Instagram ရှိ Ahuozia လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးထံမှ အံ့အားသင့်ခံလိုက်ရပြီးနောက်မှာ နိုင်ဂျီးရီးယားနိုင်ငံသား ငှက်ပျောသီးကြော်ရောင်းသည်အမျိုးသမီးကြီးတစ်ဦးဟာ ရက်ပိုင်းအတွင်း ပိုမိုပျော်ရွှင်လာခဲ့ပါတယ်။ ယခင်ရက်များတွင်မှာ Ahuozia ဟာ ဌက်ပျောသီးကြော်သည်ရဲ့ အကြော်တွေက အရသာမရှိကြောင်း ဟန်ဆောင်ဝေဖန်ခဲ့တာပါ ။ ဒါပေမဲ့ သူမက ရက်တစ်ပတ်အကြာမှာတော့ အဆိုပါဌက်ပျော်ကြော်သည်အား နိုင်ဂျီးရီးယား N500 ငွေစက္ကူများ ပေးဆောင်ရန် ၎င်းနေရာသို့ နောက်တစ်ကြိမ် အလည်ပြန်ရောက်လာခဲ့ပါတယ်။
Ahuozia က သူမရဲ့ Instagram ရှိပရိသတ်များက ဌက်ပျော်ကြော်သည်ရဲ့လုပ်ငန်းကို ထောက်ပံ့ကူညီပေးဖို့ N 500,000 ( 21 သိန်းကျော် ) ငွေစက္ကူတွေကို ၊ လှူဒါန်းပေးလိုက်ကြောင်းဆိုကာ သူမအား ထုတ်ပေးလိုက်တော့မှ အဆိုပါ အကြော်သည်အမျိုးသမီးဟာ ချက်ချင်းဘဲ မျက်ရည်ကျလာပြီး မြေကြီးပေါ်အထိတောင် ပစ်လဲကျသွားခဲ့ပါတယ်။ ၎င်းဗီဒီယိုဟာ ကြိုက်နှစ်သက်သူ ထောင်နဲ့ချီကာ “ မင်း ဒီကို ပြန်လာမယ်ဆိုတာသိနေတယ် Ahuozia ” ၊ “ ကံကောင်းခြင်းတွေက ဒီအကြော်သည်ကို ရှာဖွေတွေ့ရှိခဲ့တာဘဲ ” ၊ “ မင်းက ငါ့ကို ပြုံးအောင် လုပ်ပေးနေတာဘဲ ”၊ “ ညီမကို ဘုရားသခင် ကောင်းချီးပေးပါစေ၊ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ အကုန်လုံးကို ထည့်စဉ်းစားပြီး အဲဒီငွေပမာဏနဲ့ သူမဘေးကင်းမယ်လို့ ငါတကယ်မျှော်လင့်ပါတယ်။ ” စတဲ့ အပြုသဘောဆောင်တဲ့မှတ်ချက်များစွာဖြင့်လည်း တုံ့ပြန့်ပေးခဲ့ကြပါတယ်။
Mia (KB Chimmy one)
Reference : legit
Zawgyi
Instagram ရွိ Ahuozia လို႔ေခၚတဲ့ အမ်ိဳးသမီးတစ္ဦးထံမွ အံ့အားသင့္ခံလိုက္ရၿပီးေနာက္မွာ ႏိုင္ဂ်ီးရီးယားႏိုင္ငံသား ငွက္ေပ်ာသီးေၾကာ္ေရာင္းသည္အမ်ိဳးသမီးႀကီးတစ္ဦးဟာ ရက္ပိုင္းအတြင္း ပိုမိုေပ်ာ္႐ႊင္လာခဲ့ပါတယ္။ ယခင္ရက္မ်ားတြင္မွာ Ahuozia ဟာ ဌက္ေပ်ာသီးေၾကာ္သည္ရဲ႕ အေၾကာ္ေတြက အရသာမရွိေၾကာင္း ဟန္ေဆာင္ေဝဖန္ခဲ့တာပါ ။ ဒါေပမဲ့ သူမက ရက္တစ္ပတ္အၾကာမွာေတာ့ အဆိုပါဌက္ေပ်ာ္ေၾကာ္သည္အား ႏိုင္ဂ်ီးရီးယား N500 ေငြစကၠဴမ်ား ေပးေဆာင္ရန္ ၎ေနရာသို႔ ေနာက္တစ္ႀကိမ္ အလည္ျပန္ေရာက္လာခဲ့ပါတယ္။
Ahuozia က သူမရဲ႕ Instagram ရွိပရိသတ္မ်ားက ဌက္ေပ်ာ္ေၾကာ္သည္ရဲ႕လုပ္ငန္းကို ေထာက္ပံ့ကူညီေပးဖို႔ N 500,000 ( 21 သိန္းေက်ာ္ ) ေငြစကၠဴေတြကို ၊ လႉဒါန္းေပးလိုက္ေၾကာင္းဆိုကာ သူမအား ထုတ္ေပးလိုက္ေတာ့မွ အဆိုပါ အေၾကာ္သည္အမ်ိဳးသမီးဟာ ခ်က္ခ်င္းဘဲ မ်က္ရည္က်လာၿပီး ေျမႀကီးေပၚအထိေတာင္ ပစ္လဲက်သြားခဲ့ပါတယ္။ ၎ဗီဒီယိုဟာ ႀကိဳက္ႏွစ္သက္သူ ေထာင္နဲ႔ခ်ီကာ “ မင္း ဒီကို ျပန္လာမယ္ဆိုတာသိေနတယ္ Ahuozia ” ၊ “ ကံေကာင္းျခင္းေတြက ဒီအေၾကာ္သည္ကို ရွာေဖြေတြ႕ရွိခဲ့တာဘဲ ” ၊ “ မင္းက ငါ့ကို ၿပဳံးေအာင္ လုပ္ေပးေနတာဘဲ ”၊ “ ညီမကို ဘုရားသခင္ ေကာင္းခ်ီးေပးပါေစ၊ ဒါေပမယ့္ ပတ္ဝန္းက်င္နဲ႔ အကုန္လုံးကို ထည့္စဥ္းစားၿပီး အဲဒီေငြပမာဏနဲ႔ သူမေဘးကင္းမယ္လို႔ ငါတကယ္ေမွ်ာ္လင့္ပါတယ္။ ” စတဲ့ အျပဳသေဘာေဆာင္တဲ့မွတ္ခ်က္မ်ားစြာျဖင့္လည္း တုံ႔ျပန္႔ေပးခဲ့ၾကပါတယ္။
Mia (KB Chimmy one)