နေအိမ်တွင်မွေးထားသောခွေးကလေးကို ဓာတ်မီးလေးထွန်းပြီး လိုက်စကာ အရူးလုပ်နေရလို့ အလွန်ပျော်ပြီးတခစ်ခစ်နဲ့ရယ်မောနေခဲ့သည့် အသက်၁၁လအရွယ်ကလေးငယ်

လူတစ်ဦးတစ်ယောက်ကမည်မျှပင်စိတ်ပင်ပန်းနေပါစေ အပြစ်ကင်းစင်လွန်းလှသော အဖြူထည်ကလေးငယ်များကိုမြင်တွေ့လိုက်ရလျှင် စိတ်ချမ်းမြေ့သွားကြရပါတယ်။ယခုတွင်လည်း အသက်၁နှစ်ပင်မပြည့်သေးသည့်ကလေးငယ်လေး၏ ခွေးကလေးတွေကိုစနောက်ပြီးသဘောကျနေပုံဟာ လူအများအတွက်ချစ်ခင်ကြည်နူးဖွယ်ရာဖြစ်နေခဲ့ပါတယ်။

အသက်၁၁လအရွယ်သာရှိသေးသည့် ကလေးငယ်လေးဟာ ဓာတ်မီး၏အလင်းရောင်ဖြင့်ခွေးကလေးကိုစနောက်ခဲ့ပါတယ်။ခွေးကလေးကလည်း ဓာတ်မီးကထွက်ပေါ်လာသည်အလင်းရောင်ကို မသိသောကြောင့် လိုက်လံစူးစမ်းနေသဖြင့် ကလေးကအလင်းရောင်ကိုနေရာရွှေ့ပြီးအရူးလုပ်နေခဲ့ပါတယ်။

ကလေး၏ ခွေးကလေးကိုစနောက်အရူးလုပ်ရလို့ တခစ်ခစ်နဲ့ရယ်နေပုံလေးဟာ မြင်တွေ့သူတိုင်းကိုပြုံးမိနေစေခဲ့တာလည်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories