ရဲခွေးဖြစ်ဖို့ လေ့ကျင့်ရေးသင်တန်းတက်နေစဉ် သူ့ရဲ့မွေးရာပါ ချစ်ဖို့ကောင်းမှုများဖြင့် ပတ်ဝန်းကျင်က လူအများရဲ့နှလုံးသားကို အပိုင်သိမ်းနိုင်ခဲ့တဲ့ ခွေးလေး

ခွေးလေးတွေက ပင်ကိုယ် ချစ်စရာကောင်းစွာနဲ့ မွေးဖွားလာကြတဲ့အတွက်ကြောင့် ၎င်းတို့တည်ငြိမ်ရင့်ကျက်နေရင်တောင် ၎င်းတို့လေးတွေက အမြဲ ချစ်ဖို့ကောင်းနေကြတုန်းပါပဲ။ သေးငယ်ပြီး အလွန်ချစ်စရာကောင်းတဲ့ Säm လို့ခေါ်တဲ့ Belgian သိုးထိန်းခွေးလေးတစ်ကောင်ဟာ ခွေးလေ့ကျင့်ရေးသင်တန်းတက်နေပြီး ၎င်းရဲ့ချစ်စဖွယ်ကောင်းမှုများနဲ့အတူ သူ့ပတ်ဝန်းကျင်က လူများရဲ့နှလုံးသားကို ခိုးယူသွားခဲ့ပါတယ်။ မကြာသေးမီကမှ Säm ဟာ Estonia နိုင်ငံ၌ ရဲခွေးဖြစ်လာဖို့ ၎င်းရဲ့လေ့ကျင့်ရေးသင်တန်းကိုတက်ရောက်ခဲ့တာပါ။ Säm ဟာ ၎င်းရဲ့သင်တန်းပြီးဆုံးသွားတဲ့နောက်မှာ ရဲအထူးတပ်ဖွဲ့ရဲ့မြောက်ပိုင်းခရိုင်မှာ ဆက်လက် အလုပ်လုပ်ဆင်းသွားမည်ဖြစ်ပါတယ်။ ဒါပေမယ့် Säm က သူ့မွေးရာပါကြောင့် သူ့ပတ်ဝန်းကျင်ရှိလူများအတွက် ချစ်ဖို့ကောင်းနေဆဲပါဘဲ။

Säm ဟာ လွန်ခဲ့သည့်အပတ်က Estonian Police Special Forces အဖွဲ့မှာရှိနေတဲ့ ၎င်းရဲ့အစ်ကိုဖြစ်သူ ခွေးလေး Terror နှင့်အတူ ပူးပေါင်းခဲ့ပါတယ်။ Säm လေး မြောက်ပိုင်းစီရင်စုရဲ့အဖွဲ့မှာပါဝင်စဉ် Terror ဟာ k-commando မှာ တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ သင်တန်းက တစ်နှစ်ခွဲကြာပြီးနောက်မှ Säm က အရည်အချင်းပြည့်စုံတဲ့ ရဲခွေးဖြစ်လာမည်ဖြစ်ပါတယ်။ ဒါပေမဲ့ မည်သည့်အတတ်ပညာကိုမျှမသင်ကြားရသေးတဲ့ Säm ကတော့ ပတ်ဝန်းကျင်အသစ်နှင့် Kristi Pai အမည်ရှိခွေးထိန်းသူနှင့် အထူးသလည် ကြိုးစားစရာမလိုဘဲ ကျင့်သားရနေပါပြီ။

ထို့ပြင် သင်တန်းရဲ့ပထမဆုံးရက်တွေမှာ ခွေးလေး Säm ရဲ့ စွမ်းဆောင်မှုတွေအားလုံးက အင်တာနက်အသုံးပြုသူတွေအပါအဝင် လူတော်တော်များများရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ Säm ရဲ့မျက်နှာလေးနဲ့ အပြစ်ကင်းတဲ့မျက်လုံးတွေကိုသာကြည့်လိုက်ရင် Säm ရဲ့ချစ်ဖို့ကောင်းမှုကို ရှောင်ဖယ်နိုင်မှာမဟုတ်ပါဘူး။

Säm က အနာဂတ်မှာ သန်မာပြီး ရဲရင့်လာမယ်ဖြစ်ပေမဲ့လည်း သူ့ရဲ့မွေးရာပါ ပင်ကိုယ်ချစ်ဖို့ကောင်းမှုကို ဆက်လက် ထိန်းသိမ်းထားဆဲပါဘဲ။ သင့်ရဲ့တစ်နေ့တာကို စတင်ဖို့အတွက် သန့်ရှင်းပြီး လှပတဲ့အရာတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီသတင်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲဗျာ ။

Mia (Mckzone daily)

Reference : aubtu

  • Leave a Comment

Categories