ကျောင်းပိတ်ရက်တွေမှာအခြားကလေးတွေလို ဆော့ကစားခြင်းမရှိဘဲ အလေ့ကျပေါက်နေသည့်ကန်စွန်းရွက်လေးတွေကို ခူးယူဆေးကြောပြီးအိမ်နီးချင်းတွေကိုလှူဒါန်းလေ့ရှိသည့်ကလေးငယ်

ကလေးတို့၏သဘာဝကတော့ မိဘတို့မှကျောင်းတက်ခိုင်းသည့်အတွက်ကျောင်းသွားရပြီးကျောင်းကပြန်လာချိန်နှင့်အားလပ်ရက်များတွင်ဆော့ကစားရန်သာတွေးတောနေတတ်ကြပါတယ်။ယခုနောက်ပိုင်းကလေးများဟာဆိုလျှင်အချိန်ရသည်နှင့် ဖုန်းဆော့ကစားရန်သာစိတ်ထဲရှိနေတတ်ကြပါတယ်။

သို့သော်လည်းယခုကလေးငယ်လေးကတော့ ကျောင်းပိတ်ရက်ရသည့်အားလပ်ချိန်လေးများတွင် ဆော့ကစားရန်ဆန္ဒမရှိဘဲ နေအိမ်ခြံထဲမှကန်စွန်းရွက်လေးတွေကို ခူးယူပြီးအလှူအတန်းလုပ်ခဲ့ခြင်းပါတယ်။

ကလေးဟာအသက်၇နှစ်အရွယ်သာရှိသေးသော်လည်း ကန်စွန်းရွက်တွေကိုသေချာစွာခူးယူကာ ဆေးကြောသန့်စင်ပြီး အိမ်းနီးချင်းတွေကိုလှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။အသက်အရွယ်နှင့်မလိုက်အောင် စေတနာတရားထက်သန်သည့်ကလေးဟာအလွန်ပင်လေးစားဖို့ကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi

ချစ်သူများနေ့တွင် ကောင်မလေးများကသူတို့၏ချစ်သူကောင်လေးကို လက်ဆောင်ပေးနိုင်ရန်အတွက် အမျိုးသားဝတ်ဇာအတွင်းခံဘောင်းဘီကို စတင်ရောင်းချလာသည့်ကုမ္ပဏီ

ချစ်သူများနေ့အထိမ်းအမှတ်ဆိုသည်မှာ လူအများ၏ပြောစကားအရတော့ဥရောပမှ ချစ်သူနှစ်ဦး၏အချစ်တွေကိုဆဖ်ာပြဖို့အတွက်စတင်သတ်မှတ်ပေးခဲ့သောရက်မြတ်လေးဟု လူအများကဆိုနေကြပါတယ်။

ချစ်သူများနေ့လေးဟာ ကမ္ဘာ့နိုင်ငံတိုင်းတွင်အသိအမှပြုပြီး မိမိချစ်နှစ်သက်ရသည့်ချစ်သူသို့မဟုတ် အရေးပါသောချစ်ခင်ရသူမိတ်ဆွေမိသားစုဝင်တွေကိုလက်ဆောင်ပေးပြီး ချစ်ခင်မှုကိုဆဖ်ာပြတတ်ကြပါတယ်။ထိုအထဲမှ ချစ်သူစုံတွဲများအတွက် လက်ဆောင်းပေးနိုင်ရန်အတွက်ဂျပန်နိုင်ငံမှကုမ္ပဏီတစ်ခုကတော့ ပစ္စည်းတစ်ခုကိုမိတ်ဆက်လာခဲ့ပါပြီ။

ထိုပစ္စည်းလေးကတော့ကောင်မလေးများက သူတို့၏ချစ်သူကောင်လေးကို ချစ်သူများနေ့မှာ အကောင်းဆုံးလက်ဆောင်အနေဖြင့်ပေးနိုင်ရန် အမျိုးသားဝတ်ဇာအတွင်းခံဘောင်းဘီလေးဘဲဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment

Categories