လယ်သမားမို့ တန်ဖိုးကြီးလက်ဆောင်မဝယ်နိုင်လို့ ချစ်သူများနေ့မှာ ဇနီးသည်အတွက် တောပန်းများခူးပြီး လက်ဆောင်ပေးလိုက်တဲ့ ခင်ပွန်း
Valentine’s Day မှာ ယောက်ျားလေးတွေက သူတို့ရဲ့ အထူးခြားဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး လက်ဆောင်ကို ပေကြပါတယ် ။ မိန်းကလေးတိုင်းက စျေးကြီးတဲ့ လက်ဆောင်လိုချင်တာမဟုတ်ဘဲ၊ ‌လက်ဆောင်သေးသေးလေး ပေးရင်တောင် ပျော်ရွှင်စေပါတယ် ။ ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံက လင်မယားနှစ်ယောက်ဟာ လယ်သမားတွေမို့ တန်ဖိုးလက်ဆောင်တွေပေးဖို့ သိပ်ချမ်းသာတာမဟုတ်ဘူး ။
ဒါပေမဲ့ အရေးကြီးတဲ့အချက်မှာ ဇနီးဖြစ်သူအပေါ်ထားတဲ့နှလုံးသား၊ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတို့ကို ပြသချင်တဲ့အတွက် ဇနီးသည်ကို လက်ဆောင်ပေးရန် နို့ပေါင်းပင်များကို ခူးပြီး ပန်းစည်းအဖြစ် လက်ဆောင်ပေးခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူထံမှ အံ့သြဖွယ်လက်ဆောင်တစ်ခုကို လက်ခံရရှိတဲ့အခါ ဇနီးသည်က တောက်ပစွာပြုံးကာ ကိုင်ဆောင်ရန် လက်ကို လှမ်းလိုက်ပါတယ် ။
ဇနီးအတွက် လက်ဆောင်ရဲ့တန်ဖိုးက အရေးမကြီးပါဘူး ၊ လိုအပ်တဲ့အရာက သူ့ခင်ပွန်းရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရိုးသားမှုပါပဲ ။ လက်ဆောင်က ရိုးရှင်းပြီး လမ်းဘေးတွေမှာ ရှာတွေ့နိုင်ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ လက်ဆောင်ပေးနည်းကလည်း ဆန်းပြားပြီး ချစ်ခြင်းမေတ္တာအပြည့်ရှိပါတယ် ။ ဒီလက်ဆောင်က ရုပ်ပိုင်းဆိုင်ရာဆန်လွန်းတာတော့မဟုတ်ပေမယ့် ချစ်သူများနေ့မှာ သူ့မိန်းမက အပျော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်နိုင်ပါတယ် ။
JRose (KB Chimmy one)
Reference : yan
Zawgyi
JRose (KB Chimmy one)
  • Leave a Comment
Categories