ပိုက်ဆံမလောက်တာကြောင့် ဗိုက်မဆာပူးဟုဆိုပြီး ခေါက်ဆွဲတစ်ပွဲသာမှာယူခဲ့၍ သမီးလေးမကုန်ခါကျမှ လက်ကျန်လေးကိုစားခဲ့သော ဖခင်ကြီး

မိဘတို့ရဲ့ မေတ္တာသည် သားသမီးတွေအတွက်ဆိုရင် အချိန်အခါမရွေး အမြဲလိုလို အသင့်ရှိနေပေးတတ်ပြီး အနစ်ခံလွန်းတတ်သည့် ကျေးဇူး ကြီးမားလှပေသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၆၀နှစ်အရွယ် ဖခင်တစ်ဦးသည် သန့်ရှင်းရေးအလုပ်ဖြင့် စားဝတ်နေရေးအတွက် ဝင်ငွေရှာကာ အသက်မွေး၀မ်းကျောင်း ပြုနေရင်း ပင်ပန်းသမျှ ခက်ခဲနေသမျှကို သမီးလေးအား အသိမပေးလိုခဲ့ပေ။

တစ်နေ့တွင် သမီးဖြစ်သူမှ ဖခင်ကြီးအား ခေါက်ဆွဲပြုတ်လေးဝယ်ကျွေးရန် တောင်းဆိုခဲ့ရာ လက်ထဲတွင် ပိုက်ဆံသိပ်မကျန်တော့ပေမယ့် မငြင်းရက်ပဲ သမီးလေးစိတ်ချမ်းသာအောင် ဗိုက်ဝအောင် လိုက်ကျွေးရန် သဘောတူခဲ့သည်။

ထို့နောက် ခေါက်ဆွဲဆိုင်သို့ ရောက်သွားသောအခါ ဖခင်ဖြစ်သူသည် သမီးလေးစားချင်နေသည့် ခေါက်ဆွဲတစ်ပွဲကိုသာ မှာယူပေးခဲ့ပြီး သူကိုယ်တိုင်ကျ ရေတစ်ခွက်ကိုသာ ထိုင်သောက်ရင်း စောင့်ပေးနေခဲ့သည်။

သို့ပေမယ့် သမီးဖြစ်သူသည် ဗိုက်ဝသောအခါ သန့်စင်ခန်းသို့ သွားဦးမည်ဟု ဆိုခဲ့ပြီး ထွက်သွားစဥ် ဖခင်ဖြစ်သူသည် သမီးလေးစားပြီးသား ပန်းကန်ထဲမှာ ကျန်ရှိနေသော ခေါက်ဆွဲအား အားရပါးရ ယူစားနေခဲ့သည်။

သမီးလေးသည် ထိုနေရာသို့ပြန်လာချိန် ဖခင်ဖြစ်သူရဲ့ အဖြစ်ကို မြင်သွားပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်များစွာ ကျခဲ့ပြီးနောက် အနစ်ခံလွန်းသော ဖခင်ဖြစ်သူကို ပွေ့ဖက်ထားလိုက်သည်။

Rain (For Ialinks)

Zawgyi

ပိုက္ဆံမေလာက္တာေၾကာင့္ ဗိုက္မဆာပူးဟုဆိုၿပီး ေခါက္ဆြဲတစ္ပြဲသာမွာယူခဲ့၍ သမီးေလးမကုန္ခါက်မွ လက္က်န္ေလးကိုစားခဲ့ေသာ ဖခင္ႀကီး

မိဘတို႔ရဲ႕ ေမတၱာသည္ သားသမီးေတြအတြက္ဆိုရင္ အခ်ိန္အခါမေ႐ြး အၿမဲလိုလို အသင့္ရွိေနေပးတတ္ၿပီး အနစ္ခံလြန္းတတ္သည့္ ေက်းဇူး ႀကီးမားလွေပသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံမွ အသက္၆၀ႏွစ္အ႐ြယ္ ဖခင္တစ္ဦးသည္ သန္႔ရွင္းေရးအလုပ္ျဖင့္ စားဝတ္ေနေရးအတြက္ ဝင္ေငြရွာကာ အသက္ေမြး၀မ္းေက်ာင္း ျပဳေနရင္း ပင္ပန္းသမွ် ခက္ခဲေနသမွ်ကို သမီးေလးအား အသိမေပးလိုခဲ့ေပ။

တစ္ေန႔တြင္ သမီးျဖစ္သူမွ ဖခင္ႀကီးအား ေခါက္ဆြဲျပဳတ္ေလးဝယ္ေကြၽးရန္ ေတာင္းဆိုခဲ့ရာ လက္ထဲတြင္ ပိုက္ဆံသိပ္မက်န္ေတာ့ေပမယ့္ မျငင္းရက္ပဲ သမီးေလးစိတ္ခ်မ္းသာေအာင္ ဗိုက္ဝေအာင္ လိုက္ေကြၽးရန္ သေဘာတူခဲ့သည္။

ထို႔ေနာက္ ေခါက္ဆြဲဆိုင္သို႔ ေရာက္သြားေသာအခါ ဖခင္ျဖစ္သူသည္ သမီးေလးစားခ်င္ေနသည့္ ေခါက္ဆြဲတစ္ပြဲကိုသာ မွာယူေပးခဲ့ၿပီး သူကိုယ္တိုင္က် ေရတစ္ခြက္ကိုသာ ထိုင္ေသာက္ရင္း ေစာင့္ေပးေနခဲ့သည္။

သို႔ေပမယ့္ သမီးျဖစ္သူသည္ ဗိုက္ဝေသာအခါ သန္႔စင္ခန္းသို႔ သြားဦးမည္ဟု ဆိုခဲ့ၿပီး ထြက္သြားစဥ္ ဖခင္ျဖစ္သူသည္ သမီးေလးစားၿပီးသား ပန္းကန္ထဲမွာ က်န္ရွိေနေသာ ေခါက္ဆြဲအား အားရပါးရ ယူစားေနခဲ့သည္။

သမီးေလးသည္ ထိုေနရာသို႔ျပန္လာခ်ိန္ ဖခင္ျဖစ္သူရဲ႕ အျဖစ္ကို ျမင္သြားၿပီး စိတ္မေကာင္းျဖစ္ကာ မ်က္ရည္မ်ားစြာ က်ခဲ့ၿပီးေနာက္ အနစ္ခံလြန္းေသာ ဖခင္ျဖစ္သူကို ေပြ႕ဖက္ထားလိုက္သည္။

Rain (For Ialinks)

  • Leave a Comment

Categories