ဖခင်ဖြစ်သူကို ကာကွယ်ဆေးထိုးပေးရန် ကျောပိုးပြီး ဆေးထိုးဌာနသို့ ၁၂ကီလိုမီတာ လမ်းလျှောက်သွားခဲ့တဲ့ အမျိုးသား

မကြာသေးမီက ဖခင်ဖြစ်သူကို ကျောပိုးထားတဲ့ သားရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ ဘရာဇီးနိုင်ငံ၊ အမေဇုန်မှာတည်ရှိတဲ့ လူမျိုးစုအသိုင်းအဝိုင်းတစ်ခုမှ အသက် ၂၄ နှစ်အရွယ် Tawi Zoe ဟာ သူ့ရဲ့ ၆၇ နှစ်အရွယ် ဖခင် Wahoo Zoe ကို ကာကွယ်ဆေးထိုးရန် ကျောပိုခေါ်ဆောင်သွားတာပါ ။ အဆိုပါပုံရိပ်ကို Dr Eric Jennings Simoes က ရိုက်ထားတာပြီး လူအများအပြားကို လှုပ်ခတ်သွားစေခဲ့ပါတယ် ။

Dr Simoes ရဲ့ အဆိုအရ Tawi ရဲ့ဖခင်ဟာ အမြင်အာရုံချို့ယွင်းမှုနဲ့ နာတာရှည် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ ခံစားနေရသောကြောင့် ဖလင်ကို ကျောပိုးပြီး ခေါ်သွားရတယ်လို့ ဆိုပါတယ် ။ ကာကွယ်ဆေးထိုးဌာနကို ရောက်ဖို့ ခြောက်နာရီကြာ လမ်းလျှောက်ခဲ့ရပြီး ပြန်လာဖို့ ခြောက်နာရီလောက် လမ်းလျှောက်ပြန်လာခဲ့ရပါတယ် ။ Tawi က သူ့အဖေ ကပ်ရောဂါကူးစက်မှာကို စိုးရိမ်တာကြောင့် ဆေးထိုးဖို့ သူကိုယ်တိုင် ကျောပိုးခေါ်သွားခဲ့တာပါ ။ ဝမ်းနည်းစရာမှာ Wahoo ဟာ ပြီးခဲ့တဲ့လမှာဘဲ ကွယ်လွန်သွားခဲ့ပါတယ် ။

JRose (KB Chimmy one)

Reference : gtgoodtimes

Zawgyi

မၾကာေသးမီက ဖခင္ျဖစ္သူကို ေက်ာပိုးထားတဲ့ သားရဲ႕ ဓာတ္ပုံဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္ ။ ဘရာဇီးႏိုင္ငံ၊ အေမဇုန္မွာတည္ရွိတဲ့ လူမ်ိဳးစုအသိုင္းအဝိုင္းတစ္ခုမွ အသက္ ၂၄ ႏွစ္အ႐ြယ္ Tawi Zoe ဟာ သူ႔ရဲ႕ ၆၇ ႏွစ္အ႐ြယ္ ဖခင္ Wahoo Zoe ကို ကာကြယ္ေဆးထိုးရန္ ေက်ာပိုေခၚေဆာင္သြားတာပါ ။ အဆိုပါပုံရိပ္ကို Dr Eric Jennings Simoes က ႐ိုက္ထားတာၿပီး လူအမ်ားအျပားကို လႈပ္ခတ္သြားေစခဲ့ပါတယ္ ။

Dr Simoes ရဲ႕ အဆိုအရ Tawi ရဲ႕ဖခင္ဟာ အျမင္အာ႐ုံခ်ိဳ႕ယြင္းမႈနဲ႔ နာတာရွည္ ဆီးလမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ား ခံစားေနရေသာေၾကာင့္ ဖလင္ကို ေက်ာပိုးၿပီး ေခၚသြားရတယ္လို႔ ဆိုပါတယ္ ။ ကာကြယ္ေဆးထိုးဌာနကို ေရာက္ဖို႔ ေျခာက္နာရီၾကာ လမ္းေလွ်ာက္ခဲ့ရၿပီး ျပန္လာဖို႔ ေျခာက္နာရီေလာက္ လမ္းေလွ်ာက္ျပန္လာခဲ့ရပါတယ္ ။ Tawi က သူ႔အေဖ ကပ္ေရာဂါကူးစက္မွာကို စိုးရိမ္တာေၾကာင့္ ေဆးထိုးဖို႔ သူကိုယ္တိုင္ ေက်ာပိုးေခၚသြားခဲ့တာပါ ။ ဝမ္းနည္းစရာမွာ Wahoo ဟာ ၿပီးခဲ့တဲ့လမွာဘဲ ကြယ္လြန္သြားခဲ့ပါတယ္ ။

JRose (KB Chimmy one)

  • Leave a Comment

Categories