အိမ်မှာတစ်ယောက်တည်းရှိတယ်ဆိုပြီး အထင်သေးကာ ဓားပြလာတိုက်သည့် အမျိုးသားနှစ်ဦးကို ဘေ့စ်ဘောတုတ်ဖြင့်ရိုက်နှက်၍ ဆေးရုံပို့ပေးလိုက်သည့် အသက်၈၇နှစ်အရွယ်အဖွား

လူအချို့ဟုပင်မဆိုနှင့် လူတိုင်းသည် အသက်အရွယ်ကြီးရင့်သူများကို အိုမင်းမစွမ်းဖြစ်နေပြီဆိုပြီး အထင်သေးတတ်ကြပါတယ်။အသက်ကြီးရင့်နေပြီဖြစ်သော အဖိုးအဖွားတို့ထံမှ ပညာဗဟုသုတများဟာ မည်သည့်ငွေကြေးနှင့်မှ ဝယ်ယူ၍ မရနိုင်သော သင်ခန်းစာများဖြစ်ပါတယ်။

ယခုတွင်လည်း အားကောင်းမောင်းသန် လူငယ်အမျိုးသားနှစ်ဦးဟာ အသက်၈၇နှစ်အရွယ်အဖွားကို အထင်သေးပြီး အဖွားအို တစ်ဦးတည်းရှိချိန်တွင် ဓားပြတိုက်ဖို့ကြိုးစားခဲ့ကြခြင်းဖြစ်ပါတယ်။

ထိုအခါ အဖွားအိုဟာလည်း အိမ်ထဲဝင်လာသည့် ဓားပြနှစ်ဦးကို ဘေ့စ်ဘောရိုက်သည့် သံတုတ်ဖြင့် ရိုက်နှက်ပြီး ကောင်းကောင်းပညာပေးလိုက်ရပါတယ်။ဓားပြတိုက်သည့် အမျိုးသားနှစ်ဦးကတော့ အချုပ်ထဲမဝင်ခင် ဆေးရုံအရင်တက်လိုက်ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories