သမီးလေးမှ မိခင်ဖြစ်သူကို မမြင်တာနဲ့ အရမ်းငိုလွန်းတာကြောင့် မိခင်နှင့်ပုံစံတူ အမျိုးသမီးလို ဝတ်စားပြီး ချော့နေခဲ့သော ဖခင်တစ်ဦး

ကလေးငယ်များသည် မိခင်ဖြစ်သူနဲ့သာ အနေများပြီး အခြားသူလက်ထဲတွင် မနေချင်ကြတော့ပဲ မိခင်ဖြစ်သူကို မမြင်တော့တာနဲ့ ထိန်းမရအောင် တန်းပြီး ငိုချကြတော့သည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နေထိုင်သော ဖခင်တစ်ဦးသည် တစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိရာ ဇနီးသည် အလုပ်ကိစ္စနဲ့ အပြင်သွားနေချိန်တွင် သမီးလေးကို ထိန်းဖို့ အိမ်မှာ ကျန်ရစ်ခဲ့သည်။

သမီးလေးသည် မိခင်ဖြစ်သူ အပြင်ထွက်သွားတာကို မြင်ပြီး သူ့အားမခေါ်သွားလို့ဆိုပြီး အသံကျယ်စွာ အော်ငိုနေခဲ့ပြီး ဖခင်ဖြစ်သူမှ ပွေ့ချီကာ အငိုတိတ်အောင် နည်းလမ်းမျိုးစုံနဲ့ ချော့မြူခဲ့သော်လည်း မရခဲ့ပေ။

ထိုစဥ် ဖခင်ဖြစ်သူသည် သမီးလေးအငိုတိတ်စေဖို့ ဇနီးသည်ရဲ့အလှပြင် ပစ္စည်းတွေကိုအသုံးပြုကာ မိတ်ကပ်လိမ်းခြယ်ပြီး နှုတ်ခမ်းနီလေးပါ ဆိုထားပြီး အမျိုးသမီးလို ဆံပင်တုနဲ့ အမှန်အကန် ပြင်ဆင်ခဲ့သည်။

ထိုအချိန်တွင် သမီးလေးသည် မိခင်ဖြစ်သူအထင်နဲ့ အငိုတိတ်သွားသော်လည်း ဖခင်ရဲ့အသံကိုကြားပြီးနောက် မိခင်မဟုတ်မှန်း ချက်ချင်းသိကာ ပြန်ငိုနေခဲ့၍ ဖခင်ခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ သမီးလေးတစ်ယောက်နှင့် အခက်တွေ့နေတော့သည်။

Hlaing (Love Feeling)

Zawgyi

သမီးေလးမွ မိခင္ျဖစ္သူကို မျမင္တာနဲ႔ အရမ္းငိုလြန္းတာေၾကာင့္ မိခင္ႏွင့္ပုံစံတူ အမ်ိဳးသမီးလို ဝတ္စားၿပီး ေခ်ာ့ေနခဲ့ေသာ ဖခင္တစ္ဦး

ကေလးငယ္မ်ားသည္ မိခင္ျဖစ္သူနဲ႔သာ အေနမ်ားၿပီး အျခားသူလက္ထဲတြင္ မေနခ်င္ၾကေတာ့ပဲ မိခင္ျဖစ္သူကို မျမင္ေတာ့တာနဲ႔ ထိန္းမရေအာင္ တန္းၿပီး ငိုခ်ၾကေတာ့သည္။

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕တြင္ ေနထိုင္ေသာ ဖခင္တစ္ဦးသည္ တစ္ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ရွိရာ ဇနီးသည္ အလုပ္ကိစၥနဲ႔ အျပင္သြားေနခ်ိန္တြင္ သမီးေလးကို ထိန္းဖို႔ အိမ္မွာ က်န္ရစ္ခဲ့သည္။

သမီးေလးသည္ မိခင္ျဖစ္သူ အျပင္ထြက္သြားတာကို ျမင္ၿပီး သူ႔အားမေခၚသြားလို႔ဆိုၿပီး အသံက်ယ္စြာ ေအာ္ငိုေနခဲ့ၿပီး ဖခင္ျဖစ္သူမွ ေပြ႕ခ်ီကာ အငိုတိတ္ေအာင္ နည္းလမ္းမ်ိဳးစုံနဲ႔ ေခ်ာ့ျမဴခဲ့ေသာ္လည္း မရခဲ့ေပ။

ထိုစဥ္ ဖခင္ျဖစ္သူသည္ သမီးေလးအငိုတိတ္ေစဖို႔ ဇနီးသည္ရဲ႕အလွျပင္ ပစၥည္းေတြကိုအသုံးျပဳကာ မိတ္ကပ္လိမ္းျခယ္ၿပီး ႏႈတ္ခမ္းနီေလးပါ ဆိုထားၿပီး အမ်ိဳးသမီးလို ဆံပင္တုနဲ႔ အမွန္အကန္ ျပင္ဆင္ခဲ့သည္။

ထိုအခ်ိန္တြင္ သမီးေလးသည္ မိခင္ျဖစ္သူအထင္နဲ႔ အငိုတိတ္သြားေသာ္လည္း ဖခင္ရဲ႕အသံကိုၾကားၿပီးေနာက္ မိခင္မဟုတ္မွန္း ခ်က္ခ်င္းသိကာ ျပန္ငိုေနခဲ့၍ ဖခင္ခမ်ာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ သမီးေလးတစ္ေယာက္ႏွင့္ အခက္ေတြ႕ေနေတာ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories