မင်္ဂလာပါ။ ဒီဇိုင်းဖန်တီးသူတွေဟာ စိတ်ကူးညဏ်ကွန့်မြူးကြလေ့ရှိပါတယ်။ စိတ်ကူးညဏ်ကွန့်မြူးသလောက်ဖန်တီးလိုက်တဲ့ လက်ရာတွေကလည်း ဘယ်သူမှ လိုက်မမှီနိုင်တဲ့ အရာတွေဖြစ်နေပြန်ပါသေးတယ်။
အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကလည်း ဘယ်သူမှ လိုက်တုပလို့ မမှီနိုင်တဲ့ဆံပင်ဒီဇိုင်းအလန်းတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
(၁)
လူတိုင်းက ကိုယ့်ကို စူပါဟီးရိုးတစ်ယောက်လို့
မြင်စေချင်တယ်ဆိုရင်တော့…
(၂)
လီဂိုရုပ်တွေက ဘဝတစ်ခုဖြစ်နေပြီဆိုရင်တော့
ကိုယ့်ကိုကိုယ်လည်း ဒီဇိုင်းတွေ ချိန်းသင့်နေပြီနော်။
(၃)
ခေါင်မိုးပေါ်ကနေ တွဲလဲကျနေတဲ့ ရေခဲပန်းချောင်းလေးတွေ သိတယ်မလား အဲ့ဒီဇိုင်းမျိုးလေးညှပ်ပေးပါ။
အိုခေလေ ရစေရမယ်။
(၄)
ဆံပင်စတိုင်က ဘယ်လိုဖြစ်နေလဲဆိုတာသိချင်တယ်ဆိုရင်
၂ ပုံလုံးကို ပေါင်းသာ ကြည့်လိုက်ပါတော့
(၅)
အီမိုဂျီ အရုပ်ပုံစံလေးတွေ ရသလိုသာ ညှပ်ပေးပါတော့…
အိုခေလေ..ဖြစ်နိုင်တာကို အကောင်းဆုံးညှပ်ပေးလိုက်မယ်။
(၆)
အချိန်ပြည့်ခေါင်းထဲမှာ ပိုက်ဆံအကြောင်းတွေးနေတယ်ဆိုတာကို
ရှင်းပြစရာမလိုဘဲ တန်းသိစေနိုင်မယ့် အလန်းစားဒီဇိုင်း
(၇)
ကတုံးတုံးလိုက်တာက အရမ်းကို ရိုးစင်းတယ်မလား…
စိတ်ဝင်စားဖို့ကောင်းအောင်တော့ ညှပ်ရမှာပေါ့..မဟုတ်လား
(၈)
ဆံပင်အစစ်တွေနဲ့မတူတော့ဘဲ ကွန်ပြူတာဂိမ်းတွေထဲက
ဇာတ်ကောင်များလားတောင်ထင်ရတယ်။
(၉)
၉၀ ခုနှစ်က ဗီဒီယိုဂိမ်းတွေထဲက ဆံပင်ဒီဇိုင်းတွေဟာ
ခုချိန်မှာဆို အဆန်းဆုံး ဒီဇိုင်းပါပဲ။
(၁၀)
တစ်ယောက်ယောက်က သူ့ရဲ့ မျက်နှာပေါ်မှာ
လူကူးမျဉ်းကြားလာဆွဲသွားတာ မဟုတ်ဘူးလား
(၁၁)
ကျွန်တော့်ကို မြင်လိုက်တာနဲ့ ကြံခိုင်တဲ့ သူတစ်ယောက်မှန်းသိအောင် အင်အားကြီးတဲ့ ဆံပင်ဒီဇိုင်းမျိုး ဖန်တီးပေးပါ….
သေချာတာပေါ့..ကျွဲခွေ့ရင် လူတိုင်း ထွက်ပြေးရတာပဲလေ..
(၁၂)
အနောက်နေ လိုက်နှောင့်ယှက်တဲ့သူတွေများလွန်းလို့ စိတ်ညစ်နေရင် ဒီစတိုင်ကိုသာ ချိန်းပစ်လိုက်နော်…
ချက်ချင်းလစ်ပြေးသွားလိမ့်မယ်။
(၁၃)
နှစ်ကိုယ့်တစ်စိတ်ဆိုတာ
ဒါမျိုးကိုပြောတာပဲဖြစ်ရမယ်။
(၁၄)
စတော်ဘယ်ရီကို အကြိုက်ဆုံးလူဖြစ်မယ်ဆိုတာ
မပြောလည်း ခန့်မှန်းမိမယ်ထင်ပါတယ်။
(၁၅)
လူကြီးအရမ်းဖြစ်ချင်နေတဲ့ ကလေးတစ်ယောက်ကို ဒီလိုဆံပင်စတိုင်မျိုးသာ ညှပ်ပေးလိုက်နော်….
လူကြီးဖြစ်လာရင် ဘယ်လောက်ရုပ်ရင့်သွားမလဲ သူသိသွားလိမ့်မယ်။
(၁၆)
ကိုယ့်ကောင်မလေးနဲ့ ဆံပင်ဆင်တူညှပ်ချင်တယ်ဆိုလည်း ဒီစတိုင်လေးကို ရွေးကြပါလို့
အဆင်ပြေတယ်မလား
(၁၇)
ကော်ဖီထဲကို နွားနို့ရောထည့်လိုက်ပြီး
အရောင်ပြောင်းခါစ စတိုင်ပေါ့
(၁၈)
ချုံပုတ်နဲ့ ဆံပင်နဲ့များ မှားနေသလားလို့…
(၁၉)
ဘက်စကတ်ဘောအားကစားကို
အလွန်အမင်း နှစ်သက်သူဆိုတာ သေချာသလောက်ပါပဲ။
(၂၀)
မျက်ခုံးမွှေးလှလွန်းတဲ့ ကောင်မလေးတွေရေ…ဒီမှာကြည့်နော်..သူဆို မျက်ခုံးမွှေးနှစ်ထပ်ထောင်ဖြစ်သွားပြီ.
အားကျမခံ ကိုယ်တွေရော လိုက်လုပ်ကြည့်ကြမလား..သူ့လောက်တော့ ဘယ်ဂေါ်မလဲ။
(၂၁)
ရုပ်က လူမိုက်ပုံပေါက်နေလို့ လူချစ်ခင်လာစေဖို့အတွက်
ချစ်စရာ ဆံပင်ဒီဇိုင်းလေးပေါ့
(၂၂)
အမြင့်ဆုံးကို ပျံသန်းပါမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ လုပ်ထားတဲ့ စတိုင်လား…
(၂၃)
ဘယ်လို..ဘယ်လို..ဘယ်လိုဆံသဆရာက
ဒီလိုတွေ လိုက်ညှပ်နိုင်မလဲ
(၂၄)
တစ်ကယ့်ကြွက်ထင်ပြီး အနောက်ကနေ ချောင်းရိုက်မယ့် ရန်သူတွေကိုတော့
စိတ်ပူရမှာ အသေအချာပဲ။
(၂၅)
ကောင်မလေးတွေသာ တွေ့ရင် လဲကျသွားနိင်လောက်မယ့် ဆံပင်ဒီဇိုင်း..
ဘာလို့ဆို သူ့ဆံပင်နဲ့ ထိုးမိလို့လေ…
(၂၆)
ဘယ်လိုလဲ လိုက်လုပ်ချင်ကြရဲ့လား…
လုပ်ရတာ ခက်မယ့် ဆံပင်ဒီဇိုင်းတစ်မျိုးပါပဲ။
(၂၇)
သူများတွေ ဇာတ်ကောင်ပုံစံတူ လိုက်ဝတ်တာလောက်ကတော့
သူက ပျင်းတာပေါ့
(၂၈)
ဘယ်သူမှာမှ မရှိလောက်သေးတဲ့ ဆံပင်ဒီဇိုင်းမျိုးဖန်တီးပေးပါဆိုလို့
သူနဲ့ လိုက်ဖက်အောင် ညှပ်ပေးလိုက်တာပါ။
(၂၉)
အဆန်းဆုံး ဆံပင်ပုံစံလိုချင်ရင် အစိမ်းရောင်တောက်တဲ့ဖြစ်အောင်လည်း
ဖန်တီးနိုင်ကြတယ်နော်…
(၃၀)
ရုတ်တရက်ကြည့်လိုက်ရင်
ဒါက ဆံပင်လို့တောင် ထင်မှာမဟုတ်ဘူး။
ကဲ…ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေထဲက ပရိသတ်တွေအတွက် အရီရဆုံး ဒီဇိုင်းက ဘယ်နံပါတ်ဖြစ်မလဲ…ကိုယ်တိုင်ရော ဆံသဆရာတွေရဲ့ လက်စွမ်းပြမှုကြောင့် ဆံပင်ပျက်စီးတာမျိုးတွေ ကြုံရဖူးလား..အတွေ့အကြုံတွေ မျှဝေခဲ့ကြပါအုံးနော်။
Ref:Brightside
Credit-shwenyanshin