တိတိကျကျလုပ်တတ်သူတွေကို စိတ်တိုသွားစေနိုင်တဲ့ ဓာတ်ပုံများ (၂၅)ပုံ

မင်္ဂလာပါ။ ကိစ္စရပ်တွေကို အလုံးစုံပြီးမြောက်အောင်မြင်ဖို့အတွက် ကြိုးစားမှုတွေ လိုအပ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ကြိုးစားအားထုတ်မှုတွေရှိပေမယ့် မတော်တဆ အလွဲလေးတွေကြောင့်လည်း မအောင်မြင်တာတွေ ရှိတတ်ပါတယ်။ အရာရာကို အကွက်ကျကျလုပ်တတ်သူတွေအဖို့ လွဲချော်မှု အသေးလေးတွေကအစ စိတ်တိုဖို့ကောင်းပါတယ်။ ပရိသတ်တွေရော အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကို ကြည့်ရှုပြီးရင် ဘယ်လိုခံစားရတယ်ဆိုတာကို ပြန်ပြောပေးခဲ့ကြပါအုံး။

(၁)

သစ်ပင်တစ်ပင်လို့ ဖြတ်လို့ ပြီးခါနီးမှပဲ လွှစက်က ပျက်စီးသွားတဲ့အခါ…

(၂)

နှင်းခဲနေတဲ့ပုံစံကိုကြည့်ပြီး တစ်ခုခုလိုအပ်သလို ခံစားရတဲ့သူတွေမရှိဘူးလား

(၃)

အခုမှ အသစ်ဖောက်မယ့် မုန့်ထုပ်ထဲမှာ ကိုက်ရာပါလာတာကတော့ စိတ်တိုစရာပါပဲ။

(၄)

ဆွင်းဒွစ်ချ် တစ်ခုလုပ်ဖို့အတွက် ပေါင်မုန့်ရဲ့အလယ်သားက ခုလို အပေါက်ဖြစ်နေရင် အနှောင့်အယှက်တစ်ခုပါပဲ။

(၆)

ဒါက ဘလူးဘယ်ရီဝေဖာပါ…မယုံလို့လား ဘယ်ဘက်ထောင့်က အကွက်ထဲမှာ ဘလူးဘယ်ရီလေးသုတ်ထားတယ်လေ..

(၇)

အချိန်တော်တော်များများပေးပြီး ဆက်ထားတဲ့ ပါဇယ်ကွက်က ပြီးဆုံးသွားခါမှ တစ်ခုပျောက်နေကြောင်းသိလိုက်ရသောအခါ..

(၈)

ချောမွတ်တဲ့မျက်နှာပြင်နဲ့ ကြက်ဥတစ်လုံး ရဖို့အတွက် ကြက်ဥအခွံခွာနည်း သင်တန်းတောင်သွားတက်ရမလားပဲ..

(၉)

အခုလိုမျိုး လူတိုင်းကြုံဖူးလောက်မှာပါ။ အရေးကြီးတဲ့အချိန်မှာဆို ကပ်ကျန်နေတဲ့ စက္ကူတွေကို ပြန်ခွာရတာ အလုပ်တစ်လုပ်..

(၁၀)

Cup Cake စားတိုင်း အောက်ခြေစက္ကူမှာကပ်ပါသွားတဲ့ မုန့်တွေကို နှမြောတတ်တာ ကိုယ်တစ်ယောက်တည်းလား

(၁၁)

တကယ်လို့ အခုမြင်နေရတဲ့ ဖိနပ်စင်ကြီးကို အစအဆုံး ပြန်စီရဖို့ အတွက် ကိုယ်တာဝန်ယူရရင် ဘယ်လိုဖြစ်မလဲ..

(၁၂)

ပလတ်စတစ်အိတ်ထဲမှ ဌက်ပျောသီးခိုင်ကိုဆွဲထုတ်လိုက်တာ အခုလိုမျိုးဖြစ်သွားတာပါပဲ။

(၁၃)

အလယ်တည့်တည့် နေရာမှာမရှိဘဲ အစွန်းဖက်ရောက်နေတဲ့ ရေခဲချောင်း…

(၁၄)

မချက်ပြုတ်တတ်သူတစ်ယောက် မီးဖိုချောင်ထဲ ဝင်သောအခါ

(၁၅)

ဗယ်လင်တိုင်းနေ့မှာ လက်ဆောင်ချောကလက်တော့ ရပါရဲ့…ကိုယ့်လက်ထဲရောက်ချိန်မှာတော့ အခုလိုဖြစ်နေတာပဲ။

(၁၆)

ဒိုးနတ်မုန့်ပေါ်က အချိုခဲလေးတွေက စက္ကူအိတ်ပေါ်မှာ ကပ်ပြီးစားရတာ ကသိကအောင့်ဖြစ်စေတဲ့အခါ

(၁၇)

ဖရဲသီးမုန့်လေးရဲ့ လွဲမှားနေမှုကြီး…

(၁၈)

လက်နှစ်ဘက်နဲ့သေချာ ဆွဲယူတာတောင်မှ ခုလိုမသေမသပ်ဖြစ်သွားတာကတော့…

(၁၉)

အသစ်ဝယ်လာတဲ့ အမဲသားခြောက်ထုပ်ကိုလည်း ကြည့်ပါအုံး…၉၉.၉၉ရာခိုင်နှုန်းက လေတွေချည်းပဲ..

(၂၀)

မုန့်ပို့လာတယ်ဆိုပြီး ဖွင့်အကြည့် ဖုန်းဘူးခွံဆိုတော့ စပရိုက်လုပ်ပြီထင်တာလေ…တကယ့်ကို စပရိုက်ပါပဲ…အထဲမှာ မုန့်ပဲပါလာတယ်။ နှစ်ခါပြန် စပရိုက်ပေါ့

(၂၁)

လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကြွက်သားတွေ အများကြီးကိုပိုင်ဆိုင်နိုင်ပါပြီ…ဖိုတိုရှော့တတ်ရင်ပေါ့

(၂၂)

ဘောလုံးကွင်းထဲ စက်ဝိုင်းဆွဲပေးတဲ့သူမအားသေးလို့ ကိုယ်တိုင်ပဲ ဆွဲလိုက်ကြတာလား..

(၂၃)

ကိုယ်သွားချင်တဲ့ အထပ်ကိုရောက်ဖို့ ဘယ်ခလုတ်ကိုနှိပ်ရမလဲ စဉ်းစားပြီးမှ တက်လို့ရမယ်။

(၂၄)

ရေချိုးခန်းက သေးလို့ ထားစရာတခြားနေရာမရှိတော့လို့ ဖြစ်မှာပါ…

(၂၅)

လမ်းလယ်မျဉ်းကိုကြည့်ပြီး ဖြောင့်ဖြောင့်တန်းတန်းဖြစ်သွားအောင်လို့ ကိုယ်တိုင်သာသွားဆွဲပေးလိုက်ချင်သူတွေရှိလား။

အရာရာကို အစီအစဉ်တကျနဲ့ မလွဲမှားအောင် လုပ်တတ်သူတွေဆိုရင် ဒီဓာတ်ပုံတွေကိုကြည့်ပြီး အူယားနေမှာသေချာပါတယ်။ ဓာတ်ပုံတွေကြည့်ပြီးတဲ့ ပရိသတ်တွေရော ဘယ်လိုနေလဲ..

Ref:Brightside

Credit-celeguru

  • Leave a Comment

Categories