ခြေထောက်တစ်ချောင်းသာရှိပေမဲ့ အလှမယ် သရဖူကို ရရှိပြီး ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေး
TikTok က ယနေ့ ဗီယက်နမ်မှာ အထူးတီထွင်ထုတ်လုပ်ထားတဲ့ လူမှုကွန်ရက် App များထဲမှ တစ်ခုဖြစ်ပါတယ် ။ နာမည်ကြီး Tiktoker တစ်ဦးဖြစ်တဲ့ Be Thi Bang အမည်ရှိ မိန်းကလေးဟာ ၂၀၁၉ ခုနှစ်မှာ အလှတရားပွဲတော်မှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ် ။ ပြိုင်ပွဲအပြီးမှာ Be Thi Bang က အမြင့်ဆုံးဆုကို ရရှိခဲ့ပြီး အလှမယ်သရဖူအပြင် Talent Award နဲ့ Favourite Contestant Award ကိုလည်း ရရှိခဲ့ပါတယ် ။ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်များရှိနေသော်လည်း Be Thi Bang က အလွန်တောက်ပပြီး ယုံကြည်မှုရှိနေဆဲဖြစ်ပါတယ် ။
ယနေ့အထိ သူမရဲ့ TikTok အကောင့်မှာ Follower 744,000 ကျော်ရှိပါတယ် ။ ဗီဒီယိုအများစုက သူမရဲ့နေ့စဉ်ဘ၀ကို အဓိကထားရိုက်ကူးထားခြင်းဖြစ်သာပြီး အထူးသဖြင့် သူမက အကကို ပြင်းပြင်းထန်ထန် နှစ်သက်သူပါ ။ Be Thi Bang က ခြေတစ်ဖက်တည်းသာရှိသော်လည်း အကမှာ ကျွမ်းကျင်ပြီး လှပတဲ့အသွင်အပြင်ရှိပါတယ် ။ သူမရဲ့ စိတ်အားထက်သန်တဲ့ ကိုယ်ရေးကိုယ်တာအပြင် Be Thi Bang မှာလည်း ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားပါတယ် ။
Vietnamnet ရဲ့အဆိုအရ Be Thi Bang ရဲ့ခင်ပွန်းသည် ဂျာမန်သင်္ချာပါမောက္ခတစ်ဦးပါ ။ သူတို့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ် ။ ဘဝမှာ အတက်အကျ ကြီးကြီးမားမားတွေ ရှိနေပေမယ့် Hot TikToker Be Thi Bang ကတော့ ဘဝမှာ အပြုသဘောဆောင်တဲ့ အရာတွေကို လက်ခံပြီး လူတိုင်းကို အဓိပ္ပါယ်ရှိတဲ့ မက်ဆေ့ချ်ကို ဖြန့်ကျက်ဖို့ ပြင်းပြင်းထန်ထန် ဖြတ်ကျော်ခဲ့ပါတယ် ။
JRose (KB Chimmy one)
Reference : yan
Zawgyi
JRose (KB Chimmy one)
  • Leave a Comment
Categories