အိမ်ထဲ အစားအစာဝင်ရှာရင်း ပြန်မထွက်တတ်တော့လို့ ကယ်ဆယ်ခံရပြီးနောက် သူ့ကိုယ်သူ ရှက်ပြီး လက်နဲ့ မျက်နှာအုပ်ထားခဲ့တဲ့ ရက်ကွန်းကောင်လေး

ကြောင်နဲ့ ခွေးတွေကို မီးသတ်သမားတွေက ကယ်တင်တာ ကြားဖူးကြမှာသေချာပေမယ့် အိမ်ထဲမှာပိတ်မိနေတဲ့ ရက်ကွန်းဝက်ဝံလေးတွေကိုတော့ သိပ်ကြားဖူးကြမယ်မထင်ပါဘူး။ လတ်တလောမှာတော့ ရက်ကွန်းတစ်ကောင်ရဲ့ ဓာတ်ပုံတစ်ပုံဟာ ချစ်စရာကောင်းပြီး ချိုမြိန်စရာကောင်းလွန်းတဲ့အတွက်ကြောင့် လူတိုင်းရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ မကြာသေးမီက Georgia နိုင်ငံရှိ Dalton မြို့ မီးသတ်ဌာနမှ ပြန်လည်မျှဝေထားသည့် ဓာတ်ပုံတစ်ပုံမှာ မီးသတ်သမားများက ကယ်တင်ပြီးနောက် မျက်နှာကို လက်လေးနဲ့ဖုံးပြီး သူ့ကိုယ့်သူ ရှက်ရွံ့နေပုံရနေတဲ့ ရက်ကွန်းလေးတစ်ကောင်ကို ပြသထားပါတယ်။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးဟာ သူ့ကိုယ်သူ ကယ်တင်ဖို့ လိုအပ်နေတဲ့အခြေအနေတစ်ခုကိုရောက်သွားခဲ့ပုံရပါတယ်။

အရှက်ကြီးနေတဲ့ရက်ကွန်းလေးဟာ ထိုစဉ်က ညဘက်မှာ အစာနှင့် အဆာပြေမုန့်တွေကို ရှာဖွေရန် Dalton မြို့ရှိ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း မီးသတ်သမားများက ပြောကြားခဲ့ပါတယ်။ ကံမကောင်းစွာဖြင့်၊ ၎င်းဟာ အပြင်ပြန်ထွက်ဖို့ လမ်းစရှာမတွေ့နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာ၊ မီးသတ်အဖွဲ့က ၎င်းကို အကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီရန် အမြန် ရောက်လာနိုင်ခဲ့ပါတယ်။ Dalton မြို့ မီးသတ်ဌာနက အဆိုပါဓာတ်ပုံကို ၎င်းတို့ရဲ့ တရားဝင် Facebook page မှာ ” ဟုတ်ပါတယ်၊ ရံဖန်ရံခါ သစ်ပင်ပေါ်က ကြောင်တစ်ကောင်ကို ကယ်တင်ရဖို့ ရှိကောင်းရှိနိုင်ပေမယ့် ၊ဒီရက်ကွန်းတစ်ကောင်ကတော့ ကျွန်တော်တို့အတွက် အသစ်အဆန်းပါပဲ။

ဒါပေမဲ့ မရှက်ပါနဲ့ ကလေးရယ်။ ငါတို့အားလုံးမှာ အဲ့လိုအခိုက်အတန့်တွေ ယောက်တိုင်းစီ ရှိဖူးပါတယ်ကွာ ၊ ဒီကောင်လေးကို တနင်္လာနေ့ညက Dalton မြို့ကအိမ်တစ်အိမ်ဆီကနေ သူပြန်မဲ့လမ်းကိုရှာတွေ့အောင်ကူညီပေးဖို့ ကျွန်တော်တို့ ဖုန်းလက်ခံရရှိခဲ့တာပါ။ ခင်ဗျားတို့ မြင်သလိုပဲ သူအတော်လေးရှက်သွားပေမယ့် ၊ ကောင်လေးရေ ဒါက တကယ်ရှက်စရာမလိုပါဘူးကွယ် ၊ ငါတို့အားလုံးက အချိန်တိုင်း ကူညီပေးဖို့ လက်တစ်စုံ လိုအပ်စမြဲပါဘဲကွယ် ” လို့ ရေးသားဖော်ပြပေးခဲ့တာပါ။

အဆိုပါမီးသတ်အဖွဲ့ဟာ ရက်ကွန်းလေးကို အိမ်ပြန်နိုင်ဖို့ကူညီပေးခဲ့ပြီးနောက် ရက်ကွန်းလေးကို တောထဲသို့ ဘေးကင်းစွာ ပြန်လွှတ်ပေးခဲ့ကြပြီး ဒီအရှက်ကြီးတဲ့ရက်ကွန်းကောင်လေးကတော့ အခုချိန်မှစပြီး အဆာပြေစားစရာတွေ ရှာဖွေရာမှာ ပိုပိုပြီး အိမ်ပြန်လာမမေ့အောင် စွန့်စားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဤပို့စ်လေးကို နှစ်သက်ရင်တော့ ၎င်းတို့ရဲ့တနေ့တာကို ပိုမိုတောက်ပစေဖို့ သင့်ရဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေအတွက် မျှဝေပေးသွားလိုက်ပါနော် ။

Mia (KB Chimmy one)

Reference : aubtu

  • Leave a Comment

Categories