ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်မနီလာမြို့မှာ jeepney လိုင်းကားယာဉ်မောင်းတစ်ဦးက သူ့သမီးများရဲ့ဘွဲ့လက်မှတ်ဓာတ်ပုံများကို သူ့ကားပေါ်ရှိ အကြွေစေထည့်တဲ့သေတ္တာပေါ်မှာ တန်ဖိုးထား အလှဆင်ထားတဲ့ဓာတ်ပုံကို Justin Giovanni Ilagan Linatoc အမည်ရှိ Facebook အသုံးပြုသူက ပြန်လည်မျှဝေခဲ့ပါတယ်။ Linatoc က လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ၎င်း jeepney ဉ်မောင်းကို ပထမဆုံးအကြိမ်တွေ့ခဲ့ရပြီး ထိုစဉ်က အကြွေစေ့ထည့်တဲ့သေတ္တာပေါ်ကပ်ထားတဲ့ စိတ်ဝင်စားစရာ ဘွဲ့ဓာတ်ပုံတွေကို ရိုက်ယူခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မကြာသေးမီက Linatoc က အဆိုပါ လျှပ်တစ်ပြက်ဓာတ်ပုံကို အမှတ်ရခဲ့ပြီးနောက် ၎င်းရဲ့ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေခဲ့တာဘဲ ဖြစ်ပါတယ်။
အခုချိန်မှာ သူ့သားသမီးများက ဘွဲ့တွေကိုယ်စီရပြီး အလုပ်အကိုင်ကောင်းကို သေချာလုပ်ကိုင်နေကြပုံရတဲ့အတွက်ကြောင့် လူအများက ဒီဂျစ်ကားမောင်းသူအား အနားယူသင့်တယ်လို့ မှတ်ချက်ပေးသူများရှိခဲ့ပေမဲ့ အလုပ်ကြိုးစားတဲ့ဖခင်ဖြစ်သူကတော့ သူ့ဂျစ်ကားကို ဆက်လက်မောင်းနှင်နေပုံရပါတယ်။ ဖြစ်နိုင်သည်မှာ အဆိုပါဖခင်ဖြစ်သူဟာ သူ့သားသမီးများကို ယခုအချိန်မှာ ပိုကောင်းတဲ့နေရာများသို့ နေနိုင်ဖို့ထောက်ပံ့ပေးရန် မရည်ရွယ်ပေမဲ့လည်း သူဟာ ဂျစ်ကားယဉ်မောင်းတစ်ဦးအဖြစ်နဲ့ အချိန်ကုန်သွားချင်ပုံရပါတယ်။
Facebook မှ Linatoc ရဲ့ပို့စ်ကို မှတ်ချက်ပေးသူတစ်ဦးက အဆိုပါ ဂျစ်ကားရဲ့ရှေ့ခန်းခုံမှာ ထိုင်ခဲ့ပြီး ထိုဓာတ်ပုံများကို အတိအကျ မြင်တွေ့ခဲ့ရသည်မှလွဲ၍ သူမရဲ့လက်ဝဲဘက်မှာတော့ ချောမောတဲ့ ကောင်လေးတစ်ယောက်က နေရာယူထားခဲ့ကြောင်း မှတ်ချက်ပေးထားခဲ့တဲ့အတွက်ကြောင့် အဲဒီကလေးက ဂျစ်နီကားမောင်းသူရဲ့ပထမဆုံးမြေးများဖြစ်နေမလားဆိုတာ သိချင်စရာပါဘဲ။
ဒီဂျစ်ကားမောင်းသူရဲ့ဇာတ်လမ်းအပြည့်အစုံနဲ့ သူ့ရဲ့စိတ်အားထက်သန်မှုတွေကို ကျွန်တော်တို့တကယ်မသိပေမယ့် ဒီဖခင်က သူ့ကလေးအတွက် အရမ်းဂုဏ်ယူနေပြီး၊ ပိုအရေးကြီးတာက သူ့ရဲ့ဂျစ်ကားမောင်းတဲ့အလုပ်နဲ့ သမီးသုံးယောက်ကို ကောလိပ်ဘွဲ့လွန်ရတဲ့အထိ ထောက်ပံ့ပေးနိုင်ခဲ့တာက အံ့ဩချီးကျူးလေးစားစရာပါဘဲ။
Mia (Mckzone daily)
Reference : rachfeed