အလုပ်လုပ်ရလွန်းလို့ ပင်ပန်းနေသည့် မိခင်ဖြစ်သူကို အနားယူစေချင်၍ မောင်လေးဖြစ်သူကိုကျောပိုးကာ ညစာအတွက် ချက်ပြုတ်ပေးနေသည့် ကလေးမလေး

မိဘတိုင်းက သားသမီးတွေအတွက် မည်သို့သော ခက်ခဲကြမ်းတမ်းသည့် ဘဝကိုဖြတ်သန်းနေရပါစေ မငြိုငြင်ပဲ ပြုစုပျိုးထောင်ပေးသလို သားသမီးတွေဆီကနေ အလိုက်တသိနဲ့ သက်သာရာကို ကူညီလုပ်ဆောင်ပေးပါက မိဘများအဖို့ ဝမ်းသာမဆုံးဖြစ်ကြရသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၉နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မောင်နှမနှစ်ယောက်ရှိပြီး အကြီးဆုံးဖြစ်ကာ လိမ္မာသိတတ်လွန်းပြီး ကြင်ဖော်မဲ့မိခင်ဖြစ်သူကို မိသားစုဝန်ထုပ်ဝန်ပိုးမှ သက်သာစေခဲ့သည်။

ဖခင်ဖြစ်သူ မရှိတော့သည့်နောက်ပိုင်းတွင် ကလေးမလေးရဲ့ မိခင်ဖြစ်သူကပဲ စားဝတ်နေရေးအတွက် ဝင်ငွေထွက်ရှာရကာ ပင်ပန်းလွန်းပြီး တစ်နှစ်သားအရွယ် မောင်လေးကလည်းရှိသေးတာကြောင့် အလုပ်ကအပြန် အိမ်မှာလည်း စားသောက်ဖို့ရာ ချက်ပြုတ်ပြင်ဆင်ရသေးသော်လည်း ငြီးငြူခြင်းမရှိခဲ့ပေ။

ထို့ကြောင့် ကလေးမလေးသည် မိခင်ဖြစ်သူသက်သာဖို့ရာအတွက် ကျောင်းပိတ်ရက်တွင် မိခင်အိမ်မပြန်ရောက်သေးခင် မောင်လေးကိုကျောပိုးထားပြီး မိခင်ဖြစ်သူအိမ်ပြန်ရောက်သည့်အခါ အဆင်သင့်စားသောက်ဖို့ရာ ညာစာကို ချက်ပြုတ်ပြင်ဆင်နေခဲ့သည်။

မိခင်ဖြစ်သူသည် အိမ်ပြန်ရောက်သောအခါ ကလေးထိန်းရင်း ဟင်းချက်နေသည့် အလိုက်သိလွန်းသော သမီးလေးကိုမြင်လိုက်ရ၍ ဝမ်းသာမိကာ လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Rain (For Ialinks)

Zawgyi

အလုပ္လုပ္ရလြန္းလို႔ ပင္ပန္းေနသည့္ မိခင္ျဖစ္သူကို အနားယူေစခ်င္၍ ေမာင္ေလးျဖစ္သူကိုေက်ာပိုးကာ ညစာအတြက္ ခ်က္ျပဳတ္ေပးေနသည့္ ကေလးမေလး

မိဘတိုင္းက သားသမီးေတြအတြက္ မည္သို႔ေသာ ခက္ခဲၾကမ္းတမ္းသည့္ ဘဝကိုျဖတ္သန္းေနရပါေစ မၿငိဳျငင္ပဲ ျပဳစုပ်ိဳးေထာင္ေပးသလို သားသမီးေတြဆီကေန အလိုက္တသိနဲ႔ သက္သာရာကို ကူညီလုပ္ေဆာင္ေပးပါက မိဘမ်ားအဖို႔ ဝမ္းသာမဆုံးျဖစ္ၾကရသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံမွ အသက္၉ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ေမာင္ႏွမႏွစ္ေယာက္ရွိၿပီး အႀကီးဆုံးျဖစ္ကာ လိမၼာသိတတ္လြန္းၿပီး ၾကင္ေဖာ္မဲ့မိခင္ျဖစ္သူကို မိသားစုဝန္ထုပ္ဝန္ပိုးမွ သက္သာေစခဲ့သည္။

ဖခင္ျဖစ္သူ မရွိေတာ့သည့္ေနာက္ပိုင္းတြင္ ကေလးမေလးရဲ႕ မိခင္ျဖစ္သူကပဲ စားဝတ္ေနေရးအတြက္ ဝင္ေငြထြက္ရွာရကာ ပင္ပန္းလြန္းၿပီး တစ္ႏွစ္သားအ႐ြယ္ ေမာင္ေလးကလည္းရွိေသးတာေၾကာင့္ အလုပ္ကအျပန္ အိမ္မွာလည္း စားေသာက္ဖို႔ရာ ခ်က္ျပဳတ္ျပင္ဆင္ရေသးေသာ္လည္း ၿငီးျငဴျခင္းမရွိခဲ့ေပ။

ထို႔ေၾကာင့္ ကေလးမေလးသည္ မိခင္ျဖစ္သူသက္သာဖို႔ရာအတြက္ ေက်ာင္းပိတ္ရက္တြင္ မိခင္အိမ္မျပန္ေရာက္ေသးခင္ ေမာင္ေလးကိုေက်ာပိုးထားၿပီး မိခင္ျဖစ္သူအိမ္ျပန္ေရာက္သည့္အခါ အဆင္သင့္စားေသာက္ဖို႔ရာ ညာစာကို ခ်က္ျပဳတ္ျပင္ဆင္ေနခဲ့သည္။

မိခင္ျဖစ္သူသည္ အိမ္ျပန္ေရာက္ေသာအခါ ကေလးထိန္းရင္း ဟင္းခ်က္ေနသည့္ အလိုက္သိလြန္းေသာ သမီးေလးကိုျမင္လိုက္ရ၍ ဝမ္းသာမိကာ လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

Rain (For Ialinks)

  • Leave a Comment

Categories