မင်္ဂလာစုံတွဲဓာတ်ပုံရိုက်နေတာကို ဖျတ်ပြီး ရေနစ်ပြီး သတိလစ်သွားသည့် သူစိမ်းအမျိုးသားအား ကယ်ဆယ်ခဲ့သည့် သတို့သမီးလေး

လူတိုင်းအတွက် မင်္ဂလာဆောင်သည့်နေ့နှင့် မင်္ဂလာဓာတ်ပုံ အကြိုရိုက်သော နေ့များသည် အရေးကြီးသည့်အတွက် မည်သည့်အနှောင့်အယှက်မှ မဖြစ်စေလိုပဲ တစ်ခုခုလွှဲမှားသွားမည်ကိုလည်း စိုးရိမ်ကြကာ အစစအရာရာ သတိထားလုပ်ဆောင်ကြရသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လူနာအပေါ် ကြင်နာသောအပြုအမူ ဆက်ဆံရေးရှိသည့် သူနာပြုဆရာမလေးအဖြစ် လူသိများခဲ့သည်။

သူနာပြုဆရာမလေးသည် မင်္ဂလာမဆောင်ခင်ရက်ပိုင်းအလိုတွင် ကမ်းခြေတစ်ခုသို့ သွားရောက်ကာ သူမရဲ့ ခင်ပွန်းလောင်းလေးနှင့်အတူ မင်္ဂလာစုံတွဲဓာတ်ပုံသွားရိုက်ခဲ့ကြသည်။

ထိုစဥ် သူနာပြုဆရာမလေးသည် သတို့သမီးဝတ်စုံလေးနှင့်အတူ မိတ်ကပ်ပြင်ဆင်မှုတို့ကြောင့် အရမ်းကို လှပနေခဲ့ပြီး ဓာတ်ပုံရိုက်ကူးနေခဲ့ရာ အမည်မသိအမျိုးသားတစ်ဦးမှ ကမ်းခြေတွင် ရေကစားရင်း နှလုံးဖောက်ကာ သတိလစ်ပြီး ရေနစ်သွားခဲ့သည်။

ရေနစ်သည့်အမျိုးသားကြောင့် ကမ်းခြေရှိ လာရောက်ကစားသူအားလုံးလည်း ပြာယာခတ်ကုန်ပြီး အကူအညီလိုနေချိန် သတို့သမီးလေးသည် သူနာပြုဆရာမတစ်ဦးပီသစွာ သူမရဲ့ မင်္ဂလာဓာတ်ပုံရိုက်ခြင်းကို ဖျတ်သိမ်းလိုက်ပြီး လူနာအမျိုးသားဆီ အပြေးသွားကာ ကယ်ဆယ်ခဲ့သည်။

ထို့ကြောင့် ကမ်းခြေရှိလူများအားလုံးသည် ပျော်ရွှင်စရာအချိန်လေးကို ရပ်တန့်ပြီး အခြားသော သူစိမ်းအမျိုးသားအား ကယ်ဆယ်ဖို့ကြိုးစားခဲ့သည့် သူနာပြုဆရာမလေးကို ချီးကျူးခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi

မဂၤလာစုံတြဲဓာတ္ပုံ႐ိုက္ေနတာကို ဖ်တ္ၿပီး ေရနစ္ၿပီး သတိလစ္သြားသည့္ သူစိမ္းအမ်ိဳးသားအား ကယ္ဆယ္ခဲ့သည့္ သတို႔သမီးေလး

လူတိုင္းအတြက္ မဂၤလာေဆာင္သည့္ေန႔ႏွင့္ မဂၤလာဓာတ္ပုံ အႀကိဳ႐ိုက္ေသာ ေန႔မ်ားသည္ အေရးႀကီးသည့္အတြက္ မည္သည့္အေႏွာင့္အယွက္မွ မျဖစ္ေစလိုပဲ တစ္ခုခုလႊဲမွားသြားမည္ကိုလည္း စိုးရိမ္ၾကကာ အစစအရာရာ သတိထားလုပ္ေဆာင္ၾကရသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံမွ အသက္၂၅ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ လူနာအေပၚ ၾကင္နာေသာအျပဳအမူ ဆက္ဆံေရးရွိသည့္ သူနာျပဳဆရာမေလးအျဖစ္ လူသိမ်ားခဲ့သည္။

သူနာျပဳဆရာမေလးသည္ မဂၤလာမေဆာင္ခင္ရက္ပိုင္းအလိုတြင္ ကမ္းေျခတစ္ခုသို႔ သြားေရာက္ကာ သူမရဲ႕ ခင္ပြန္းေလာင္းေလးႏွင့္အတူ မဂၤလာစုံတြဲဓာတ္ပုံသြား႐ိုက္ခဲ့ၾကသည္။

ထိုစဥ္ သူနာျပဳဆရာမေလးသည္ သတို႔သမီးဝတ္စုံေလးႏွင့္အတူ မိတ္ကပ္ျပင္ဆင္မႈတို႔ေၾကာင့္ အရမ္းကို လွပေနခဲ့ၿပီး ဓာတ္ပုံ႐ိုက္ကူးေနခဲ့ရာ အမည္မသိအမ်ိဳးသားတစ္ဦးမွ ကမ္းေျခတြင္ ေရကစားရင္း ႏွလုံးေဖာက္ကာ သတိလစ္ၿပီး ေရနစ္သြားခဲ့သည္။

ေရနစ္သည့္အမ်ိဳးသားေၾကာင့္ ကမ္းေျခရွိ လာေရာက္ကစားသူအားလုံးလည္း ျပာယာခတ္ကုန္ၿပီး အကူအညီလိုေနခ်ိန္ သတို႔သမီးေလးသည္ သူနာျပဳဆရာမတစ္ဦးပီသစြာ သူမရဲ႕ မဂၤလာဓာတ္ပုံ႐ိုက္ျခင္းကို ဖ်တ္သိမ္းလိုက္ၿပီး လူနာအမ်ိဳးသားဆီ အေျပးသြားကာ ကယ္ဆယ္ခဲ့သည္။

ထို႔ေၾကာင့္ ကမ္းေျခရွိလူမ်ားအားလုံးသည္ ေပ်ာ္႐ႊင္စရာအခ်ိန္ေလးကို ရပ္တန္႔ၿပီး အျခားေသာ သူစိမ္းအမ်ိဳးသားအား ကယ္ဆယ္ဖို႔ႀကိဳးစားခဲ့သည့္ သူနာျပဳဆရာမေလးကို ခ်ီးက်ဴးခဲ့ၾကသည္။

Hlaing (Love Feeling)

  • Leave a Comment

Categories