဘီးက တိုင်ပိပြီး ပျက်စီးနေပြီကိုး..
(၁၆)
ကိုယ်တိုင်ဖုတ်တဲ့ ချိစ့်ကိတ်လေး..စတော်ဘယ်ရီခရမ်တောင် စမ်းထားသေးတယ်။
အရသာကောင်းမကောင်းသိချင်တာလား? မစားရသေးခင် မှောက်ကျသွားလို့ အရသာတောင်မမြည်းကြည့်လိုက်ရပါဘူး။
(၁၇)
ဒီလို ဟင်းချက်စကေးနဲ့ကတော့
Master Chef ဝင်ပြိုင်ရင် ရလောက်မယ်။
(၁၈)
နှင်းမုန်တိုင်း ဘယ်လောက်ကြီးသလဲ မမေးပါနဲ့တော့
အိမ်ရှေ့တံခါးတောင် နှစ်ထပ်ဖြစ်သွားတယ်။
(၁၉)
ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာမြောက် ရွှံရုပ်ကို ပြဖို့အတွက် ကျောင်းကို သယ်လာခဲ့ပေမယ့်
ကျောင်းရောက်တော့မှပဲ မတော်တဆ စိတ်ဆိုးနေတဲ့ လူကြီး ပုံစံ ရွှံ့ရုပ်တုနဲ့ တူသွားတယ်။
(၂၀)
မျက်တောင်လေး ပိုကော့သွားအောင်ဆိုပြီး အားနည်းနည်းလေးသုံးပြီး ကော့လိုက်တာ..
အကုန်လုံးကျွတ်ထွက်သွားတယ်။
(၂၁)
အလုပ်လုပ်ချိန်မှာတောင် ဖယောင်းတိုင်လေးတစ်ချောင်းထွန်းပြီး
ရိုဆန်ချင်ရင်တော့ ခံရတော့မှာပဲလေနော်။
(၂၂)
ဂစ်တာကို လက်ချောင်းတွေနဲ့ပဲ တီးလိုက်ပါတော့တဲ့…
နှိုက်ရင်လည်း မရမှာချင်းတူတူပဲကို..
(၂၃)
ရေခဲမုန့်စားရင် စိတ်ညစ်နေတာတွေကို ပြေပျောက်စေနိုင်ပါတယ်။
ဒါပေမယ့် ရေခဲမုန့်ကိုတော့ မမှောက်စေနဲ့ပေါ့နော်။ တော်ကြာ ပိုပြီး စိတ်ရှုပ်သွားရလိမ့်မယ်။
(၂၄)
ပေါက်ပေါက်ရှာရှာတွေကို ကြုံတွေ့ရမယ့် ကံပါလာရင်
သော့တောင်မှ ဖွင့်ရင်းကျိုးသွားတတ်သေးတယ်နော်။
(၂၅)
သူ့ကို ပိတ်ထားတဲ့ လှောင်အိမ်ထဲကနေ ရအောင်ထွက်ပြီး တစ်အိမ်လုံးကို ဇောက်ထိုးဖြစ်အောင် လုပ်ထားတာလေ..
သခင်ပြန်လာတော့မှာ သူမဟုတ်ပါဘူးဆိုတဲ့ ဒီဇိုင်းနဲ့ လှောင်အိမ်ထဲ ပြန်ဝင်နေလေရဲ့။
ဖော်ပြပေးခဲ့တဲ့ အလွဲတွေထဲမှာ နံပါတ်ဘယ်လောက် အရီရဆုံးဖြစ်မလဲ ပရိသတ်တို့ိရေ..
ကိုယ်ကိုတိုင်ကော ရီရခက် ငိုရခက် အလွဲလေးတွေ ကြုံဖူးကြပါသလား။ မျှဝေပေးခဲ့ကြပါအုံးနော်။
Ref:Brightside