မိဘနှစ်ပါးလုံးက ကွာရှင်းပြီးနောက် နောက်အိမ်ထောင်ပြုပြီး အခြားမြို့နယ်သို့ပြောင်းသွားကာ မောင်နှမ ၃ယောက်ရဲ့ စားဝတ်နေရေးကို တာဝန်ယူနေရသည့် အသက်၁၇နှစ်အရွယ် မိန်းကလေး

ဗီယက်နမ်နိုင်ငံ ကုန်းမြင့်ဒေသတွင် နေထိုင်သော အသက်၁၇နှစ်အရွယ် မိန်းကလေးသည် မောင်နှမ၄ယောက်ရှိရာ မိဘနှစ်ပါးစလုံးက ကွာရှင်းခဲ့ပြီး မိခင်ဖြစ်သူနောက် လိုက်နေခဲ့ရသည်။

မိခင်ဖြစ်သူသည် တစ်နှစ်လောက် သူတို့မောင်နှမ ၄ယောက်ကို ရှာကျွေးခဲ့ပြီး နောက်အိမ်ထောင်ပြုချိန်မှာတော့ သူတို့လေးတွေကို အိမ်စုတ်စုတ်မှာ စိတ်ချလက်ချ ထားခဲ့ပြီး ခင်ပွန်းသစ်နဲ့အတူ အခြားနယ်ဝေးသို့ ပြောင်းရွှေ့သွားခဲ့သည်။

ထိုအချိန်ကစပြီး မိန်းကလေးသည် မောင်နှမသုံးယောက်ကို ပီလောပီနံ စိုက်ပျိုးရင်းရှာကျွေးလာကာ အိမ်မှာဆန်ကုန်သွား၍ ထမင်းမချက်စားရသောနေ့များတွင် ရေသောက်ကာ အိပ်ပျော်သွားခဲ့ရသည်။

မိန်းကလေးသည် ကျောင်းဖွင့်ရက်များတွင်လည်း အစောထရကာ ပြင်ဆင်ပေးရပြီး စက်ဘီးလေးနင်းကာ လိုက်ပို့ခဲ့ရင်း မည်မျှပဲ ပင်ပန်းခက်ခဲနေပါစေ လက်မလျှော့ပဲ မောင်လေးညီမလေးတွေကို ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories