Bikini ဝတ်စုံ apron ကြောင့် နေ့စဉ် နေ့တိုင်း ရောင်းအားတက်လာနေတဲ့ လမ်းဘေးစျေးသည်တစ်ဦး

“မင်းရပြီဆိုရင် ကြွားလုံးထုတ်လိုက်ပါ” ဆိုတဲ့စကားက ဖက်ရှင်ပိုင်းနဲ့သာပတ်သက်တဲ့ အားတက်စရာစကားတစ်ခုမဟုတ်တော့ဘူးလို့ ထင်ရပါတယ်။ ယခုဆိုရိုးစကားဟာ ၎င်းတို့ရဲ့အသွင်အပြင်ကို အသုံးပြုပြီး ဖောက်သည်များကို ဆွဲဆောင်နိုင်သည့် စီးပွားရေးပိုင်ရှင်များကို ခွန်အားဖြစ်စေပုံရပြီး လုပ်ငန်းပိုင်ရှင်များသာ ၎င်းဆိုရိုးကို ပိုမိုလိုက်နာနေကြပုံရပါတယ်။ ခုလည်း အလားတူကဲ့သို့ဘဲ ထိုင်းနိုင်ငံရှိ လမ်းဘေးစျေးသည်အမျိုးသမီးတစ်ဦးဟာ ထူးခြားတဲ့အရောင်းနည်းဗျူဟာကို ကျင့်သုံးပြီး သူမရဲ့နေ့စဉ်ဝင်ငွေကို မြှင့်တင်နေလျက်ရှိပါတယ်။ 2022 ခုနှစ် ဖေဖော်ဝါရီလ 6 ရက်နေ့တွင် ထိုင်းသတင်းဌာနတစ်ခုက Buriram မြို့ရဲ့လမ်းပေါ်တစ်နေရာမှာ bikini apron ၀တ်ဆင်ထားတဲ့ လမ်းဘေးဈေးသည်တစ်ဦးရဲ့ပုံများကို တင်ပေးခဲ့ပါတယ်။

အဆိုပါ ဈေးရောင်းသူ မစ္စ Pathum Jaipho ဟာ အမှန်က ထိုင်းရိုးရာ ကဇာတ်သမား တစ်ဦးဖြစ်ပြီး သူမရဲ့အဖွဲ့ မဖျော်ဖြေနိုင်တော့သည့် အခြေအနေကြောင့် လမ်းမပေါ်ထွက်ကာ အစာပြေမုန့် ၊ အချဉ်တွေကို ရောင်းချနေရပါတယ်။ အမှန်က မစ္စ Jaipho ဟာ လွန်ခဲ့သော ခြောက်လခန့်က ၎င်းလမ်းဆုံမှာ လတ်ဆတ်သော သစ်သီးဝလံများနှင့် မုန့်ကြွပ်များကို ရောင်းချခဲ့ပြီး နေ့စဉ်အမြတ်ငွေ ฿1,200 (~USD36) ရရှိခဲ့ပါတယ်။ ထို့နောက် သူမရဲ့ ရောင်းအားကို မြှင့်တင်လိုတဲ့ မစ္စ Jaipho ဟာ လတ်တလော ခေတ်ထနေတဲ့ ရေကူးဝတ်စုံ bikini apron ကို ၀တ်ဆင်ရန် အွန်လိုင်းမှာ ฿180 (~USD5) ဖြင့် မှာယူခဲ့ပါတယ်။

သို့ပေမဲ့ ယခုအခါ သူမဟာ ၎င်း bikini apron အစွမ်းကြောင့် နေ့စဉ်အမြတ်ငွေ ပျမ်းမျှ ฿ 2,000 (~USD61) ဖြင့် ရရှိနေပြီဖြစ်ပါတယ်။ လူအများအနေနဲ့ ကားမောင်းနေရင်း ဗိုက်ဆာလာတဲ့အခါ လမ်းဘေးက ထင်သာမြင်သာရှိတဲ့ဝတ်စုံတွေကို ဝတ်ထားတဲ့သျေးသည်တွေက လူတိုင်းကို ဆွဲဆောင်နေမှာသေချာတဲ့အတွက် ဤ ထင်ရှားသိသာတဲ့ဝတ်စုံအသစ်က မစ္စ Jaipho ရဲ့ရောင်းအားကို မြှင့်တင်ပေးနေတာက အံ့ဩစရာကောင်းမနေတော့တာ အသေအချာပါဘဲ။ အခြားအင်တာနက်အသုံးပြုသူများက ၎င်းနည်းဗျူဟာအသစ်ကို ရယ်မောခဲ့ကြသလို လက်ရှိအခြေအနေကြောင့် လူအများအပြားနှင့် ၎င်းတို့ရဲ့ စားဝတ်နေရေး ထိခိုက်မှုကြောင့် ၊ အချို့ကလည်း လမ်းဘေးဈေးသည်များအတွက် အားပေးစကားများ ဝေမျှခဲ့ကြပါတယ်။

ဤရောင်းချသူရဲ့ သမားရိုးကျမဟုတ်သော အရောင်းနည်းဗျူဟာကို အစပိုင်းမှာ ကျွန်တော်တို့ ရယ်မောခဲ့ကြပေမဲ့လည်း တကယ်တော့ မစ္စ Jaipho ဟာ သူမရဲ့အခြေအနေများကို တိုးတက်ကောင်းမွန်လာစေရန် ဤနည်းဗျူဟာအသစ်ကို အကောင်အထည်ဖော်ခဲ့ကြောင်းလည်း မှတ်သားထိုက်ပါတယ်။

မစ္စ Jaipho ရဲ့ အရောင်းနည်းဗျူဟာအသစ်က သူမအောင်မြင်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သေချာပေါက်သိရပေမဲ့လည်း ၎င်းဟာ သူမရဲ့တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်သောစိတ်ထားတို့ကြောင့် သူမကို ဒီနေရာသို့ရောက်အောင် ကူညီပေးခဲ့တာပါဘဲ။ ဒါ့ကြောင့် မစ္စ Jaipho ရဲ့အရောင်းနည်းဗျူဟာအသစ်နှင့် ဖက်ရှင်ရင်းနှီးမြုပ်နှံမှုများကြောင့် သူမ တစ်နေ့ထက်တစ်နေ့ အမြတ်ငွေများများ လာကြောင်း ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါတယ်ဗျာ ။

Mia (KB Chimmy one)

Reference : thesmartlocal

  • Leave a Comment

Categories