မင်္ဂလာဆောင်ပြီး အိမ်မှာလာနေတော့မယ့် သားမက်လေးကို ဟင်းအမျိုးပေါင်း၃၆၅မျိုးဖြင့်ဧည့်ခံပြီး ကြိုဆိုခဲ့ကြသည့် ကောင်မလေး၏မိသားစု

သာမန်အားဖြင့်တော့ သူတို့၏သမီးနှင့်ပတ်သတ်နေသည့် ယောကျာ်းလေးတွေကို ကြည့်မရဖြစ်နေကြတာဟာ ခပ်များများပင်ဖြစ်ပါတယ်။သို့သော်လည်း အိန္ဒိယနိုင်ငံ Andhra Pradeshဒေသမှ အမျိုးသမီးလေး၏ဖခင်က သူ၏သားမက်လေးကို နေအိမ်သို့ကြိုဆိုပုံလေးဟာ အခြားကောင်လေးတွေအတွက် အားကျချင်စရာဖြစ်နေခဲ့ပါတယ်။

အကြောင်းကတော့ မင်္ဂလာဆောင်ပြီးနေအိမ်သို့လာနေတော့မည့် သားမက်လေးကို မြင်းသား သိုးသား အမဲသားများအပြင် ဟင်းအမျိုးပေါင်း၃၆၅မျိုးဖြင့် ဧည့်ခံကြိုဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။

ယောက္ခမများကတော့ ခမ်းနားစွာကြိုဆိုခဲ့သော်လည်း သားမက်လေးကတော့ သမီးလေးအပေါ်မကောင်းလျှင် အတော်လေးဝမ်းနည်းနေမှာ သေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories