အိမ်မွေးတိရိစ္ဆာန်ပေါင်းများစွာရှိကြသည့်အနက် လူသားတို့ဟာ တိရိစ္ဆာန်အချို့ကို နေအိမ်၌ မွေးမြူထားတတ်ကြပါတယ်။အိမ်မွေးတိရိစ္ဆာန်လေးများ၌ ချစ်စဖွယ်ကောင်းသော ပုံစံအမူအရာနှင့် အလေ့အကျင့်များရှိနေတတ်ပါတယ်။
ယခုတွင် မိသားစု၏အိမ်တစ်ခု၌ မွေးထားသော ခွေးကလေးဟာ ဝက်သားတွေကို အလွန်မုန်းတီးသူဟု သိရှိရပါတယ်။သခင်ဖြစ်သူမိသားစုတို့ဟာ ဝက်သားကင်စားကြပြီဆိုတာနဲ့ ခွေးကလေးက စိတ်ဆိုးပြီး သခင်ဖြစ်သူကို ကျောပေးကာ ထိုင်နေတတ်တာဖြစလပါတယ်။
ပုံမှန်အားဖြင့် ခွေးကလေးတွေဟာ အသားများနှင့်အရိုးတွေကို အလွန်ကြိုက်ကြပေမယ့် ယခုခွေးလေးကတော့ လွန်စွာထူးဆန်းနေတာဖြစ်ပါတယ်။ခွေးကလေး၏ အကျင့်ကို သခင်ဖြစ်သူက လိုင်းပေါ်သို့တင်ပြလိုက်သောအခါ လူအများက မယုံနိုင်ဖြစ်နေခဲ့ပြီး အချို့ကလည်း ခွေးကလေး၏စိတ်ဆိုးပုံကို သဘောကျနေကြပါတယ်။
Shoon (Cele Daily)
Zawgyi
သခင်ဖြစ်သူက ဝက်သားကင်စားပြီဆိုတာနဲ့ စိတ်ဆိုးပြီးသခင်ဖြစ်သူနှင့် မျက်နှာချင်းမဆိုင်တော့ဘဲ ကျောပေးကာထိုင်နေတတ်သည့် ခွေးကလေး
Shoon (Cele Daily)