အချစ်စစ်နဲ့ တွေ့ရှိတဲ့သူတိုင်းသည် ကိုယ့်ချစ်သူကို အခြားသူများမှ မည်မျှပဲ မကောင်းပြောဆိုနေပါစေ ဘယ်လိုမှ အပြစ်မမြင်ရက်ပဲ ချစ်မြဲတိုင်းချစ်တတ်ကြသည်။
အမေရိကန်နိုင်ငံမှ အသက်၃၂နှစ်အရွယ် အမျိုးသမီးလေးတစ်ဦးသည် ပုံမှန်မဟုတ်ပဲ မွေးရာပါ အရိုးအဆစ်ချို့ယွင်းချက်ရောဂါကြောင့် အရပ်အမောင်းအရ ၈၆စင်တီမီတာသာရှိပြီး လူပုမလေးဖြစ်နေခဲ့သည်။
အမျိုးသမီးသည် အသက်ကြီးပြီး အရပ်ပုဖြစ်နေတာကြောင့် သူငယ်ချင်း အပေါင်းအသင်းနှင့် ပတ်ဝန်းကျင်တို့ရဲ့ ရယ်မော လှောင်ပြောင်ခြင်းများစွာကို ခံခဲ့ရပြီး သူတို့လိုအိမ်ထောင်သည်ဘဝရဲ့ ပျော်ရွှင်စရာရသတွေကိုလည်း ဒီတစ်သက် ခံစားနိုင်မှာ မဟုတ်ပူးဟု ဆိုကြသေးသည်။
သို့သော်လည်း လူပုမလေးသည် သူမထက် အသက်၁၃နှစ်ငယ်သော ကောင်လေးနှင့် ဆုံတွေ့ခဲ့ပြီး ချစ်ခြင်းမေတ္တာအပြည့်အဝရရှိကာ အလွန်ပျော်ရွှင်နေရသောအခါ အများမှ အရပ်အမောင်းနှင့် အသက်အရွယ် ကွာခြားမှုကြောင့် မယုံနိုင်ဖြစ်ရင်း အားကျနေခဲ့ကြသည်။
video
Hlaing (Love Feeling)
Zawgyi
အချစ်စစ်မှာ ရုပ်ရည်သွင်ပြင် အရပ်အမောင်းတို့နှင့် မသက်ဆိုင်ကြောင်း သက်သေပြနေသော ချစ်သူစုံတွဲ
Hlaing (Love Feeling)