Lola Chuil (Lolita) လို့ခေါ်တဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အလှဆုံး အာဖရိကမိန်းကလေးလို့ ခေါင်းစဉ်တပ်ကာ လူမှုကွန်ရက်ပေါ်မှာ အဖျားတက်သွားတာနဲ့ တပြိုင်နက် Lolita ရဲ့ အလှက လူတိုင်းစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က Lolita ရဲ့ပုံများဟာ အင်တာနက်ဖိုရမ်များမှာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့ပါတယ် ။
ဒီအာဖရိကမိန်းကလေးရဲ့ အလှက အားလုံးကို ချိုးဖျက်နိုင်တဲ့ ထူးခြားတဲ့အလှကြောင့် အားလုံးကို လွှမ်းမိုးထားပါတယ် ။ Lolita က တောက်ပြောင်တဲ့ အမည်းရောင်အသားအရည်၊ နူးညံ့သိမ်မွေ့တဲ့မျက်နှာနဲ့ အထူးသဖြင့် စွဲမက်ဖွယ်ကောင်းသော နက်နဲသောမျက်လုံးများကို ပိုင်ဆိုင်ထားပါတယ် ။ လူမှုကွန်ရက်ပေါ် ရေပန်းစားနေတဲ့ အချိန်မှာ Lolita ရဲ့ဘဝဟာလည်း အနှောင့်အယှက်များစွာရှိလာခဲ့ပါတယ် ။
သူမရဲ့မိဘများက ၎င်းတို့ရဲ့သမီးအတွက် အလွန်စိုးရိမ်ခဲ့ကြပြီး ဘေးကင်းစေရန်အတွက် မိဘက Lolita ကို သူမနဲ့အတူ အနည်းဆုံးဆွေမျိုးတစ်ဦးရှိမှသာ အိမ်အပြင်ထွက်ခွင့်ပြုခဲ့ပါတယ် ။ လက်ရှိမှာတော့ Lolita ဟာ အရမ်းထူးခြားတဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်နဲ့ ပိုပြီးဆွဲဆောင်မှုဖြစ်စေတဲ့ ရင့်ကျက်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ် ။
JRose (Mckzone daily)
Reference : bestie
Zawgyi
JRose (Mckzone daily)