သင့်ကို ကြက်သီးမွေးညင်းတွေ ထသွားစေမယ့် ဓာတ်ပုံ (၂၅) ပုံ

မင်္ဂလာပါ။ နေ့စဉ်ဖြတ်သန်းနေကျ ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်ဆိုပေမယ့် ဘယ်သူမှတော့ သတိမပြုမိကြပါဘူး။ တကယ်တော့ သေချာ စိတ်ဝင်တစားကြည့်ရှုလိုက်ရင် ခံစားချက်မျိုးစုံကို ပေးစွမ်းနိုင်မယ့် အရာတွေအများကြီးပါပဲ..ပရိသတ်တွေကို အခုဖော်ပြပေမယ့် ဓာတ်ပုံတွေကတော့ သာမန်ဖြစ်ပျက်နေကျ အရာတွေလို့ ဆိုနိုင်ပေမယ့် သေချာခံစားကြည့်ရင် ကြက်သီးမွေးညင်းတွေတောင် ထသွားစေနိုင်ပါတယ်။

(၁)

သစ်ပင်တွေ ခုတ်လဲမှုကြောင့် အကောင်လေးတွေအတွက်

ခိုလှုံရာနေရာ ပျောက်ဆုံးသွားခဲ့ပါတယ်။

(၂)

ကမ္ဘာမြေကနေ အာကာသဆီသို့ မထွက်ခွာခင် အချိန်ပိုင်းအလိုမှာ

သားဖြစ်သူကို နှုတ်ဆက်နေတဲ့ ရုရှား အာကာသပညာရှင်တစ်ဦး

(၃)

စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ မကောင်းလို့ အလုပ်မလုပ်နိုင်တဲ့ ဖခင်ဖြစ်သူဟာ

ဝင်ငွေ တွေမရှာနိုင်တော့ပေမယ့် သူရထားတဲ့ ငွေအကြွေအနည်းငယ်စီကိုတော့ အမြဲတမ်းစုနေခဲ့တာပါ။

(၄)

ဟိုးအရင်က ဒီနေရာက

ပျော်စရာနေရာလေးတစ်ခုဖြစ်ခဲ့တာပေါ့

(၅)

ကားဌားစီးရင် ကျန်းမာရေးချို့တဲ့လာလို့ ကားဆရာက ဆေးရုံကို ခေါ်လာပေးခဲ့ပါတယ်။

မိသားစုကလည်း အဝေးမှာရောက်နေတော့ ဆေးရုံတက်နေတဲ့ အချိန်အတောအတွင်းမှာလည်း သူပဲ ဆေးရုံ မှာ လူနာစောင့်ပေးခဲ့တာဖြစ်ပါတယ်။

(၆)

တချို့လူတွေမှာ စိတ်ရောကိုယ်ပါ ပေါင်းသင်းနေထိုင်လို့ ရတဲ့ သူငယ်ချင်းတွေ ရှိပေမယ့်

တချို့တွေမှာတော့ သူငယ်ချင်းတစ်ယောက် ရဖို့တောင် ခက်ခဲလွန်းပါတယ်။

(၇)

ဂုဏ်ထူးဆုတံဆိပ်တွေတောင်ရထားတဲ့ တပ်သားတစ်ဦးဟာ

သူ့အမေနဲ့ အတူရှိချိန်မှာတော့ တကယ့်ကလေးလေးတစ်ယောက်လိုပါပဲ..

(၈)

ရှင်သန်ချင်စိတ်ပြင်းပြတော့လည်း

ဘယ်လို ပုံစံမျိုးနဲ့မဆို ရှင်သန်နေမှာပါပဲ။

(၉)

မိသားစုနဲ့ ဝေးနေကြတဲ့သူတွေအတွက် အခုလို အဆင့်သင့် ထမင်းဘူးတွေက အကောင်းဆုံးပါပဲ..

ဒါပေမယ့် ဝမ်းနည်းဖို့တော့ ကောင်းတာပေါ့

(၁၀)

မိုးတွေ သည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတွေတိုက်နေရင် ဒီခွေးလေးက အသည်းတုန်အောင် ကြောက်တတ်သူပါ..

သူ့ကိုသူနှစ်သိမ့်ဖို့အတွက်တော့ ဆင်ရုပ်လေးက အဖော်ပေါ့

(၁၁)

ကလေးလေးတစ်ယောက် ရထားပေါ်မှာ ကျန်ခဲ့တဲ့အရုပ်လေးတစ်ရုပ်…

အရုပ်လေးက ဟောင်းနေပြီဖြစ်ပေမယ့် ပိုင်ရှင်ကလေးကတော့ သူ့အရုပ်ကို လွမ်းနေမှာအသေအချာပါပဲ။

ဒါပေမယ့် ရထားပေါ်က အလုပ်သမားတစ်ယောက်က ရှာတွေ့ခဲ့ပြီး

ပိုင်ရှင်ကလေးလေးကို ပြန်ပေးခဲ့ပါတယ်။

(၁၂)

မီးရှုးမီးပန်းတွေဖောက်လို့ ကျယ်လောင်စွာ ထွက်နေတဲ့ အသံတွေကို ဗုံးသံ အမြောက်သံတွေအဖြစ် ကြားယောင်မိပြီး

ကြောက်လို့ ပုန်းနေတဲ့ စစ်သားတစ်ဦး

(၁၃)

ချစ်စရာအရုပ်ဝတ်စုံလေးကို ဝတ်ထားပေမယ့်

သူ့ရဲ့ အထီးကျန်မှုကိုတော့ မဖုံးကွယ်ထားနိုင်ပါဘူး။

(၁၄)

ပန်းပွင့်ပုံစံ ကလစ်လေး ပန်ထားတဲ့ သမီးလေးခေါင်းပေါ်ကို

လိပ်ပြာလေးတစ်ကောင်ကလာနားနေခဲ့တာပါ..

(၁၅)

ဈေးဝယ်လှည်းကို တွန်းနေတဲ့ အမျိုးသမီးက မျက်မမြင်တစ်ယောက်ပါ…

သူမပြောတာ ကြားမိတာကတော့ ကျွန်မအတွက် ပုဝါအဖြူလေး နှစ်ထည် ယူပေးပါ..ကျွန်မက အဖြူရောင်ဆို သိပ်ကြိုက်တာတဲ့..

(၁၆)

ဟာရီကိန်း ကာထရီနာတုန်းက အမျိုးသားတစ်ယောက်ဟာ ကလေးမလေးတစ်ယောက်ကို ကယ်ဆယ်ပေးခဲ့ပါတယ်။

၁၀နှစ်ကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။

(၁၇)

ကြောင်လေးနှစ်ကောင်ကြားထဲက သံယောစဉ်ကို

ဖော်ပြပေးနေတဲ့ ဓာတ်ပုံတစ်ပုံ

(၁၈)

နမ်းနေတာက အသက်မဟုတ်ပါဘူး..

အနက်ရောင်ခွေးသေးသေးလေးရဲ့ မျက်နှာကမှ အသက်

(၁၉)

Pisa တာဝါမှာရှိတဲ့ လှေကားတွေက

နှစ်ပေါင်း ၅၀၀ လောက်ကြာပြီးတဲ့နောက်မှာတော့…

(၂၀)

လှေကားကို အတက်အဆင်း သတ်မှတ်ပေးထားတာကြောင့် တစ်ဘက်ထဲမှာပဲ လူများနေတာပါ။

တကယ်ဆို ဒီလောက်လူအများကြီး စောင့်ပြီး လှေကားတက်မယ့်အစား စည်းကမ်းဖောက်ပြီး လူရှင်းနေတဲ့ ဟိုဘက်ကနေ တက်လို့ရပေမယ့် တစ်ယောက်မှ မတက်ကြပါဘူး။

စည်းကမ်းရယ်လို့ မဟုတ်ပေမယ့် လိုက်နာကြသူတွေကြောင့် တခြားသောသူတွေပါ အတုယူဖို့အတွက် နမူနာကောင်းတစ်ခုပါပဲ။

(၂၁)

ပျောက်ဆုံးနေတဲ့ သားတစ်ယောက်ကို အမေဖြစ်သူ ပြောချင်နေတဲ့ စကား

“အမေ မင်းကို ကတိပေးတယ်…မင်းကို ရှာမတွေ့မချင်း အမေ ဘယ်တော့ မှ ရပ်မှာမဟုတ်ဘူး”

(၂၂)

ဝှီးချဲ သုံးပြီးပဲ သွားလာရတဲ့ ကလေးအတွက် ဟောလိုးဝင်းမှာ ပျော်နိုင်ဖို့အတွက်

ဝှီးချဲကို အလှဆင်ပေးခဲ့ပြီး ဝတ်စုံလေးပါ ချုပ်လုပ်ပေးခဲ့တာပါ။

(၂၃)

လမ်းပေါ်မှာ ကြောင်လေးမိုးမိမှာစိုးလို့ တစ်စုံတစ်ယောက် ထီးမိုးပေးခဲ့တာကို တွေ့ရပါတယ်.။

ကျွန်တော့်ကို စိတ်ကြည်နူးသွားစေခဲ့ပါတယ်။ဘယ်သူလဲ မသိပေမယ့် ကြောင်လေးအစား ကျေးဇူးတင်ပါတယ်။

(၂၄)

တရားမဝင်ဖမ်းဆီးသူတွေကြောင့် သေဆုံးသွားရတဲ့ ကြံကြီးရဲ့ နံဘေးမှာ ထိုင်ပြီး

ဝမ်းနည်းနေတဲ့ သဘာဝတရားအတွက် အလုပ်လုပ်နေသူတစ်ဦး

(၂၅)

ရဲတစ်ဦးဟာ ခွေးလေးတစ်ကောင်ကို မွေးစားခဲ့ပြီး

ထိုခွေးလေးကို ကြင်ကြင်နာနာ ကို ဖက်ပေးထားတာပါ။

ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေထဲက ပရိသတ်တွေကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်ခဲ့တဲ့ ဓာတ်ပုံတွေရှိရင်လည်း ကောမန့်ထဲမှာ ပြန်ပြောပြခဲ့ကြပါအုံးနော်။

Ref:Brightside

Credit-celeguru

  • Leave a Comment

Categories