ရုပ်ကလေးက ချစ်စရာကောင်းသော်လည်း ခန္ဓာကိုယ်မှာ တောင့်တင်းလှသော ကြွက်သားတွေနဲ့ ပြည့်နေတာကြောင့် လက်ထပ်မည့်အမျိုးသားမရှိသေးသည့် မိန်းကလေးရဲ့အဖြစ်

အမျိုးသား အများစုမှာ သူတို့ရဲ့ခန္ဓာကိုယ်ကို ကြွက်သား၊ 6-packsတွေနဲ့ ဖြစ်စေချင်တာကြောင့် အားကစားရုံမှာ လေ့ကျင့်ခန်းသွားလုပ်တာတွေရှိပြီး အချို့သော မိန်းကလေးများသည်လည်း သူတို့ရဲ့သေးသွယ်လှသော ခန္ဓာကိုယ်ကနေ ကာယဗလမယ်အဖြစ်သို့ ပြောင်းလဲလိုကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘွဲ့ရရှိပြီးနောက် အလုပ်တန်းမဝင်သေးပဲ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းပြီး ကျန်းမာစေရန် မြို့တွင်းရှိ အားကစားရုံတစ်ခုမှာ Gymသွားဆော့ခဲ့သည်။

ကံကောင်းစွာပဲ မိန်းကလေးသည် စိတ်သဘောထားကောင်းသော နည်းပြဆရာနှင့် ဆုံခဲ့ရာ သူ့ရဲ့အကြံပေးချက်အရ အားကစားပိုင်းကို ပိုမိုစိတ်ဝင်စားလာကာ လေ့ကျင့်ခဲ့ပြီးနောက် မြင်သူတိုင်းငေးမောရသော ခန္ဓာကိုယ် သေးသေးလေးကနေ တောင့်တင်းသန်မာလှသော ကြွက်သားတွေနဲ့ အပြည့်ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် မိန်းကလေးရဲ့ မိဘနှစ်ပါးမှ အားကစားကို ရပ်နားပြီး နောင်ရေးစိတ်အေးရအောင် အိမ်ထောင်ပြုရန် တိုက်တွန်းခဲ့ပေမယ့် ယောကျာ်းယူဖို့ စိတ်မဝင်စားသေးတာကြောင့် ငြင်းဆန်ခဲ့ပြီး နိုင်ငံတကာ အမျိုးသမီးကာယဗလမယ်ပြိုင်ပွဲတွေထိ ဝင်ပြိုင်ခဲ့ပြီး ရွှေငွေတံဆိပ်များစွာ ပိုင်ဆိုင်နိုင်ခဲ့သည်။

မိန်းကလေးသည် ရုပ်ရည်အားဖြင့် ချောမောပြီး ချစ်စရာကောင်းသော်လည်း ခန္ဓာကိုယ်အရ ကြွက်သားတွေကိုမြင်ပြီး ကောင်လေးအများစုမှာ လာမကြိုက်ရဲပဲ သူငယ်ချင်းတွေမှ အိမ်ထောင်ကျပြီး သားသမီးတွေပိုင်ဆိုင်ထားပေမယ့် သူမမှာတော့ အပျိုကြီးဘဝက မကျွတ်သေးပဲ ဖြစ်နေခဲ့သည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

  • Leave a Comment

Categories