ဂျပန်နိုင်ငံဟာ အခြားသောကမ္ဘာ့နိုင်ငံတွေထပ် ခြေလှမ်းများစွာသာနေတာကို သက်သေပြပေးနေတဲ့ ဓာတ်ပုံ (၂၈)ပုံ

မင်္ဂလာပါ။ဂျပန်နိုင်ငံဟာ အံ့အားသင့်စရာအရာတွေကို အမြဲတမ်းတွေ့မြင်ရလေ့ရှိတယ်လို့ လူတိုင်းလက်ခံကြပါတယ်။ ဂျပန်နိုင်ငံရဲ့ဆန်းသစ်မှုတွေဟာ နိုင်ငံပေါင်းစုံက အတုယူနေရတဲ့ အထိပါပဲ။ ဒါတင်မကသေးဘဲ ဂျပန်နိုင်ငံက နေ့စဉ်ထွက်ပေါ်လာတဲ့ အရာတွေဟာ အခြားသောကမ္ဘာ့နိုင်ငံတွေထပ် ခြေလှမ်းများစွာသာနေတာကို သက်သေပြပေးနေတဲ့အရာတွေလည်း များစွာရှိပါသေးတယ်။ စိတ်ဝင်စားရင်တော့ ဓာတ်ပုံလေးတွေကို ဆက်လက်ကြည့်ှရှုလိုက်ကြပါအုံးနော်။

(၁)

အလိုအလျောက်ကားပါကင်ထိုးတဲ့ စနစ်ကို အံ့သြနေပြီလား..ဒါဆိုရင် အော်တိုစနစ်နဲ့ ဖိနပ်စီပေးတဲ့ ဂျပန်နိုင်ငံက နည်းပညာကို ပိုပြီး အံ့သြသွားလောက်မယ်ထင်ပါတယ်။

(၂)

မြေနေရာလစ်လပ်မှုတွေပိုရအောင် ဂျပန်နိုင်ငံမှာကားတွေကို ဒေါင်လိုက်အစီအစဉ်အတိုင်း ပါကင်ထိုးကြပါတယ်။

(၃)

ဂျပန်နိုင်ငံက အိမ်သာတွေမှာ အော်တိုစနစ်နဲ့ သန့်ရှင်းရေးလုပ်ပေးတယ်ဆိုတာမထူးဆန်းတော့သလို အိမ်တိုင်းမှာလည်းရှိပါတယ်။

(၄)

မူကြိုကလေးငယ်တွေအတွက် ကစားကွင်းနေရာပိုကျယ်စေဖို့အတွက် ကျောင်းခေါင်မိုးပေါ်မှာပါ ကစားကွင်းဖန်တီးပေးထားပါတယ်။

(၅)

မျက်စိအမြင်အာရုံချို့တဲ့သူတွေ သွားလာအဆင်ပြေရအောင် အဆောက်အဦးရဲ့ လမ်းမကြီးအလယ်ခေါင်မှာ အဝါရောင်မျဉ်းကြောင်းတွေ ထားပေးထားတာပါ.

(၆)

ဟိုတယ်တွေမှာ ဝန်ဆောင်မှုပေးဖို့အတွက် လူတွေအစားထိုး စက်ရုပ်တွေရှိပါတယ်။

(၇)

စားသောက်ဆိုင်က ဟင်းပွဲတွေကို မီနူးမှာကြည့်စရာမလိုဘဲ လက်တွေ့ပုံဖော်ထားတဲ့ 3D စားသောက်ပွဲတွေကို ကြည့်နိုင်ပါတယ်။

(၈)

ကြည့်ရှုတိုင်းကို လှတယ်လို့ ခံစားသွားရစေမယ့် စမတ်ကြည့်မှန်…စနိုးဝှိုက်ထဲက ကြည့်မှန်ကြီးကို လိုချင်သူတွေရှိရင်တော့ ဂျပန်ကနေ မှာလိုက်ပါနော်။

(၉)

နေရာရှားပါးမှုကြောင့် စိုက်ပျိုးရေးခက်ခဲပေမယ့် ဂျပန်နိုင်ငံက နည်းပညာတွေကြောင့် စပါးကို အဆောက်အဦးတွင်းမှာပဲ စိုက်ပျိုးနေကြပါပြီ.

(၁၀)

အရုပ်ကောက်စက်ကစားနည်းကို အိမ်မှာထိုင်နေရုံနဲ့ လူမသိအောင်လှမ်းကစားနိုင်ပြီး နိုင်ခဲ့ရင်တော့ သင့်အိမ်ရှေ့ထိကို လက်ဆောင်က ရောက်လာမှာပါ။

(၁၁)

စက်ဘီးစီးနေရသူတွေအတွက်လည်း မြေအောက်စက်ဘီးပါကင်ရှိတာကြောင့် စိတ်ပူစရာလုံးဝမလိုအပ်ပါဘူး။

(၁၂)

အသီးအနှံတွေကို မြင်နေကျနဲ့မတူဘဲ ပုံစံမျိုးစုံ အရွယ်အစာမျိုးစုံစတာတွေကို ဂျပန်နိုင်ငံကပဲ ဖန်တီးနိုင်တာပါ။

(၁၃)

နေရာစားသက်သာပြီး ကွယ်လွန်ပြီးသူတွေကို အမှတ်ရအောက်မေ့တဲ့ နေရာကို ဂျပန်တို့ကလှပပြီး အဆင့်အတန်းမြင့်တဲ့နည်းပညာကို အသုံးပြုပေးထားပါတယ်။

(၁၄)

ကောင်းကင်ကြီးနဲ့ ထိစပ်မတက်ဖြစ်နေတဲ့ ဒီတံတားဟာ ဂျပန်နိုင်ငံကပါပဲ။ တံတားရဲ့ ပုံစံကိုကြည့်ရင် ရိုလာကိုစတာကို တောင်သတိရမိတယ်။

(၁၅)

ဖရဲသီးက အမြဲတမ်းဘဲဥပုံဖြစ်မနေနိုင်ပါဘူး။ ဂျပန်နိုင်ငံမှာဆိုရင်ပေါ့

(၁၆)

ဂျပန်နိုင်ငံ တမူထူးခြားတဲ့ ဂတ်စ်စတေရှင်

(၁၇)

ပိုက်ဆံထည့်လိုက်ရင် စက်ထဲက ဘယ်အရာကိုမဆိုကိုယ်တိုင်ဝယ်လို့ရတဲ့ စနစ်က ဂျပန်နိုင်ငံမှာ အသားကျနေပါပြီ။

(၁၈)

မြေနေရာအတိုင်းသာဆိုရင် ကားနှစ်စီးပဲ ရပ်လို့ရပေမယ့် ဂျပန်နိုင်ငံမှာတော့ အနည်းဆုံးလေးစီးလောက် ရပ်ဖို့က အသာလေးပဲ

(၁၉)

မျက်စိအမြင်အာရုံချို့တဲ့သူတွေ အအေးသောက်ရင်ရွေးချယ်လို့ လွယ်ကူအောင် ဖန်တီးထုပ်လုပ်ထားကြပါတယ်။

(၂၀)

လွယ်အိတ်ပါ တစ်ခါတည်းချိတ်လို့ရမယ့်ထိုင်ခုံ

(၂၁)

ရထားစီးရင်း စိတ်ပါရင် ခြေထောက်သန့်ရှင်းရေးပြုလုပ်ပြီး အနားယူလို့ရပါသေးတယ်။

(၂၂)

လမ်းမပေါ်မှာ အခမဲ့တစ်ရှုးဝေသူတွေဆီက ရနိုင်ပါသေးတယ်။

(၂၃)

လုပ်ဆောင်ချက်အမျိုးမျိုးလွယ်ကူသက်သာစေနိုင်မယ့် အိမ်သာ

(၂၄)

အလွယ်တကူစိတ်ရှုပ်တတ်သူ၊ကြောက်လန့်တတ်သူတွေအတွက် အိတ်ဆောင်ပူဖောင်းဖောက်လို့ရတဲ့ ပစ္စည်းလေး

(၂၅)

ဂျပန်နိုင်ငံက အော်တိုစနစ်နဲ့ အဆင့်သင့်ကို ကြိုက်နှစ်သက်ကြတယ်ထင်ပါရဲ့။ တက်စီတွေမှာတောင် အော်တိုတံခါးဖွင့်ပေးတဲ့ စနစ်ပါပါတယ်။

(၂၆)

တစ်ယောက်တည်း အေးအေးဆေးဆေးအိပ်စက်အနားယူလိုသူတွေအတွက် တစ်ယောက်ခန်း ဟိုတယ်

(၂၇)

လမ်းတစ်လျှောက် ငြိမ့်ညောင်းတဲ့ ဂီတသံတွေကို သေချာပေါက်နားဆင်နိုင်မယ့် ဂီတလမ်း

(၂၈)

အများအားဖြင့် စားသောက်ဆိုင်တွေက တိလေးတွေကို ခွင့်မပြုပေမယ့် ဂျပန်နိုင်ငံမှာတော့ ကြောင်ချစ်သူတွေအတွက် ကြောင်လေးတွေအများကြီးရှိတဲ့ စားသောက်ဆိုင်လေးတွေ ဖွင့်ပေးထားကြပါတယ်။

ဂျပန်နိုင်ငံရဲ့ တိုးတက်မှုခြေလှမ်းတွေက အလျင်အမြန်တိုးတက်နေတာကြောင့် အခြားကမ္ဘာ့နိုင်ငံတွေနဲ့ .ယှဉ်လိုက်ရင် ခြေလှမ်းများစွာသာနေတာကို ဒီဓာတ်ပုံတွေက သက်သေပါပဲ။ ပရိသတ်တို့ကော ဂျပန်နိုင်ငံ နဲ့ပတ်သတ်ပြီး ဘယ်လိုအရာမျိုးတွေကို သဘောကျလဲ။ ကောမန့်မှာ ပြောပြပေးခဲ့ကြပါအုံး။

Ref:Brightside

Credit-celeguru

  • Leave a Comment

Categories