အိပ်လိုက်တိုင်းဟောက်သံထွက်လွန်းသော ဇနီးဖြစ်သူအား မကျေနပ်၍ အိပ်နေစဥ် ရုပ်ဆိုးသောပုံကို ဆယ်ဖီဆွဲပြီး ပေါင်မှာတက်တူးထိုးခဲ့သည့် အမျိုးသား

အမျိုးသားအများစုသည် သူတို့ချစ်တဲ့မိန်းကလေးနှင့် တွေ့သည့်အခါ သူတို့လေးတွေရဲ့ အလှဆုံးသော ပုံကို ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးလေ့ရှိတတ်ကြပြီး ချစ်ခြင်းမေတ္တာကို ဖော်ပြတတ်ကြသည်။

သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ အသက်၃၇နှစ်အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူမှာ တစ်နေ့တခြား ပိုမိုဝလာပြီး အရင်လောက်မလှတော့သည့်အပြင် အိပ်တဲ့ချိန်တိုင်းမှာလည်း ဟောက်သံထွက်လွန်း၍ ခင်ပွန်းဖြစ်သူခမျာ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။

တစ်နေ့တွင် သူတို့ဇနီးမောင်နှံသည် ခရီးသွားနေခိုက် ကားစီးနေရင်းနဲ့ ဇနီးဖြစ်သူမှာ ခရီးပန်းပြီး ပါးစပ်အဟလိုက်နဲ့ အိပ်မောကျနေခဲ့စဥ် ခင်ပွန်းဖြစ်သူသည် အခွင့်ကောင်းယူပြီး ရယ်စရာဓာတ်ပုံများ ရိုက်ခဲ့သည်။

ထို့အပြင် အမျိုးသားသည် ဇနီးသည်မသိအောင် သူ့ရဲ့ပေါင်ပေါ်မှာ ဇနီးဖြစ်သူဧ။်လည်ပင်းမှာ အဆီတွေအရစ်လိုက်နဲ့ ပါးစပ်အဟောင်းသား အိပ်ပျော်နေသည့်ပုံကို သေရာပါတက်တူးအဖြစ်ထိုးခဲ့ရာ ဇနီးသည်ခမျာ ထိုတက်တူးကို မြင်တွေ့ချိန်တိုင်း ကြေကွဲခဲ့ရသည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

  • Leave a Comment

Categories