လူသားတို့သည် သူတို့တကယ်ချစ်တဲ့သူနဲ့ ဆုံတွေ့တဲ့အခါ ချစ်သူလေးရဲ့မျက်နှာပေါ်က အပြုံးလေးတစ်ပွင့်အား မြင်ရဖို့အတွက် မိန်းကလေးတွေကြိုက်စေမည့် သဘောကျစေမည့် အရာများကို ပြုလုပ်ပေးတတ်ကြသည်။
သို့ဖြစ်၍ တောင်အာဖရိကနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်အမျိုးသားတစ်ဦးသည် ငွေကြေးချမ်းသာသည့်အလျောက် ချစ်သူမိန်းကလေးအပေါ်မှာလည်း အလိုလိုက်ကာ တန်ဖိုးကြီး လက်ဆောင် ပစ္စည်းတွေကိုလည်း အမြဲလိုလိုဝယ်ပေးခဲ့သည်။
ထို့အပြင် အမျိုးသားသည် ချစ်သူမိန်းကလေးနေထိုင်ဖို့ရာ ဇိမ်ခံတိုက်အိမ်ကြီးတစ်လုံးကို ငွေကြေးများစွာ ကုန်ကျခံပြီးနောက် ဆောက်လုပ်ပေးထားရာ ကံဆိုးစွာပဲ သူတို့နှစ်ဦးမှာ သည်းမခံနိုင်ကြသော လုပ်ရပ်တွေကြောင့် စကားများရန်ဖြစ်ကာ လမ်းခွဲပြတ်စဲခဲ့ကြသည်။
ထိုအချိန်မှာပဲ မိန်းကလေးသည် ထိုအိမ်ကြီးအား အခြားသူများဆီမှာ ပြန်ရောင်းဖို့ရာ စီစဥ်နေသည့်အတွက် အမျိုးသားမှ သူဆောက်ပေးထားတဲ့အိမ်ပဲဆိုပြီး ဒေါသကြီးစွာ မြေကော်စက်ကြီးနဲ့အတူ တစ်စစီဖြစ်သွားသည်ထိ ဖြိုဖျတ်ပစ်ခဲ့သည်။
ထို့နောက် ချစ်သူဟောင်းမိန်းကလေးသည်လည်း တိုက်အိမ်ကြီးဖြိုထားသည့်နေရာမှာပဲ အပြုံးမပျက်ပဲ ဝမ်းမနည်းကြောင်းနှင့် ဂရုမစိုက်ကြောင်း ဓာတ်ပုံရိုက်ကာ မျှဝေခဲ့သည်။
Hlaing (Love Feeling)
Zawgyi
ချစ်သူလေးမှ လမ်းခွဲပြီးနောက် သူဆောက်လုပ်ပေးထားသည့် တိုက်အိမ်ကြီးအား စိတ်တိုတိုနဲ့ ပြန်ဖြိုဖျတ်ပစ်သော်လည်း ဝမ်းနည်းမနေပူးဆိုတဲ့အကြောင်း ဝေမျှလာခဲ့တဲ့ မိန်းကလေး
Hlaing (Love Feeling)