လူ့ဘောင်အဖွဲ့အစည်းမှ ထွက်ခွါကာ ၃၃ နှစ်ကြာ တောအုပ်ထဲမှာ တစ်ကိုယ်တည်း နေထိုင်ရင်း အသက်မွေးခဲ့တဲ့ အဘိုးတစ်ဦး

မကြာသေးမီနှစ်များအတွင်း ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဒစ်ဂျစ်တယ်အဖြစ်သို့ ပြောင်းလဲသွားတာနဲ့အမျှ၊ လူ့ဘောင်ဇယားကွက်ကနေ ထွက်ခွါဖို့ စိတ်ကူးဟာလည်း ပို၍ပင် စိတ်ကူးရခက်လာပါတယ်။ သို့သော်၊ စင်္ကာပူအမျိုးသားတစ်ဦးဟာ ယာဂုနှင့် စိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်များနှင့်အတူ လွန်ခဲ့တဲ့ ၃၃ နှစ်ကတည်းကပင် Sungei Tengah သစ်တောများထဲ၌ နေထိုင်နေခဲ့ပါတယ်။ သူ့ရဲ့အချိန်အများစုက တောကြီးမျက်မည်းမှာ နေထိုင်ရန် ရွေးချယ်ခဲ့ပေမဲ့လည်း စက်ဘီးပေါ် အသီးအရွက်များကိုတင်ကာ ဈေးရောင်းခြင်းဖြင့် ဝင်ငွေရှာရန် လူ့အဖွဲ့အစည်းထဲသို့ ပုံမှန်ဝင်လာလေ့ရှိခဲ့ပါတယ်။ မီဒီယာတစ်ခုက ထိုလူရဲ့နေရာကို ခြေရာခံပြီးနောက်မှာတော့ အသက် ၇၉ နှစ်အရွယ်ရှိတဲ့ အဘိုးတစ်ဦးဖြစ်မှန်း သိခဲ့ရပါတယ်။

မူလက ၎င်းရဲ့စက်ဘီးပေါ်မှ ဟင်းသီးဟင်းရွက်များ တရားမဝင် ရောင်းဝယ်ဖောက်ကားခဲ့သည့် သက်ကြီးရွယ်အိုတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့တာပါ။ ထိုလူနှင့် စကားပြောပြီးနောက်မှာတော့ သူဟာ Yew Tee ရွာတစ်ဝိုက်ရှိ တောအုပ်များမှာ အမှန်တကယ် တစ်ယောက်တည်း နေထိုင်တဲ့အဘိုးဖြစ်မှန်း သိခဲ့ရပါတယ်။ အဘိုးဟာ တောထဲက ကင်းဗတ်နှင့် သစ်သားချောင်းများဖြင့် တည်ဆောက်ထားတဲ့ ယာယီအိမ်မှာ သူနေထိုင်ပြီး အဘိုးဟာ အနီးနားရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းငယ်နှင့် ရေကန်ကိုလည်း ပြုစုသလို ငရုတ်သီးနှင့် ပန်ဒါရွက်ကဲ့သို့ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

အဘိုးရဲ့အစားအစာအများစုမှာ ရှောက်သီးနှင့် ဟင်းသီးဟင်းရွက်များပါဝင်ပြီး ရေကန်မှ ရေဖြင့် ဆေးကြောသန့်စင်ကာ ပြည်သူများက လှူဒါန်းတဲ့ အဝတ်အစားများကို ဝတ်ဆင်လာခဲ့ပါတယ်။ အဘိုးရဲ့အခက်အခဲကို ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပြီးနောက်မှာတော့ ပြည်သူများက အကူအညီပေးဖို့ အာဏာပိုင်တွေနဲ့ ဆက်အသွယ်ခဲ့ကြသလို အာဏာပိုင်များကလည်း Bukit Panjang မြို့နေထိုင်တဲ့ အဘိုးရဲ့ဆွေမျိုးများကို ခြေရာခံနိုင်ခဲ့ပါတယ်။

ထို့နောက် အာဏာပိုင်များက တိုက်ခန်းတစ်ခန်းဌားရမ်းပေးခဲ့ကြသလို အဘိုးဟာ တစ်လကို ဒေါ်လာ ၁၂၀၀ ခန့်ရတဲ့ ဥယျာဉ်မှူးအဖြစ်လည်း ကမ်းလှမ်းခံခဲ့ရပါတယ်။ ယခု အဘိုးဟာ အငှားတိုက်ခန်းတွင် နေထိုင်နေပြီး လစဉ် ငှါးရမ်းခပေးနေပါတယ်။ အခြားသူများက အဘိုးအား ကယ်တင်ခြင်းလိုအပ်သူအဖြစ် ရှုမြင်ကြပေမဲ့လည်း အဘိုးက ဤနှစ်များအတွင်း သူ့ကိုယ်ပိုင်ဘဝကို အပြည့်အဝနေထိုင်နိုင်စွမ်းရှိကြောင်း ပြသနေခဲ့ပါတယ်။ အဘိုးက ပိုပြီး သက်တောင့်သက်သာ အနေအထားမှာ နေထိုင်နေပြီး သူ့ဘဝမှ စိုးရိမ်မှု အချို့ကို ဖယ်ရှားနိုင်မယ်လို့ မျှော်လင့်ပါတယ်လေ။

Mia (Mckzone daily)

Reference : mustsharenews

  • Leave a Comment

Categories