ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီကားကို ဘတ်ငွေ၃.၃သန်းဖြင့်ရောင်းချနိုင်ခဲ့သော်လည်း သူများ၏ပန်းချီကားကို ကူးဆွဲထားသည်ဟုဆိုကာ လှောင်ပြောင်ခံနေရသေးသည့် ပန်းချီဆရာ

ပန်းချီပညာသည် လူအများ၏စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိသော အနုပညာတစ်မျိုးလည်းဖြစ်ပါတယ်။ဓာတ်ပုံတွေမပေါ်သေးသည့် ရှေးယခင် ဘုရင်လက်ထပ်ကတည်းကပင် ပန်းချီဆရာများဟာ နန်းတွင်းအထိသွားပြီး ချီးမြှင့်မြောက်စားခံကြရတာဖြစ်ပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ Khun Thanathornဆိုသည့်ပန်းချီဆရာဟာ သူကိုယ်တိုင်ရေးဆွဲထားသည့် မီးပုံးကိုင်ဆွဲထားသည့်ပုံလေးကို လိုင်းပေါ်မှတစ်ဆင့် ရောင်းချခဲ့တာဖြစ်ပါတယ်။ထိုသို့သူ၏ပုံလေးကိုရောင်းချရာမှ အမျိုးသားဟာ ထိုင်းဘတ်ငွေ၃.၃သန်းအထိ ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဝင်ငွေများစွာရရှိခဲ့သော်လည်း အမျိုးသားကို အခြားသူများက သူများ၏ပုံကို ကူးယူဆွဲထားခြင်းသာဖြစ်သည်ဟု လှောင်ပြောင်နေကြခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories