မကြာသေးမီက ရယ်စရာတစ်ခုလို ပျံ့နှံ့နေခဲ့သည့် အမျိုးသမီးတစ်ဦးရဲ့စကပ်ကို လန်ကြည့်ခဲ့တဲ့ကောင်လေးရဲ့ရိုင်းစိုင်းဖွယ်လုပ်ရပ်က လူအများကို ဒေါသထွက်စေခဲ့

ကလေးများဟာ အမှားအမှန်ကို နားလည်ရန် ငယ်လွန်းသည်ဟု ကျွန်တော်တို့ယူဆထားတဲ့အတွက်ကြောင့် သူတို့ အမှားလုပ်မိသည့်အခါ မျက်စိမှိတ်ပြီး လွတ်ထားတတ်ကြပါတယ်။ သို့ပေမဲ့ ထိုသို့သောလုပ်ရပ်များက ကလေးများကို ပြုစုပျိုးထောင်ရာတွင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့အမှားရဲ့ပြင်းထန်မှုအပေါ်မူတည်ပြီး သူတို့ကိုအပြစ်မပေးဘဲ အဲ့ဒီအစား သူတို့လုပ်နေတာတွေက တခြားသူတွေ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကို ထိခိုက်သွားစေနိုင်တယ်ဆိုတာကိုသိဖို့ သူတို့ကို ပညာပေးလိုက်သင့်ပါတယ်။

မကြာသေးမီက၊ တွစ်တာပို့စ်တစ်ခုမှာ အမျိုးသမီးတစ်ဦးဟာ ကလေးငယ်များအား ရေခဲမုန့်ကို ၊ရက်ရောကြင်နာစွာ ဝယ်ကျွေးနေသည့် ဗီဒီယိုဟာ အင်တာနက်အသုံးပြုသူများရဲ့ အာရုံစိုက်မှုကို ဖမ်းစားခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ သူမနောက်မှာရပ်နေတဲ့ လူငယ်လေးအား ရေခဲမုန့်တစ်ခွက်ပေးကာ ခေါင်းလေးပွတ်ပေးခဲ့ပြီး အခြားကလေးများအား နောက်ထပ် ရေခဲမုန့်များပေးရန်အတွက် အရှေ့သို့ပြန်လှည့်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါအမျိုးသမီးက ကောင်လေးအား နောက်ကျောပေးထားလိုက်တဲ့အချိန်ခဏတာလေးအတွင်းမှာ အဆိုပါကောင်လေးက သူမဝတ်စုံရဲ့စကပ်ကို မဖွယ်မရာ လန်ကြည့်လိုက်ပါတယ်။

ထို့နောက် အမျိုးသမီးက ကောင်လေးရဲ့လုပ်ရပ်ကြောင့် တုန်လှုပ်သွားပြီး စိတ်ထိန်းကာ ရပ်တန့်လိုက်ရပါတယ်။ လူအများကြား ပျံ့နှံ့လာတဲ့ ဒီဖြစ်ရပ်ဟာ အချို့လူများအတွက် ရယ်စရာတစ်ခုလိုဖြစ်နေပေမဲ့ အချို့သောအင်တာနက်အသုံးပြုသူတွေကတော့ အဆိုပါအမျိုးသမီးကိုယ်စား ဒေါသထွက်ခဲ့ကြကာ ကောင်လေးရဲ့မိဘဖြစ်သူတွေ သိဖို့ကိုပါ သတိပေးခဲ့ကြပါတယ်။

ထို့ပြင် “ အန္တရာယ်များတယ်၊ ဒီအရွယ်ကလေးက စကတ်တွေကို မြှောက်တတ်နေပြီ။ ဒီကလေးက ကို သင်ကြားဖို့လိုအပ်တယ် ၊ အချိန်မနှောင်းမီ သူ့အပြုအမူကို ပြင်ဖို့လိုတယ် ” ဟု အင်တာနက်သုံးစွဲသူတစ်ဦးက သတိပေးခဲ့ပါတယ်။ တကယ်လည်း ခေတ်မီတိုးတက်လာတာနဲ့အမျှ ကလေးများကို ပြုစုပျိုးထောင်ရာမှာ အရေးပါသော အခန်းကဏ္ဍမှ မဖြစ်မနေပါဝင်လာဖို့ လိုအပ်လာပါပြီ။ ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ယောက်ကို ထိတွေ့တာဟာ အဆင်မပြေဘူးဆိုတာ ကလေးတွေ သိထားဖို့လိုတဲ့အပြင်၊ ကလေးများဟာ ကျား၊မ နယ်နိမိတ်တွေကို သင်ကြားဖို့နှင့် အချင်းချင်းရဲ့နယ်နိမိတ်များကို လေးစားလိုက်နာတတ်ဖို့ အထူးလိုအပ်ပါတယ်။

JRose (KB Chimmy one)

Reference : worldofbuzz

  • Leave a Comment

Categories