နှစ်ယောက်စလုံးက တစ်မျိုးစီလေး ချစ်ဖို့ကောင်းနေ၍ ရွေးချယ်ရခက်နေကာ မိဘများကလည်း သဘောတူနေတာကြောင့် ညီအစ်မနှစ်ဦးလုံးနှင့် လက်ထပ်ခဲ့သည့် အမျိုးသား

အင်ဒိုနီးရှားနိုင်ငံမှ အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦးသည် ချစ်သူရည်းစားတွေ ထားခဲ့ဖူးသော်လည်း အမြဲလိုလို လမ်းခွဲခြင်းခံခဲ့ရကာ သူ့ဘဝတစ်လျှောက်လုံး မိန်းမမရနိုင်တော့ပူးဟုပင် ထင်မှတ်ထားပြီး စိတ်ဓါတ်ကျနေခဲ့သည်။

သို့သော်လည်း အမျိုးသားသည် အခြားရွာငယ်လေးတွင် အလုပ်သွားလုပ်ခဲ့စဥ် သက်တူရွယ်တူ မိန်းကလေးတစ်ဦးနှင့် ထပ်မံဆုံတွေ့ခဲ့ပြီး ချစ်သူရည်းစားတွေဖြစ်သွားပြီးနောက် အမြဲလိုလိုချိန်းတွေ့ခဲ့ရာတွင် ချစ်သူလေးမှ အဖော်အဖြစ်ခေါ်လာသော တစ်ဝမ်းကွဲညီမကိုပါ ချစ်မိသွားခဲ့သည်။

ကံကောင်းစွာဖြင့် သူတို့ညီအစ်မနှစ်ဦးသည် မနာလိုအူတိုခြင်းတွေမရှိပဲ အမျိုးသားအား အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြိုက်သွားပြီးနောက် ချစ်သူသက်တမ်း ၃လအကြာတွင် လက်ထပ်ရန်စီစဥ်ခဲ့ရာ ညီအစ်မနှစ်ဦးလုံးမှာ အပြစ်ပြောရက်စရာမရှိသောကြောင့် အမျိုးသားအနေနှင့် ရွေးရခက်နေ၍ နှစ်ယောက်လုံးကို တာဝန်ယူကာ လက်ထပ်ပစ်ခဲ့သည်။

Hlaing (Love Feeling)

Zawgyi





Hlaing (Love Feeling)

  • Leave a Comment

Categories