ဇနီးထံအလည်သွားမဲ့ ၉၇ နှစ်အရွယ် အဘိုးဖြစ်သူကို စိတ်ပူပြီး ၃ ကီလိုမီတာဝေးတဲ့အသွားအပြန်တစ်လျှောက်လုံး အတူလိုက်ပါပေးခဲ့တဲ့ သစ္စာရှိကြောင်မလေး

အသက် ၁၅ နှစ်အရွယ် Xiao Ke လို့ အမည်ပေးထားတဲ့ကြောင်မလေးဟာ သခင်ဖြစ်သူ Pan Shuhua က ကယ်တင်ခဲ့တဲ့ လမ်းဘေးကြောင်တစ်ကောင်ဖြစ်ပါတယ်။ ကယ်တင်ခံရပြီးနောက် 15 နှစ်အကြာမှာ Xiao Ke ဟာ မိသားစုအတွက်သူမ၏ဘဝတစ်ခုလုံးကိုစွန့်စားတဲ့အကာအကွယ်ကြောင်ဖြစ်လာခဲ့ပြီး အလွန်ရွှင်လန်းဖော်ရွေသလို အထင်ကြီးစရာအကောင်းဆုံးကတော့ ယခု အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ မိသားစုရဲ့အဘိုးကို သစ္စာရှိရှိကာကွယ်ပေးပြီး ခွဲထားလို့မရအောင် အဘိုး ဘယ်သွားသွား လိုက်သွားတဲ့ကြောင်မလေးဘဲဖြစ်ပါတယ်။ Pan ဟာ တစ်နေ့မှာ သူ့ရဲ့ အဆိုပါ ယောက္ခထီးဖြစ်သူက ဇနီးသည်ကိုလိုက်ရှာရန် ရုတ်တရက် သတိရသွားကာ ဘာမှမပြောဘဲ အပြင်ထွက်သွားခဲ့တဲ့အတွက်ကြောင့် တစ်မိသားစုလုံး စိတ်ပူသွားခဲ့ရတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။

Pan ရဲ့အဆိုအရ ၎င်းမိသားစုနှင့် ယောက္ခထီးဟာ ထိုင်ဝမ် Miaoli ကောင်တီမှာနေထိုင်ကြပြီး ထိုနေ့မှာ ယောက္ခထီးဖြစ်သူဟာ အသက် (၈၉) နှစ်ရှိ ဇနီးကို အမှတ်တမဲ့ သတိရမိသွားခဲ့ပေမဲ့ ဇနီးဖြစ်သူက စိတ်ကျရောဂါကြောင့် ဘိုးဘွားရိပ်သာ၌ နေထိုင်လျက်ရှိနေတဲ့အတွက်ကြောင့် ယောက္ခထီးဟာ မပြောမဆိုဘဲ ဇနီးကိုသွားတွေ့ဖို့ လမ်းလျှောက်ထွက်ခဲ့တာပါ။ ယောက္ခထီး ပျောက်ဆုံးနေသည်ကို သိလိုက်ရတဲ့အခါမှာ Pan နှင့် အိမ်ရှိလူတိုင်း စိုးရိမ်ထိတ်လန့်သွားကြပါတယ်။

ထို့နောက် ယောက္ခထီးက Xiao Ke လေးနဲ့အတူ အိမ်ပြန်ရောက်လာတော့မှဘဲ ၎င်းတို့ဟာ စိတ်သက်သာရာရသွားခဲ့ရပြီး Xiao Ke လေးက အသွားအပြန် ၃ ကီလိုမီတာ အကွာဝေးရှိတဲ့လမ်းမှာ သူမရဲ့အဘိုးအား ဘေးကင်းစွာ အကာအကွယ်ပေးခဲ့ပါတယ်။

“ သက်ကြီးရွယ်အိုတွေအတွက် တစ်ကီလိုမီတာ ဒါမှမဟုတ် နှစ်ကီလိုမီတာ လမ်းလျှောက်ရတဲ့ခရီးက အရမ်းခက်ခဲတယ် ၊ ယောက္ခထီးက အိမ်ပြန်ရောက်လာတော့ သူက ပြုံးပြီး ‘ ကံကောင်းလိုက်တာ၊ ဒီချစ်စရာကောင်းတဲ့ကလေးက ငါ့ကို လိုက်ပို့ပေးလို့ မဟုတ်ရင် ငါ စိတ်ညစ်သွားနိုင်တယ် ‘ လို့ ပြောနေခဲ့သေးတယ် ” လို့ Pan က ဆိုခဲ့ပါတယ်။

အဘွားဖြစ်သူ Pan ရဲ့ယောက္ခမက သက်ကြီးရွယ်အိုအိမ်မှာရှိနေပြီး အိမ်ရှိကလေးတွေကလည်း အလုပ်သွားနေရတဲ့အတွက် အဘိုးနဲ့ Xiao Ke ရဲ့ ဆက်ဆံရေးက ပိုမိုခိုင်မာလာခဲ့ပါတယ်။ ထို့ပြင် သူမအဘိုးရဲ့လုံခြုံရေးအတွက် အမြဲစိုးရိမ်တတ်တဲ့ Xiao Ke လေးရဲ့ အလေ့အထကို Pan က ရယ်မောရင်းနဲ့ “ ကျွန်တော့်ယောက္ခထီး လမ်းလျှောက်ထွက်တိုင်း Xiao Ke က သူ့ဘေးမှာ ရှိနေမှာပါ။

တစ်ခါတရံမှာ ယောက္ခထီးက ရေချိုးဖို့သွားရင် ရေချိုးခန်း တံခါးရှေ့မှာ အဘိုး ရေချိုးပြီးတဲ့အထိ စိတ်ရှည်ရှည်နဲ့ သူမ စောင့်ကြည့်နေတတ်တယ်။ ဒီနှစ် ဆောင်းဦးအစောပိုင်းကစပြီး ကျွန်တော့်ယောက္ခမက အိမ်မှာမရှိတော့တဲ့အချိန်ကစပြီး Xiao Ke လေးက ကျွန်တော့်ယောက္ခထီးရဲ့ အမြဲတမ်း အဖော်ဖြစ်လာခဲ့တယ်။ ” ဟု ပြောပြခဲ့ပါတယ်။ လက်ရှိမှာ အဘိုးဟာ Xiao Ke လေးရဲ့ပင်တိုင်သခင်ဖြစ်လည်ခဲ့ပြီး Pan က ” တကယ်တော့ ကျွန်တော်က Xiao Ke ရဲ့ တကယ့်သခင်ပါ။

နောက်တော့ ယောက္ခထီးက Xiao Ke လေးကိုအရမ်းချစ်တာကို မြင်ပြီး သူတို့ကိုမခွဲခွါချင်လို့ Xiao Ke ကို အဲဒီအိမ်မှာပဲ ထားခဲ့လိုက်တယ်။ ဒါမယ့် အခုချိန်မှာတော့ Xiao Ke က အဲဒီအိမ်မှာ ယောက္ခထီးနဲ့ အတူနေနေတာ ကောင်းပါတယ်။ သူမက Miaoli တောင်တွေမှာ ယောက္ခထီးနဲ့ အဖော်အဖြစ် အတူလိုက်နိုင်လို့ ယောက္ခထီးရဲ့ဘဝက ပိုပျော်ရွှင်မယ်ထင်တယ် ” လို့လည်း ဆိုခဲ့ပါသေးတယ်။ အဘိုးနဲ့ သူ့ရဲ့ချစ်လှစွာသောကြောင်မလေးတို့ ဆက်လက်ကျန်းမာပြီး အတူတကွ အသက်ရှည်ရှည်နေနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

Mia (Mckzone daily)

Reference : goodtimes

  • Leave a Comment

Categories