သားသမီးတွေတားမြစ်နေသည့်ကြားက သူမအိုသေးပူးဟုဆိုကာ စားဝတ်နေရေးအတွက် ထရပ်ကားကြီးကို မောင်းနှင်နေဆဲဖြစ်သော အဖွား

ထရပ်ကားကြီးသည် အလွန်ကိုယ်ထည်ကြီးမားပြီး ပစ္စည်းတန်ချိန်များစွာ တင်နိုင်သည့်အတွက်ကြောင့် မောင်းသည့်အခါမှာလည်း ကျွမ်းကျင်မှသာ အဆင်ပြေနိုင်မည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၇၅နှစ်အရွယ် အဖွားအိုတစ်ဦးသည် ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက်ပိုင်းတွင် ထရပ်ကားကြီးကို မောင်းနှင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာခဲ့သည်။

အဖွားအိုသည် အသက်ကြီးနေပြီဖြစ်၍ ကားမောင်းနေရာ အန္တရာယ်များလှသည့်အတွက် သားသမီး၂ယောက်မှ အိမ်မှာပဲနေခိုင်းပြီး သူတို့ပဲရှာကျွေးမည်ဟု ပြောဆိုသော်လည်း မရပဲ နှစ်ပေါင်း၄၀အကြာ ကုန်တင်ကားကြီးနဲ့ ခရီးဝေးမောင်းနှင်ခဲ့သည်။

အဖွားအိုသည် မျက်စိ၊နား အကုန်အကောင်းတိုင်းရှိနေပြီး ကုန်တင်ကားကြီးမောင်းနှင်ရာတွင်လည်း အဖော်မပါပဲ တစ်ယောက်တည်း တစ်နာရီကို ကီလိုမီတာ ၄၀နှင့် ၆၀ကြားထိ မောင်းနှင်ပြီးတော့ သူမကိုယ်သူမ မအိုသေးပူးဟု ခံယူကာ တက်ကြွစွာ လုပ်ကိုင်နေဆဲပဲဖြစ်ရာ အင်မတန်မှ ချီးကျူးဖွယ်ကောင်းလှသည်။

Rain (For Ialinks)

Zawgyi

သားသမီးေတြတားျမစ္ေနသည့္ၾကားက သူမအိုေသးပူးဟုဆိုကာ စားဝတ္ေနေရးအတြက္ ထရပ္ကားႀကီးကို ေမာင္းႏွင္ေနဆဲျဖစ္ေသာ အဖြား

ထရပ္ကားႀကီးသည္ အလြန္ကိုယ္ထည္ႀကီးမားၿပီး ပစၥည္းတန္ခ်ိန္မ်ားစြာ တင္ႏိုင္သည့္အတြက္ေၾကာင့္ ေမာင္းသည့္အခါမွာလည္း ကြၽမ္းက်င္မွသာ အဆင္ေျပႏိုင္မည္။

သို႔ျဖစ္၍ ထိုင္းႏိုင္ငံမွ အသက္၇၅ႏွစ္အ႐ြယ္ အဖြားအိုတစ္ဦးသည္ ခင္ပြန္းျဖစ္သူဆုံးပါးၿပီးေနာက္ပိုင္းတြင္ ထရပ္ကားႀကီးကို ေမာင္းႏွင္ျခင္းျဖင့္ မိသားစုစားဝတ္ေနေရးအတြက္ ဝင္ေငြရွာခဲ့သည္။

အဖြားအိုသည္ အသက္ႀကီးေနၿပီျဖစ္၍ ကားေမာင္းေနရာ အႏၲရာယ္မ်ားလွသည့္အတြက္ သားသမီး၂ေယာက္မွ အိမ္မွာပဲေနခိုင္းၿပီး သူတို႔ပဲရွာေကြၽးမည္ဟု ေျပာဆိုေသာ္လည္း မရပဲ ႏွစ္ေပါင္း၄၀အၾကာ ကုန္တင္ကားႀကီးနဲ႔ ခရီးေဝးေမာင္းႏွင္ခဲ့သည္။

အဖြားအိုသည္ မ်က္စိ၊နား အကုန္အေကာင္းတိုင္းရွိေနၿပီး ကုန္တင္ကားႀကီးေမာင္းႏွင္ရာတြင္လည္း အေဖာ္မပါပဲ တစ္ေယာက္တည္း တစ္နာရီကို ကီလိုမီတာ ၄၀ႏွင့္ ၆၀ၾကားထိ ေမာင္းႏွင္ၿပီးေတာ့ သူမကိုယ္သူမ မအိုေသးပူးဟု ခံယူကာ တက္ႂကြစြာ လုပ္ကိုင္ေနဆဲပဲျဖစ္ရာ အင္မတန္မွ ခ်ီးက်ဴးဖြယ္ေကာင္းလွသည္။

Rain (For Ialinks)

  • Leave a Comment

Categories