မိခင်ဖြစ်သူပင်ပန်းတာ သက်သာစေရန် ကျောင်းပိတ်ရက်တွေမှာ အိမ်ပြန်ပြီး ကောက်စိုက်ကူခဲ့ရာမှ ချစ်စရာအသွင်အပြင်လေးကြောင့် နာမည်ကြီးလာခဲ့သည့် မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက်၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ငယ်စဥ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့၍ သားအမိနှစ်ယောက်တည်း ကျန်နေခဲ့ရကာ မိခင်ဖြစ်သူမှ သမီးလေးကို ပညာတတ်ကြီးဖြစ်စေချင်၍ လယ်သမားလုပ်ရင်း ကျောင်းထားပေးခဲ့သည်။

မိခင်ဖြစ်သူသည် နေပူမိုးရွာမရှောင် လယ်လုပ်ပြီး ဝင်ငွေရှာနေရသည်ကို သိရှိသော မိန်းကလေးကလည်း စာကိုကြိုးစားသင်ယူပြီး နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်ရခဲ့ကာ ကျောင်းပိတ်ရက်တိုင်း အိမ်ပြန်ပြီး မိခင်ဖြစ်သူကို သက်သာစေဖို့ရာ အလုပ်လုပ်ကူခဲ့သည်။

မိန်းကလေးသည် မြို့ကျောင်းမှာနေလာခဲ့ပေမယ့် ကြီးကျယ်ကာ ရှက်ရွံ့ခြင်းမရှိပဲ လယ်စိုက်ချိန်တွင်လည်း အလုပ်သမားပုံစံပြောင်းကာ လုပ်ကိုင်ခဲ့ပြီး သူငယ်ချင်းနဲ့အတူ ပျော်ပျော်ပါးပါး ဓာတ်ပုံကာ အမှတ်တရအနေနှင့် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

သို့သော်လည်း မိန်းကလေးသည် မိဘကျေးဇူးသိတတ်ပြီး လိမ္မာရေးခြားရှိကာ အလုပ်လုပ်ထား၍ ရွှံ့ဗွက်တွေနဲ့ညစ်ပေနေသောပုံရိပ်လေးသည် အများရဲအာရုံကို ဖမ်းစားနိုင်ခဲ့သည်။

Hlaing (Love Feeling)

Zawgyi

မိခင္ျဖစ္သူပင္ပန္းတာ သက္သာေစရန္ ေက်ာင္းပိတ္ရက္ေတြမွာ အိမ္ျပန္ၿပီး ေကာက္စိုက္ကူခဲ့ရာမွ ခ်စ္စရာအသြင္အျပင္ေလးေၾကာင့္ နာမည္ႀကီးလာခဲ့သည့္ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံမွ အသက္၂၄ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ငယ္စဥ္တည္းက ဖခင္ျဖစ္သူဆုံးပါးသြားခဲ့၍ သားအမိႏွစ္ေယာက္တည္း က်န္ေနခဲ့ရကာ မိခင္ျဖစ္သူမွ သမီးေလးကို ပညာတတ္ႀကီးျဖစ္ေစခ်င္၍ လယ္သမားလုပ္ရင္း ေက်ာင္းထားေပးခဲ့သည္။

မိခင္ျဖစ္သူသည္ ေနပူမိုး႐ြာမေရွာင္ လယ္လုပ္ၿပီး ဝင္ေငြရွာေနရသည္ကို သိရွိေသာ မိန္းကေလးကလည္း စာကိုႀကိဳးစားသင္ယူၿပီး နည္းပညာတကၠသိုလ္တြင္ တက္ေရာက္ခြင့္ရခဲ့ကာ ေက်ာင္းပိတ္ရက္တိုင္း အိမ္ျပန္ၿပီး မိခင္ျဖစ္သူကို သက္သာေစဖို႔ရာ အလုပ္လုပ္ကူခဲ့သည္။

မိန္းကေလးသည္ ၿမိဳ႕ေက်ာင္းမွာေနလာခဲ့ေပမယ့္ ႀကီးက်ယ္ကာ ရွက္႐ြံ႕ျခင္းမရွိပဲ လယ္စိုက္ခ်ိန္တြင္လည္း အလုပ္သမားပုံစံေျပာင္းကာ လုပ္ကိုင္ခဲ့ၿပီး သူငယ္ခ်င္းနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါး ဓာတ္ပုံကာ အမွတ္တရအေနႏွင့္ လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

သို႔ေသာ္လည္း မိန္းကေလးသည္ မိဘေက်းဇူးသိတတ္ၿပီး လိမၼာေရးျခားရွိကာ အလုပ္လုပ္ထား၍ ႐ႊံ႕ဗြက္ေတြနဲ႔ညစ္ေပေနေသာပုံရိပ္ေလးသည္ အမ်ားရဲအာ႐ုံကို ဖမ္းစားႏိုင္ခဲ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories