မင်္ဂလာပါ။ပူလောင်အိုက်စပ်နေတဲ့ရာသီဥတုကိုတော့ လူတိုင်းမကြိုက်လောက်ပါဘူး။ ရာသီဥတု ပူတာကြောင့် နေရထိုင်ရသက်တောင့်သက်သာမရှိသလို သက်မဲ့အရာတွေကိုတောင် အပူချိန်က ပျက်စီးစေနိုင်ပါတယ်။ရာသီဥတုပူလွန်းတဲ့ အချိန်တွေမှာသာ မြင်တွေ့နိုင်မယ့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁)
အပြင်မှာ ပူနေလို့ သူများတွေက အပြင်သိပ်မထွက်ချင်ကြပေမယ့်
ကိုယ့်ဆီမှာတော့ ဖက်ရှင်အကျဆုံး ဦးထုပ်ကြီးရှိနေတယ်လေ…
(၂)
မဲဘုမ်လ်းမြို့မှာ အပူလှိုင်းဖြတ်စဉ်အချိန်က ခြင်္သေ့တွေအတွက်
ပုံမှန်ကျွေးနေကျ သွေးရည်တွေကို ရေခဲခဲပြီးတောင် ကျွေးရပါတယ်။
(၃)
ကောင်းကင်မှာ ပျံသန်းရင်း အရမ်းပူလာလို့ တစ်ကိုက်လောက်ပဲ ဖြစ်ဖြစ် ကျွေးပါနော်..
မကျွေးရင်လည်း လုစားမယ်။ မရတော့ဘူး..အရမ်းပူနေပြီ။
(၄)
ဒယ်အိုးထဲကို ကြက်ဥခွဲထည့်ခဲ့ပြီး သုံးနာရီအကြာမှာတော့
ကြက်ဥ ဒီလိုဖြစ်သွားတော့တာပါပဲ။
(၅)
အပူလှိုင်းဖြတ်တဲ့အချိန်က ခွေးလေးရဲ့အရုပ်ကိုတောင်
ရေထဲစိမ်ပြီး ရေခဲခဲပေးထားခဲ့ရတယ်လေ
(၆)
ရေကန်ထဲက မထွက်ချင်လောက်အောင် ရာသီဥတု က ပူအိုက်နေပေမယ့်လည်း
အလုပ်ကလည်း မလုပ်မဖြစ် လုပ်ရမယ်ဆိုတော့ ဒီလိုလေး ကြံဖန်လိုက်တာပါ။
(၇)
ရာသီဥတုဒဏ်ကို မခံစားနိုင်တော့ သိုးလေးလည်း
လူကြားထဲမှာရေတွေ လာသောက်နေရပြီပေါ့
(၈)
နွေရာသီမှာ ကောင်မလေးရှိဖို့မလိုဘူး…
အပူဒဏ်ခံနိုင်ဖို့ ပန်ကာတွေအများကြီး ရှိဖို့ပဲ လိုတယ်။
(၉)
အိန္ဒိယက အပူလှိုင်း ဘယ်လောက်တောင်ပြင်းလိုက်သလဲဆိုရင်
ကတ္တရာလမ်းမ အရည်ပျော်သွားလို့ ပုံတောင်ပျက်သွားရတယ်။
(၁၀)
ရေခဲတုံးပေါ်မှာ စိတ်အေးလက်အေးကို အိပ်နေနိုင်တယ်ဆိုတော့
ရာသီဥတုကဘယ်လောက် တောင် ပူပြင်းနေလို့ပါလိမ့်
(၁၁)
ထိုင်းနိုင်ငံမှာ ပူလွန်းလို့ နေ့ခင်း တစ်ရေးတစ်မောအိပ်တာတောင်
ရေခဲတုံးဖက်အိပ်နေတယ်တဲ့လေ
(၁၂)
ရေကန်ထဲ စိမ်ချင်ပေမယ့် ရာသီဥတု ပူလွန်းတာကြောင့်
လူက လှုပ်တောင်မလှုပ်နိုင်တဲ့အခါမှာတော့
(၁၃)
ရာသီဥတု ပူပြင်းတဲ့နေ့က အပူချိန်ကို တိုင်းတာကြည့်လိုက်တာ
၆၇ ဒီဂရီ ဆယ်စီးရက်စ် တောင်ရှိနေတာပဲဖြစ်ပါတယ်။
(၁၄)
ဆိုင်းဘုတ်က စာကို ပြောင်းရမှာတောင် အရမ်းပူလို့ မပြောင်းထားဘူးတဲ့။
သိချင်တာတွေကို အထဲမှာ ဝင်ဖတ်ပါတဲ့။ အေးရောလေနော်။
(၁၅)
အပူလှိုင်းကြောင့် ပူအိုက်နေချိန် ကျောင်းယူနီဖောင်း ဘောင်းဘီအရှည်ကို ယောကျာ်းလေးတွေနဲ့ တစ်နေကုန် ဝတ်ထားဖို့ ခက်ခဲပါတယ်။
ဘောင်းဘီအတိုကျပြန်တော့ ကျောင်းစည်းကမ်းချိုးဖောက်သလိုဖြစ်မှာစိုးလို့ မိန်းကလေးကျောင်းဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြတာပါ။
(၁၆)
အပူချိန်ခန့်မှန်းချက်ကို ကြည့်ပြီး လာမယ့် စနေနေ့ကျရင်
ဘယ်လောက်ပူမယ်ဆိုတာ ခန့်မှန်းလို့တောင် ရမယ်မထင်ဘူး။
(၁၇)
ပန်ကာရှေ့လေးသွားရပ်နေပြီး သူဘယ်လောက်ပူနေကြောင်းကို
အကြည့်လေးနဲ့ အသနားခံနေတဲ့ခွေးလေး
(၁၈)
သြစတေးလျမှာ ရာသီဥတု ပူလွန်းလို့ ရေခဲမုန့်တင် အရည်ပျော်တာမဟုတ်ဘူး..
ရေခဲမုန့်ကားပါ အရည်ပျော်သွားနိုင်တယ်လို့ နမူနာပြထားတာဖြစ်ပါတယ်။
(၁၉)
မုန့်ဖုတ်စက်တွေ ဝယ်ထားပေမယ့်လည်း နေအပူချိန်ကိုတောင် မမှီတော့
မုန့်ဖုတ်စက် ဘာလို့သုံးနေတော့မလဲနော်။
(၂၀)
နေထိုးချက်က လက်တောင်ကျက်သွားနိုင်တယ်။
အရင်ဆုံး လက်အပူမလောင်ဖို့က အရေးကြီးတယ်လေ.
(၂၁)
နွေရာသီအပူချိန်က ဘယ်လောက်ပြင်းသလဲ
မေးရင် ဒီဓာတ်ပုံကို ပြရမှာပါပဲ။
(၂၂)
အလုပ်ကြမ်းလုပ်နေရသူတွေအတွက် ရာသီဥတုပူတာ အတော်လေးဆိုးရွားပါတယ်.။
ရာသီဥတုဒဏ်ကို မခံနိုင်တဲ့အဆုံး မရရအောင် ကြံစည်ရတော့တာပေါ့
(၂၃)
အာရီဇိုးနားမှာ နွေရာသီဆို ပူလွန်းလို့ အပြင်လျှောက်သွားတဲ့ ခွေးလေးတွေရဲ့ ခြေထောက် အပူလောင်သွားနိုင်တယ်လေ…
ဒီအဖြစ်အပျက်ကို ကာကွယ်ဖို့အတွက် ခြေအိတ်လေးတွေ ဖန်တီးပေးထားကြတာဖြစ်ပါတယ်။
(၂၄)
အစကတော့ ရေခဲလာဝယ်တာပဲ ..ရေခဲသေတ္တာဖွင့်လိုက်ချိန်မှာတော့
အအေးဓာတ်ကို ကြိုက်လွန်းလို့ ပြန်တောင်မထွက်ချင်တော့ဘူး။
(၂၅)
နွေရာသီရဲ့အပူချိန်က အဆောက်အဦးထဲမှာထားထားတဲ့ ဖယောင်းတိုင်ကိုတောင်
အခုလိုပျော်ကျသွားစေနိုင်ပါတယ်။
(၂၆)
ရေကန်ထဲဆင်းနေရတာတောင် အပူချိန်ကို အံတုနေရတုန်းပဲဆိုတာ
အကောင်လေးတွေကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။
(၂၇)
အပြင်မှာဆို ပူလိုက်တာ..
ရေခဲသေတ္တာထဲမှာတော့ ဇိမ်ပဲ…
(၂၈)
နေပူကြီးထဲမှာ စိုက်ထူးထားတဲ့ မီးပွိုင့်တောင်
အရည်တွေပျော်ကျကုန်တယ်ဆိုတော့..
မြန်မာနိုင်ငံလို ပူပြင်းတဲ့ ဒေသမှာ နေထိုင်တဲ့သူတွေအနေနဲ့ ဓာတ်ပုံထဲက သူတွေကို စာနာနိုင်လိမ့်မယ်ထင်ပါတယ်။
ဘယ်လိုလဲ နွေရာသီနေရာမှာ ရာသီဥတုတစ်ခုခုကိုသာ အစားထိုးလို့ရမယ်ဆိုရင် ဘာလေး ထားကြည့်ချင်သလဲ။
Ref:Brightside
Creidt-shwenyanshin