မင်္ဂလာပါ။လူတိုင်းမှာ တခြားသူကြားမိရင် ထရီလောက်မယ့် ခပ်ကြောင်ကြောင်အတွေးတွေ ကိုယ်စီရှိကြမှာပါ။..တချို့ကျတော့ ဒီအတွေးတွေက ခပ်ကြောင်ကြောင်နိုင်မှန်းသိတော့ လက်တွေ့အကောင်အထည်မဖော်လိုက်ကြပေမယ့် တချို့ကျတော့ ကိုယ့်ရဲ့ ခပ်ကြောင်ကြောင်အတွေးစိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လိုက်ကြပါတော့တယ်။ သူတို့ရဲ့ ခပ်ကြောင်ကြောင်အတွေးတွေကို အကောင်အထည်ဖော်တဲ့ အခါမှာတော့ ကျွန်တော်တို့ မြင်ဖူးသမျှထဲ ပေါက်ကရအနိုင်ဆုံး ခပ်ကြောင်ကြောင်တီထွင်မှုတွေ ဖြစ်သွားပါတော့တယ်..ဆက်လက်ပြီးတော့ ကြည့်ရှုလိုက်ကြပါအုံးနော်.
(၁)
တရုတ်တွေ တီထွင်ပေးလိုက်တဲ့ အိမ်မှာ ငါးမွေးဖို့ နေရာမရှိဘူးဆိုရင် ထည့်မွေးလို့ရတဲ့ အိမ်သာငါးမွေးကန်
(၂)
ခေါက်ဆွဲစားရင် အရည်မစင်အောင် တီထွင်းပေးထားတဲ့ အကာ
(၃)
သင်ဒီနေ့ဝတ်လိုက်တဲ့ အတွင်းခံကို ကြည့်ကောင်းလိုက်တာလို့ ပြောပေးမယ့်သူမရှိ ဖြစ်နေပါသလား..ဒါဆိုရင် ဒီခြေသုတ်ကော်ဇောလေး ဝယ်သင့်ပါပြီ။ သင်နေ့တိုင်းဝတ်သမျှ အတွင်းခံတိုင်းကို သင်နှင့်ကြည့်ကောင်းတယ်လို့ပြောပေးမှာပါ။ ကြည့်ရတာ ဒီကော်ဇောကို ဖန်တီးဖို့ အကြံညဏ်ကို ရခဲ့သူက အတွင်းခံလှလှလေးတွေ ဝတ်ရတာ ကြိုက်တဲ့ သူဖြစ်ပါလိမ့်မယ်။
(၄)
အံ့မယ်… မြက်ခင်းပြင်လေးပေါ်မှာ လမ်းလျှောက်သလို အရသာမျိုးကို ခံစားရစေမယ့် ကြက်ပေါင်ဖိနပ်တဲ့
(၅)
ကော်ဖီလည်းသောက်ရင်း မိီးပူထိုးလို့ရတဲ့ အရာ … ကော်ဖီဖိတ်မှ ပိုအလုပ်ရှုပ်ကုန်မယ်
(၆)
သင့်သူငယ်ချင်းက အရာရာပြည့်စုံတဲ့သူတစ်ယောက်ဖြစ်နေလို့ လက်ဆောင်ပေးဖို့တွေ စဉ်းစားရခက်နေပါသလား… ဘာမှမပါတဲ့ လက်ဆောင်ကိုတောင် ဝယ်ပြီး ပေးလို့ရပါတယ်။ အရာရာပြည့်စုံနေတဲ့သူတွေအတွက် ဘာမှမပါတဲ့ လက်ဆောင်ကို ရောင်းနေပါတယ်။
(၇)
ပန်းကန်စင်ကို အထူးတဆန်းအိမ်မှာထားချင်တယ်ဆိုရင်တော့ အနူးညံ့ဆုံး ပန်းကန်စင်ကိုလည်း တီထွင်ထားကြပါသေးတယ်။ နူးညံ့လွန်းလို့ တစ်ရက်တည်းနှင့်တင် ပန်းကန်တွေတော့ ကွဲသွားနိုင်ပါတယ်။
(၈)
အမှောင်ထဲမှာဆို လင်းတဲ့ အိမ်သာသုံးစက္ကူ.. ရီမနေကြနဲ့ အုံးနော် ပရိသတ်တို့.. သန့်စင်ခန်းထဲ မီးပြတ်နေချိန်မှာ အသုံးဝင်ရင် ဝင်မှာပေါ့နော်။
(၉)
မုန့်စားရင်းနှင့် ဆဲလ်ဖီပါဆွဲလို့ ရမယ့် အချောင်းလေး…
(၁၀)
အလုပ်လုပ်နေရင်း ဆော့လို့ရမယ့် နှာခေါင်း ဘက်စကက်ဘော ..
ကလေးတွေအတွက်တော့ ပျော်စရာကစားနည်းဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူကြီးတွေအတွက်ကတော့ ပေါက်ပေါက်ရှာရှာ ကစားနည်းပါပဲ။
(၁၁)
ပြတ်တုန်း လပ်တုန်း ၂၃ရက်တွေမှာ မြင်မြင်သမျှက စားချင်စရာတွေပါပဲ။ ဘိုင်ပြတ်နေချိန်မှာ ဒီနှုတ်ခမ်းနီကို ဆိုးလိုက်ရုံနှင့် ဘေကွန်အသားပြား အနံ့အရသာ ရစေနိုင်ပါတယ်တဲ့..နှုတ်ခမ်းနီနှင့် အစားအသောက်ကို တွဲဖက်စဉ်းစားမိတဲ့ အကြံညဏ်ကိုတော့ အံ့သြမဆိုးနိုင်ပါဘူး။
(၁၂)
နှာခေါင်းပုံစံ ဆပ်ပြာညှစ်ခွက်ပါ… နှာခေါင်းပေါက်ထဲက ဆပ်ပြာအဆီတွေ ထွက်လာမှာဆိုတော့ အလွယ်တကူ ရွံတတ်သူတွေအတွက်တော့အဆင်မပြေလောက်ပါဘူး။
(၁၃)
လက်မတိုက်ပွဲကို Star Wars အသဲစွဲတွေအတွက် တီထွင်ပေးထားတဲ့ အရုပ်ပါ…. လက်မတိုက်ပွဲကို ရိုးရိုး တိုက်ရမှာမဟုတ်ပဲ စတားဝါး လေဆာ ဓားတွေနဲ့ တိုက်ပွဲဝင်ရမှာပဲ ဖြစ်ပါတယ်။ စတားဝါး ဖန်တွေအတွက်တော့ အကြိုက်ပါပဲနော်။
(၁၄)
ဒီအသားကပ်ဘောင်းဘီကို ဝတ်လိုက်ရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်အစိတ်အပိုင်းတွေဖြစ်တဲ့ အရိုးနှင့် အကြောတွေကိုပါ မြင်ရသလို ခံစားရစေမှာပဲဖြစ်ပါတယ်။
(၁၅)
အမွှေးထူပင့်ကူတစ်မျိုးကို အခြောက်ခံထားပြီး စားလို့ရတဲ့ စည်သွပ်ဘူး… ဘယ်လိုနေလည်း ပရိသတ်တို့ရေ ပုရစ်ကြော်တို့ ဘာတို့လို စားကောင်းလောက်မယ်ထင်ပါသလား
(၁၆)
တိတ်တိတ်လေးခိုးပြီး အိပ်ငိုက်တတ်တဲ့ သူတွေအတွက ်အသုံးတည့်မယ့် မျက်လုံးပုံစတစ်ကာ .. အတန်းထဲမှာ ဆရာမက စာလှမ်းမေးရင်တော့ မတတ်နိုင်ဘူးနော်။
(၁၇)
ဆောင်းရာသီမှာနွေးနွေးထွေးထွေးရှိဖို့ ခေါင်းကိုပဲ ဦးထုပ်ဆောင်းတာ မတရားဘူးလေ.. ဒီတော့ နားရွက်လေးအတွက် ဦးထုပ်လေးပါ ထွင်ပေးလိုက်တယ်။
(၁၈)
ခင်မင်ရင်းနှီးလွယ်တဲ့ သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ လက်အများကြီး ပါဝင်တဲ့ လက်ချောင်းအစွပ်လေးတွေ….. တစ်ပြိုင်နက်တည်းများ နှုတ်ဆက်လို့ရအောင် တီထွင်ထားလားတော့ မသိပါဘူး။
(၁၉)
ပဲပင်ပေါက် ကလစ်.. ချစ်စရာကောင်းအောင် ကလစ်ဝတ်ရတာ ရိုးလာပြီဆိုရင် သဘာဝနှင့်နီးစပ်တဲ့ ကလစ်လေး ပန်ကြည့်ကြတာပေါ့
(၂၀)
အီးပုံ emoji တွေ ရိုက်နှိပ်ထားတဲ့ရှပ်အင်္ကျီ.. ဘယ်လိုလဲ..သတ္တိရှိရင် ရုံးသွားအလုပ်သွားအတွက် ဝတ်သွားရဲကြရဲ့လား..
(၂၁)
သူကတော့ လည်သာ ၊ အမွှေးလေးတွေနှင့် လှသွားအောင် ထုတ်လုပ်ထားတဲ့ လက်အိတ်ပါ… လက်သည်းတုလေးတွေတောင် ထည့်ပေးထားသေးတယ်။ကြောက်စရာကောင်းသွားတာတော့ မတတ်နိုင်ဘူးလေနော်။
(၂၂)
သင့်ကိုလူတိုင်းက တလေးတစား ဦးထုပ်ချွတ်ပြီး နှုတ်ဆက်သလို အရသာလေး ခံစားရစေမယ့် မီးခြစ် တီထွင်မှုပါ။ ဝယ်ချင်သွားပြီ မဟုတ်လား။
(၂၃)
ခိုလေးတွေကြားထဲမှာ သင်သွားချင်သလို သွားလို့ရဖို့အတွက် ရွှေဉာဏ်တော် စူးရောက်စွာ တီထွင်လိုက်မှုကြီးပါပဲ။
(၂၄)
တစ်ချက်ခုတ် နှစ်ချက်ပြတ်တယ်ဆိုတာ ဒီလိုတီထွင်မှုမျိုးကိုပြောတာပါ။ လိုချင်သွားကြပြီမလား။
(၂၅)
နှစ်မျိုးသုံးလို့ရတဲ့ ပစ္စည်းလို့ ဆိုရမှာပါ။ စားပွဲခုံခြေထောက်တွေ အနေနဲ့ သုံးမလား၊ ပုဆိန်အနေနဲ့ သုံးမလား။
(၂၆)
နေ့တိုင်း မြင်နေရတဲ့ မီးခလုတ်ကို ရိုးနေပြီဆိုရင် ဒီလို လီဗာကိုသုံးပြီး အဆန်းတကြယ် မီးဖွင့်လို့ပိတ်လို့ရတဲ့ မီးခလုတ်လေးကို ဆင်ထားသင့်ပါတယ်နော်။
(၂၇)
အီမိုဂျီ အရုပ်လေးတွေကို ကြိုက်လွန်းတဲ့ သူတွေအတွက် စပါယ်ရှယ် ထုတ်လုပ်ထားတဲ့ ဘောပင်ဒီဇိုင်း။
(၂၈)
အချိန်ပြည့်ဖေ့ဘုတ် သုံးနေတဲ့ သူဆိုတော့ ရေချိုးချိန်တောင် အလွတ်မခံတတ်တာမျိုး
ပရိသတ်တို့ရော ဒီခပ်ကြောင်ကြောင်တီထွင်မှုတွေကို နေ့စဉ်ဘဝကို အထောက်အကူပြုတဲ့ အထိ အသုံးဝင်တယ်လို့ထင်ပါသလား..
ပရိသတ်တွေကိုယ်တိုင်ရော စိတ်ကူးရှိတိုင်းသာ တီထွင်ဖန်တီးနိုင်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုအရာတွေကို တီထွင်ဖြစ်မလဲ..ပြန်လည်မျှဝေခဲ့စေချင်ပါတယ်။
Credit-celeguru