အကြွေစေ့ခွက်ထဲကို ဒေါ်လာ 4k တန်စိန်လက်စွပ် ပြုတ်ကျခဲ့လို့ ပိုင်ရှင်ထံပြန်ပေးခဲ့တဲ့ သူ့ရဲ့ ရိုးသားမှုကြောင့် အိမ်တစ်လုံးပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အိမ်ယာမဲ့ဦးလေး

အိမ်‌ယာမဲ့ဦးလေးဖြစ်တဲ့ မစ္စတာ Billy Ray Harris ဟာ ယခုနှစ်အစောပိုင်းက US ရှိ Missouri မြို့မှာ သူ့ရဲ့ အကြွေစေ့ခွက်အတွင်းကို Sarah Darling ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဒေါ်လာ 4,000 တန် စိန်လက်စွပ်တစ်ကွင်း မတော်တဆပြုတ်ကျခဲ့တဲ့အတွက် ဦးလေးက Sarah ထံ စိန်လက်စွပ်ကို ပြန်လည်ပေးအပ်ပြီးနောက် ဦးလေးရဲ့ ရိုးသားတဲ့ အပြုအမူကြောင့် အွန်လိုင်းမှာ လူများစွာ ထိထိမိမိ ခံစားစေခဲ့ပါတယ် ။

Sarah ရဲ့ခင်ပွန်းဖြစ်သူ Bill Krejci က မစ္စတာ Harris ရဲ့ ရိုးသားမှုအတွက် ကျေးဇူးတင်လေးမြတ်မှုသင်္ကေတအဖြစ် အွန်လိုင်းလှူဒါန်းခြင်းစာမျက်နှာကို Mr. Harris အတွက် တည်ထောင်ခဲ့ပြီး အံ့အားသင့်ဖွယ်အရာက သုံးလအတွင်းမှာ အွန်လိုင်းပေါ်ကလူတွေ ဒေါ်လာ ၁၈၀,၀၀၀ ကူညီလှူဒါန်းလာခဲ့ပါတယ် ။

အိမ်ယာမဲ့ဖြစ်တဲ့ Mr. Harris က ထိုအချိန်မှစ၍ အိမ်တစ်လုံး၊ ကားတစ်စီးဝယ်ခဲ့ပြီး အချိန်ပိုင်းအလုပ်တစ်ခုလုပ်ခဲ့ပါတယ် ။ ၁၆နှစ်ကြာပြီးနောက် မစ္စတာ Harris ဟာ သူ့ရဲ့ရိုးသားတဲ့လုပ်ရက်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ သတင်းခေါင်းကြီးပိုင်းများ ထွက်ပေါ်လာတဲ့အခါ ကွဲကွာနေတဲ့ မိသားစုနဲ့လည်း ပြန်လည်ဆုံတွေ့ခဲ့ပါတယ် ။

JRose (KB Chimmy one)

Reference : goodtimes

Zawgyi

အိမ္‌ယာမဲ့ဦးေလးျဖစ္တဲ့ မစၥတာ Billy Ray Harris ဟာ ယခုႏွစ္အေစာပိုင္းက US ရွိ Missouri ၿမိဳ႕မွာ သူ႔ရဲ႕ အေႂကြေစ့ခြက္အတြင္းကို Sarah Darling ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ ေဒၚလာ 4,000 တန္ စိန္လက္စြပ္တစ္ကြင္း မေတာ္တဆျပဳတ္က်ခဲ့တဲ့အတြက္ ဦးေလးက Sarah ထံ စိန္လက္စြပ္ကို ျပန္လည္ေပးအပ္ၿပီးေနာက္ ဦးေလးရဲ႕ ႐ိုးသားတဲ့ အျပဳအမူေၾကာင့္ အြန္လိုင္းမွာ လူမ်ားစြာ ထိထိမိမိ ခံစားေစခဲ့ပါတယ္ ။

Sarah ရဲ႕ခင္ပြန္းျဖစ္သူ Bill Krejci က မစၥတာ Harris ရဲ႕ ႐ိုးသားမႈအတြက္ ေက်းဇူးတင္ေလးျမတ္မႈသေကၤတအျဖစ္ အြန္လိုင္းလႉဒါန္းျခင္းစာမ်က္ႏွာကို Mr. Harris အတြက္ တည္ေထာင္ခဲ့ၿပီး အံ့အားသင့္ဖြယ္အရာက သုံးလအတြင္းမွာ အြန္လိုင္းေပၚကလူေတြ ေဒၚလာ ၁၈၀,၀၀၀ ကူညီလႉဒါန္းလာခဲ့ပါတယ္ ။

အိမ္ယာမဲ့ျဖစ္တဲ့ Mr. Harris က ထိုအခ်ိန္မွစ၍ အိမ္တစ္လုံး၊ ကားတစ္စီးဝယ္ခဲ့ၿပီး အခ်ိန္ပိုင္းအလုပ္တစ္ခုလုပ္ခဲ့ပါတယ္ ။ ၁၆ႏွစ္ၾကာၿပီးေနာက္ မစၥတာ Harris ဟာ သူ႔ရဲ႕႐ိုးသားတဲ့လုပ္ရက္ေၾကာင့္ ကမာၻတစ္ဝွမ္းရွိ သတင္းေခါင္းႀကီးပိုင္းမ်ား ထြက္ေပၚလာတဲ့အခါ ကြဲကြာေနတဲ့ မိသားစုနဲ႔လည္း ျပန္လည္ဆုံေတြ႕ခဲ့ပါတယ္ ။

JRose (KB Chimmy one)

  • Leave a Comment

Categories