၄နှစ်လုံးလုံး အလုပ်ကြိုးစားပြီး ချစ်သူကို မိန်းကလေးပညာတတ်ဘွဲ့ရသည်ထိ ကျောင်းထားပေးခဲ့သော ကောင်လေး

ဖိလစ်ပိုင်နိုင်ငံမှ အသက်၂၄နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိဘနှစ်ပါးမှ ငွေကြေးမတတ်နိုင်တာကြောင့် ကျောင်းရပ်နားလိုက်ရတော့မည့် ချစ်သူမိန်းကလေးကို ၄နှစ်တိုင်တိုင် အလုပ်များစွာလုပ်ပြီး ကျောင်းထားပေးခဲ့သည်။

ချစ်သူမိန်းကလေးသည် မောင်နှမသုံးယောက်ရှိပြီး မိခင်ဖြစ်သူက ကျောင်းဆရာမဖြစ်ကာ ဖခင်ကတော့ အင်ဂျင်နီယာတစ်ဦးအဖြစ် အသက်မွေး၀မ်းကျောင်း ပြုခဲ့စဥ် သားသမီးသုံးယောက်လုံးက ကျောင်းတူတူတက်နေတာကြောင့် ကျောင်းစရိတ်ကို တစ်လုံးတည်း တစ်ပြိုင်တည်းပေးရသည့်အခါ စားဝတ်နေရေးအတွက် အကျပ်အတည်းဖြစ်လာရတော့သည်။

ထို့ကြောင့် မိန်းကလေးသည် အငယ်ဆုံးသမီးဖြစ်သည့် အလျောက် တက္ကသိုလ်ဆက်မတက်နိုင်တော့ပဲ ကျောင်းနားထားရတော့မည်ဖြစ်ကာ အများသုံးဂျစ်ကားပေါ်မှာကို ဝမ်းနည်းသည့်စိတ်တွေက ထိန်းမထားနိုင်တော့ပဲ ငိုချခဲ့သည်။

ထိုအချိန်တွင် ချစ်သူကောင်လေးမှ စိတ်မကောင်းဖြစ်သွားပြီး မိန်းကလေးအား ဘွဲ့ရသည်ထိ သူကိုယ်တိုင် ကျောင်းထားပေးမည်ဟု ဆိုခဲ့ပြီး အစပိုင်းတွင် စာပို့သမားအဖြစ် အလုပ်ဝင်လုပ်ခဲ့သည်။

နောက်ပိုင်းတွင် ကောင်လေးသည် ချစ်သူမိန်းကလေးဆီကနေ အင်္ဂလိပ်စကားပြောတတ်အောင် လေ့ကျင့်သင်ယူခဲ့ပြီး လစာပိုကောင်းသည့် ဖုန်းခေါ်ဆိုမှုစင်တာတစ်ခုတွင် အလုပ်ပြောင်းလုပ်ခဲ့သည်။

ကောင်လေးသည် သူလုပ်ရသမျှ လစာကို ချစ်သူမိန်းကလေး ကျောင်းစရိတ်အတွက် ထောက်ပံ့ပေးနေခြင်းဖြင့် သူငယ်ချင်းများမှ ဘွဲ့ရပြီးသည်နှင့် ထားခဲ့မှာကိုမကြောက်ပူးလားဟု စနောက်လှောင်ပြောင်ခြင်းများရှိသော်လည်း ဂရုမစိုက်ပဲ အလုပ်ကိုသာကြိုးစားပြီး ထောက်ပံ့ပေးခဲ့သည်။

Hlaing (Love Feeling)

Zawgyi

၄ႏွစ္လုံးလုံး အလုပ္ႀကိဳးစားၿပီး ခ်စ္သူမိန္းကေလးကို ပညာတတ္ဘြဲ႕ရသည္ထိ ေက်ာင္းထားေပးခဲ့ေသာ ေကာင္ေလး

ဖိလစ္ပိုင္ႏိုင္ငံမွ အသက္၂၄ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ မိဘႏွစ္ပါးမွ ေငြေၾကးမတတ္ႏိုင္တာေၾကာင့္ ေက်ာင္းရပ္နားလိုက္ရေတာ့မည့္ ခ်စ္သူမိန္းကေလးကို ၄ႏွစ္တိုင္တိုင္ အလုပ္မ်ားစြာလုပ္ၿပီး ေက်ာင္းထားေပးခဲ့သည္။

ခ်စ္သူမိန္းကေလးသည္ ေမာင္ႏွမသုံးေယာက္ရွိၿပီး မိခင္ျဖစ္သူက ေက်ာင္းဆရာမျဖစ္ကာ ဖခင္ကေတာ့ အင္ဂ်င္နီယာတစ္ဦးအျဖစ္ အသက္ေမြး၀မ္းေက်ာင္း ျပဳခဲ့စဥ္ သားသမီးသုံးေယာက္လုံးက ေက်ာင္းတူတူတက္ေနတာေၾကာင့္ ေက်ာင္းစရိတ္ကို တစ္လုံးတည္း တစ္ၿပိဳင္တည္းေပးရသည့္အခါ စားဝတ္ေနေရးအတြက္ အက်ပ္အတည္းျဖစ္လာရေတာ့သည္။

ထို႔ေၾကာင့္ မိန္းကေလးသည္ အငယ္ဆုံးသမီးျဖစ္သည့္ အေလ်ာက္ တကၠသိုလ္ဆက္မတက္ႏိုင္ေတာ့ပဲ ေက်ာင္းနားထားရေတာ့မည္ျဖစ္ကာ အမ်ားသုံးဂ်စ္ကားေပၚမွာကို ဝမ္းနည္းသည့္စိတ္ေတြက ထိန္းမထားႏိုင္ေတာ့ပဲ ငိုခ်ခဲ့သည္။

ထိုအခ်ိန္တြင္ ခ်စ္သူေကာင္ေလးမွ စိတ္မေကာင္းျဖစ္သြားၿပီး မိန္းကေလးအား ဘြဲ႕ရသည္ထိ သူကိုယ္တိုင္ ေက်ာင္းထားေပးမည္ဟု ဆိုခဲ့ၿပီး အစပိုင္းတြင္ စာပို႔သမားအျဖစ္ အလုပ္ဝင္လုပ္ခဲ့သည္။

ေနာက္ပိုင္းတြင္ ေကာင္ေလးသည္ ခ်စ္သူမိန္းကေလးဆီကေန အဂၤလိပ္စကားေျပာတတ္ေအာင္ ေလ့က်င့္သင္ယူခဲ့ၿပီး လစာပိုေကာင္းသည့္ ဖုန္းေခၚဆိုမႈစင္တာတစ္ခုတြင္ အလုပ္ေျပာင္းလုပ္ခဲ့သည္။

ေကာင္ေလးသည္ သူလုပ္ရသမွ် လစာကို ခ်စ္သူမိန္းကေလး ေက်ာင္းစရိတ္အတြက္ ေထာက္ပံ့ေပးေနျခင္းျဖင့္ သူငယ္ခ်င္းမ်ားမွ ဘြဲ႕ရၿပီးသည္ႏွင့္ ထားခဲ့မွာကိုမေၾကာက္ပူးလားဟု စေနာက္ေလွာင္ေျပာင္ျခင္းမ်ားရွိေသာ္လည္း ဂ႐ုမစိုက္ပဲ အလုပ္ကိုသာႀကိဳးစားၿပီး ေထာက္ပံ့ေပးခဲ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories