ချစ်သူကောင်မလေးကို တောင်းရမ်းလက်ထပ်ယူနိုင်ရန်အတွက် ဝါးဗူးလေးများဖြင့် ၃နှစ်ကြာအောင်ကြိုးစားပြီး ပိုက်ဆံစုဆောင်းခဲ့သည့်လူငယ်လေး

စုံတွဲများမှကောင်မလေးဖြစ်သူတို့၏တန်ဖိုးဆိုသည်မှာ ငွေကြေးများဖြင့်တိုင်းတာကြည့်လို့မရနိုင်ဘဲ ချစ်သူကောင်လေး၏တန်ဖိုးထားတတ်မှုအပေါ်တွင်သာ များစွာမူတည်နေခြင်းဖြစ်ပါတယ်။

ယခုတွင်လည်းမလေးရှားနိုင်ငံမှအမျိုးသားတစ်ဦး၏ချစ်သူကောင်မလေးအပေါ်တွင် တန်းဖိုးထားချစ်မှုဟာအလွန်ကြည်နူးဖွယ်ရာကောင်းလှပါတယ်။အမျိုးသားဟာကျောင်းတက်စဥ်အခါတည်းကတွဲလာခဲ့ကြပြီးရည်းစားသက်တမ်း၁၁နှစ်အထိရှိခဲ့ချိန်တွင်လက်ထပ်ယူဖို့စီစဥ်ခဲ့ပါတယ်။

ငွေကြေးပြည့်စုံသူမဟုတ်သော်လည်း ချစ်သူကိုတင်တောင်းနိုင်ရန်အတွက် ပိုက်ဆံလေးတွေကိုဝါးဗူးလေးထဲတွင်ထည့်ထားပြီး၃နှစ်ကျော်ကြာအောင်စုဆောင်းထားခဲ့တာဖြစ်ပါတယ်။ချစ်သူလေးကိုတင်တောင်းဖို့အတွက် ဝါးဗူးလေးတွေကိုဖွင့်ကြည့်ပြီးပျော်နေပုံဟာလူတိုင်းကို ကြည်နူးဝမ်းသာမိစေပါတယ်။

Shoon (Cele Daily)

Zawgyi

ခ်စ္သူေကာင္မေလးကို ေတာင္းရမ္းလက္ထပ္ယူႏိုင္ရန္အတြက္ ဝါးဗူးေလးမ်ားျဖင့္ ၃ႏွစ္ၾကာေအာင္ႀကိဳးစားၿပီး ပိုက္ဆံစုေဆာင္းခဲ့သည့္လူငယ္ေလး

စုံတြဲမ်ားမွေကာင္မေလးျဖစ္သူတို႔၏တန္ဖိုးဆိုသည္မွာ ေငြေၾကးမ်ားျဖင့္တိုင္းတာၾကည့္လို႔မရႏိုင္ဘဲ ခ်စ္သူေကာင္ေလး၏တန္ဖိုးထားတတ္မႈအေပၚတြင္သာ မ်ားစြာမူတည္ေနျခင္းျဖစ္ပါတယ္။

ယခုတြင္လည္းမေလးရွားႏိုင္ငံမွအမ်ိဳးသားတစ္ဦး၏ခ်စ္သူေကာင္မေလးအေပၚတြင္ တန္းဖိုးထားခ်စ္မႈဟာအလြန္ၾကည္ႏူးဖြယ္ရာေကာင္းလွပါတယ္။အမ်ိဳးသားဟာေက်ာင္းတက္စဥ္အခါတည္းကတြဲလာခဲ့ၾကၿပီးရည္းစားသက္တမ္း၁၁ႏွစ္အထိရွိခဲ့ခ်ိန္တြင္လက္ထပ္ယူဖို႔စီစဥ္ခဲ့ပါတယ္။

ေငြေၾကးျပည့္စုံသူမဟုတ္ေသာ္လည္း ခ်စ္သူကိုတင္ေတာင္းႏိုင္ရန္အတြက္ ပိုက္ဆံေလးေတြကိုဝါးဗူးေလးထဲတြင္ထည့္ထားၿပီး၃ႏွစ္ေက်ာ္ၾကာေအာင္စုေဆာင္းထားခဲ့တာျဖစ္ပါတယ္။ခ်စ္သူေလးကိုတင္ေတာင္းဖို႔အတြက္ ဝါးဗူးေလးေတြကိုဖြင့္ၾကည့္ၿပီးေပ်ာ္ေနပုံဟာလူတိုင္းကို ၾကည္ႏူးဝမ္းသာမိေစပါတယ္။

Shoon (Cele Daily)

  • Leave a Comment

Categories