မိဘနှစ်ပါးလုံးက နေ့စားအဌားလိုက်သွားတာကြောင့် ညီလေးဖြစ်သူကို မနိုင်တနိုင်ပွေ့ချီကာ ထိန်းပေးနေရသည့် ကောင်လေး
ကျေးလက်ဒေသ အများစုမှာ လက်လုပ်လက်စားသမားတွေသာ များကြပြီး မိသားစုစားဝတ်နေရေးအတွက်ကို နေ့တိုင်းအပြင်ထွက်ကာ အလုပ်လုပ်ကြရကာ ကလေးတွေရှိပါကလည်း အိမ်မှာကျန်ရစ်ခဲ့တဲ့သူနှင့် ထားခဲ့ရသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ တောင်တန်းကျေးလက်ဒေတွင် နေထိုင်သော အသက်၃နှစ်အရွယ် ကောင်လေးတစ်ဦးသည် အသက်မပြည့်သေးတာကြောင့် ကျောင်းမနေရသေးပဲ အိမ်မှာနေရင်း ညီလေးဖြစ်သူကို ထိန်းပေးခဲ့ရသည်။
ကောင်လေးဧ။် မိဘနှစ်ပါးစလုံးသည် သူများခြံတွေမှာ နေ့စားအဌားလိုက်ခြင်းဖြင့် စားဝတ်နေရေးအတွက် ဝင်ငွေရှာရကာ အလုပ်တစ်ရက်ကလေးပျက်တာနဲ့ စားစရာမရှိဖြစ်တာကြောင့် မိခင်ဖြစ်သူကပါ အလုပ်ထဲ လိုက်ပါသွားရသည်။
ထိုအချိန်တွင် ကောင်လေးသည် အိမ်မှာနေရင်း ညီလေးဖြစ်သူကို မနိုင်တနိုင်နဲ့ ပွေ့ချီကာ ချော့တိတ်ခဲ့ရပြီး အခြားသော ကလေးငယ်များနှင့်လည်း ကစားခွင့်ပင် မရပဲ ဖြစ်နေသည်။
သို့သော်လည်း ကောင်လေးရဲ့ သိတတ်လိမ္မာမှုတို့ကြောင့် ခရီးသွားတစ်ဦးဧ။်အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းခံရကာ လူမှုကွန်ယက်တွင် မျှဝေပေးပြီးနောက် လူအများဧ။်အချစ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ကူညီမှုများ ရရှိခဲ့သည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)
  • Leave a Comment
Categories