မင်္ဂလာပွဲမှာ ကိုယ်တိုင်စားပွဲထိုးဝင်လုပ်နေပြီးဧည့်သည်တွေကိုဧည့်ခံပေးကာ သတိုးသမီးကိုပစ်ထားခဲ့သည့်သတိုးသား

မင်္ဂလာပွဲလေးတွင်ဆင်နွဲခွင့်ရရှိသော သတိုးသားနှင့်သတိုးသမီးတို့နှစ်ဦး၏ ရင်ထဲ၌ဖြစ်ပေါ်နေသော ပျော်ရွင်မှုတွေဟာလူတိုင်းကိုပင် ထင်ဟပ်စေတာလည်းဖြစ်ပါတယ်။စုံတွဲတိုင်းဟာမင်္ဂလာပွဲလေးတွင်ချစ်ရသူလေးကိုလက်ချင်းတွဲပြီးဧည့်သည်တွေကို ဂုဏ်ယူစွာဖြင့်ပြသချင်ကြတာဖြစ်ပါတယ်။

ယခုတွင်လည်း တရုတ်ဖူရှင်းမြို့တွင် ချစ်သူစုံတွဲနှစ်ဦးတို့ဟာ အချစ်စစ်တွေနဲ့အတူဧည့်ပရိတ်သတ်များစွာဖြင့်မင်္ဂလာပွဲလေးကိုခမ်းနားစွာကျင်းပခဲ့ပါတယ်။သို့သော်လည်းသတိုးသားဖြစ်သူဟာ သတိုးသမီးနှင့်အတူဧည့်သည်တွေကိုလိုက်လံနှုတ်ဆက်လေ့မရှိဘဲ ဧည့်သည်တွေစားဖို့အတွက်ကိုယ်တိုင်စားပွဲထိုးဝင်လုပ်နေခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့်သတိုးသမီးတစ်ဦးတည်းကသာ ဧည့်ခံစကားပြောနေရပြီး ဧည့်သည်တွေကသတိုးသားကိုမေးသောအခါတွင်လည်း စားပွဲထိုးနေသောသတိုးသားကိုလက်ညိုးသာထိုးပြလိုက်တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories