ခြေထောက်နှစ်ဖက် လက်နှစ်ဖက်အပြင် ပါးစပ်ကိုပါအသုံးပြုပြီး ပန်းချီ၅ကားကို တစ်ပြိုင်တည်းရေးဆွဲနိုင်သည့် အံဖွယ်ပန်းချီဆရာ

လူတိုင်းတွင်တော့ မွေးဖွားလာသည့်အချိန်မှစကာ ခန္ဓာကိုယ်ထဲတွင် တစ်နေနေရာ၌ထူးချွန်စေမည့် ပါရမီများပါဝင်လာတတ်ကြပါတယ်။သို့သော်လည်း လူအများစုကတော့ မိမိ၏ပါရမီနှင့် လုပ်ကိုင်နေရသောအရာတို့မှ လွဲမှားနေခဲ့ပြ အောင်မြင်မှုနှင့်ဝေးကွာနေတာကို မြင်တွေ့နေရပါတယ်။

ယခုတွင်တော့ အလယ်တန်းပြ ပန်းချီဆရာတစ်ဦးအနေဖြင့် အလုပ်လုပ်နေသော အသက်၃၉နှစ်အရွယ် Mohd Saiful Baharom Shahဆိုသည့် ပန်းချီဆရာ၏ ပန်းချီပညာပါရမီဟာ လူတိုင်းကို အံ့အားသင့်စေခဲ့ရပါတယ်။

ထိုဆရာဟာ ခြေထောက်နှစ်ဖက်လုံးနှင့် ပန်းချီရေးဆွဲနိုင်သည့်အပြင် ပါးစပ်နှင့်ပါ လှပသေသပ်အောင် ရေးဆွဲနိုင်ခဲ့သေးတာဖြစ်ပါတယ်။ထိုဆရာ၏ ခြေထောင်နှစ်ဖက် လက်နှစ်ဖက်နှင့် ပါးစပ်ကို တစ်ပြိုင်တည်းအသုံးပြပြီး ပန်းချီကား၅ကားကို ရေးဆွဲပြခဲ့ရာ လူတိုင်းက မယုံနိုင်ဖြစ်နေရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories