လေဖြတ်နေသော မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း အလုပ်တစ်ဖက်နှင့် ကျောင်းတက်ခဲ့ရသော မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက်၁၇နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ငယ်စဥ်လေးတည်းက ဖခင်ဖြစ်သူရဲ့ မျက်နှာကိုပင် မတွေ့ဖူးခဲ့ပဲ မိခင်ဖြစ်သူနှင့် အဒေါ်တို့ လက်ထဲမှာ ကြီးပြင်းလာခဲ့ရပြီး စားဝတ်နေရေးအတွက် အရွယ်နှင့်မလိုက်အောင် ရုန်းကန်လာခဲ့ရသည်။

မိန်းကလေးသည် အထက်တန်းကျောင်းတက်စဥ် မိခင်ဖြစ်သူမှ လေဖြတ်ရောဂါခံစားခဲ့ရကာ အလုပ်မလုပ်နိုင်တော့ပဲ အိမ်မှာပဲနေရကာ ကျောင်းစရိတ်နှင့် စားဖို့အတွက်ကို စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း ပန်းကန်ဆေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

ထို့အတူ မိန်းကလေးသည် တောထဲတွင် ထင်းရှာထွက်ပြီး ရပ်ကွက်ထဲတွင် လှည့်လည်ရောင်းကာ ဝင်ငွေရှာရင်း တက္ကသိုလ်ကိုပြီးဆုံးအောင် တက်ပြီးနောက် အလုပ်အကိုင်ကောင်းတစ်ခုရချင်ကာ မိခင်ဖြစ်သူကို ဆေးကုသပေးလိုသည့် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။

မိန်းကလေးသည် သူမဘဝဆင်းရဲမှုအတွက် စာကိုကြိုးစားခဲ့ရာ အတန်းထဲတွင် အမြဲပထမရနေခဲ့ပြီး ဆရာ ဆရာမများကလည်း မိန်းကလေးမိသားစုရဲ့အကြောင်းကို သိရှိထားပြီးနောက်ပိုင်းတွင် ကျောင်းစရိတ်အတွက် ထောက်ပံ့ကူညီပေးခဲ့သည်။

Hlaing (Love Feeling)

Zawgyi

ေလျဖတ္ေနေသာ မိခင္ျဖစ္သူကို ျပဳစုေစာင့္ေရွာက္ရင္း အလုပ္တစ္ဖက္ႏွင့္ ေက်ာင္းတက္ခဲ့ရေသာ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံမွ အသက္၁၇ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ငယ္စဥ္ေလးတည္းက ဖခင္ျဖစ္သူရဲ႕ မ်က္ႏွာကိုပင္ မေတြ႕ဖူးခဲ့ပဲ မိခင္ျဖစ္သူႏွင့္ အေဒၚတို႔ လက္ထဲမွာ ႀကီးျပင္းလာခဲ့ရၿပီး စားဝတ္ေနေရးအတြက္ အ႐ြယ္ႏွင့္မလိုက္ေအာင္ ႐ုန္းကန္လာခဲ့ရသည္။

မိန္းကေလးသည္ အထက္တန္းေက်ာင္းတက္စဥ္ မိခင္ျဖစ္သူမွ ေလျဖတ္ေရာဂါခံစားခဲ့ရကာ အလုပ္မလုပ္ႏိုင္ေတာ့ပဲ အိမ္မွာပဲေနရကာ ေက်ာင္းစရိတ္ႏွင့္ စားဖို႔အတြက္ကို စားေသာက္ဆိုင္တစ္ခုမွာ အခ်ိန္ပိုင္း ပန္းကန္ေဆးသမားအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့ရသည္။

ထို႔အတူ မိန္းကေလးသည္ ေတာထဲတြင္ ထင္းရွာထြက္ၿပီး ရပ္ကြက္ထဲတြင္ လွည့္လည္ေရာင္းကာ ဝင္ေငြရွာရင္း တကၠသိုလ္ကိုၿပီးဆုံးေအာင္ တက္ၿပီးေနာက္ အလုပ္အကိုင္ေကာင္းတစ္ခုရခ်င္ကာ မိခင္ျဖစ္သူကို ေဆးကုသေပးလိုသည့္ ဆႏၵရွိေၾကာင္း ဆိုခဲ့သည္။

မိန္းကေလးသည္ သူမဘဝဆင္းရဲမႈအတြက္ စာကိုႀကိဳးစားခဲ့ရာ အတန္းထဲတြင္ အၿမဲပထမရေနခဲ့ၿပီး ဆရာ ဆရာမမ်ားကလည္း မိန္းကေလးမိသားစုရဲ႕အေၾကာင္းကို သိရွိထားၿပီးေနာက္ပိုင္းတြင္ ေက်ာင္းစရိတ္အတြက္ ေထာက္ပံ့ကူညီေပးခဲ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories